Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် ပြည်သူ့စစ် ၃ ဦး၊ လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

ဟားခါးမြို့တွင် ပြည်သူ့စစ် ၃ ဦး၊ လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

0
By Editor on January 7, 2025 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးသည် လက်နက်များနှင့်အတူ Chinland Defense Force – Hakha ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတော့ဘဲ ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုခြင်းကြောင့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ၎င်းတို့ထံ အလင်းဝင်ရောက်လာကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

လက်နက်များနှင့်အတူ အလင်းဝင်လာကြသော ပြည်သူ့စစ် ၃ ဦးကို ဆုငွေ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း CDF-Hakah က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း၊ လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း CDF-Hakah က အသိပေးချက် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.