• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် သတင်းထောက်တစ်ဦးအပါအဝင် လူငယ် (၅) ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွား

ဟားခါးမြို့တွင် သတင်းထောက်တစ်ဦးအပါအဝင် လူငယ် (၅) ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွား

0
By Editor on March 23, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၂၁ ရက်နေ့ညက သပိတ်ဆင်နွှဲပြီး အပြန်လမ်းတွင် သတင်းထောက်တစ်ဦး အပါအဝင် လူငယ် (၅) ဦးကို စစ်တပ်ကဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဟားခါးမြို့တွင် ယမန်နေ့ညက ဖယောင်းတိုင်းများထွန်းညှိကာ ညသပိတ်ဆန္ဒပြပြုလုပ်ခဲ့ကြပြီးနောက် အပြန်လမ်း စစ်ကောင်စီရုံးရှေ့ဗိုလ်ချုပ်လမ်းမကြီးအား ဖြတ်သန်းသွားလာသူများကို စစ်တပ်က တားဆီးကာ ဖမ်းဆီးရိုက်နှက်ရာတွင် The Chinland Post သတင်းထောက်တစ်ဦးအပါအဝင် လူငယ် (၅) ဦး ရိုက်နှက်ခံခဲ့ရသည်ဟု ဟားခါးဒေသခံတစ်ဦးကေ ပြာသည်။
“ကျွန်တော်တိို့ သိထားတာက မနေ့ည က ၈ နာရီ လောက်ပြန်ကြ တာ စစ်တပ်တွေဖက်က ပြည်နယ်အစိုးရရုံးရှေ့မှာ လမ်းကနေပြီး တားထားပြီးတော့ သူတို့ရဲ့လမ်းကာတဲ့ဟာနဲ့ ကာပြီးတော့ လာသမျှကို သူပြောတော့ အရှေ့ဆုံးကသွား တဲ့ဟာက ၃ယောက်က လွတ်တယ်၊ သူကတော့ ပထဦးဆုံး သူတုုုိ့ကာထားတဲ့ဟာနဲ့ ညှိပြီးတော့ အရိုက်ခံရတာ၊ဆိုင်ကယ် ပေါ်ကနေ ဆင်းတောင်မဆင်းခိုင်းဘဲ တခါတည်းလာရိုက်တာ လို့ပြောတယ်၊ ခေါင်းမှာဆိုတော့ သတိလစ်ပြီးတော့ ခေါင်းမှုး ပြီးပြန်ထလာတော့ သူအပါအဝင် ကျန်တဲ့ ၄ယောက်ရော နောက်ကေ နလိုက်လာတဲ့သူကိုလည်း ဖမ်းတယ် အားလုံး(၅) ယောက်ဖမ်းတာပေါ့၊ သတင်းထောက်ကိုတော့ နာမည်တွေတောင်းထားတယ်၊ ဓာတ်ပုံတွေ ရိုက်တယ်” ဟု ဟားခါးဒေသခံ ကပြောသည်။
အဆိုပါဖမ်းဆီးရိုက်နှက်မှုကြောင့် ဟားခါးမြို့မှ လူငယ်အမြောက်အများ စစ်ကောင်စီရုံးရှေ့သို့ရောက်ရှိလာကြပြီး ဖမ်းဆီးခံ သတင်းထောက်နှင့် လူငယ်များအားပြန်လွှတ်ပေးရန်တောင်းဆိုကာ စစ်ကောင်စီက ညတွင်းချင်းပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
စစ်သားများ၏ ရိုက်နှက်မှုကြောင့် သတင်းထောက်နှင့် လူငယ် ၄ ဦးတို့သည် ဦးခေါင်း၊ ကျော၊ လက်ချောင်းကျိုး စသည့်ဒဏ်များရရှိခဲ့ကြကြောင်းသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ မတ္လ ၂၁ ရက္ေန႔ညက သပိတ္ဆင္ႏႊဲၿပီး အျပန္လမ္းတြင္ သတင္းေထာက္တစ္ဦး အပါအ၀င္ လူငယ္ (၅) ဦးကို စစ္တပ္ကဖမ္းဆီး႐ိုက္ႏွက္မႈျဖစ္ပြားခဲ့သည္ဟု သိရသည္။
ဟားခါးၿမိဳ႕တြင္ ယမန္ေန႔ညက ဖေယာင္းတိုင္းမ်ားထြန္းညွိကာ ညသပိတ္ဆႏၵျပျပဳလုပ္ခဲ့ၾကၿပီးေနာက္ အျပန္လမ္း စစ္ေကာင္စီရံုးေရွ႕ဗိုလ္ခ်ဳပ္လမ္းမႀကီးအား ျဖတ္သန္းသြားလာသူမ်ားကို စစ္တပ္က တားဆီးကာ ဖမ္းဆီး႐ိုက္ႏွက္ရာတြင္ The Chinland Post သတင္းေထာက္တစ္ဦးအပါအ၀င္ လူငယ္ (၅) ဦး႐ိုက္ႏွက္ခံခဲ့ရသည္ဟု ဟားခါးေဒသခံတစ္ဦးကေ ျပာသည္။
“ကြ်န္ေတာ္တိုိ႔ သိထားတာက မေန႔ည က ၈ နာရီ ေလာက္ျပန္ၾက တာ စစ္တပ္ေတြဖက္က ျပည္နယ္အစုိးရရုံးေရွ႕မွာ လမ္းကေနျပီး တားထားျပီးေတာ့ သူတုိ႔ရဲ႕လမ္းကာတဲ့ဟာနဲ႔ ကာျပီးေတာ့ လာသမ်ွကုိ သူေျပာေတာ့ အေရွ႕ဆုံးကသြား တဲ့ဟာက ၃ေယာက္က လြတ္တယ္၊ သူကေတာ့ ပထဦးဆုံး သူတုုုိ႔ကာထားတဲ့ဟာနဲ႔ ညွိျပီးေတာ့ အရုိက္ခံရတာ၊ဆုိင္ကယ္ ေပၚကေန ဆင္းေတာင္မဆင္းခုိင္းဘဲ တခါတည္းလာရုိက္တာ လုိ႔ေျပာတယ္၊ ေခါင္းမွာဆုိေတာ့ သတိလစ္ျပီးေတာ့ ေခါင္းမႈး ျပီးျပန္ထလာေတာ့ သူအပါအဝင္ က်န္တဲ့ ၄ေယာက္ေရာ ေနာက္ကေ နလုိက္လာတဲ့သူကုိလည္း ဖမ္းတယ္ အားလုံး(၅) ေယာက္ဖမ္းတာေပါ့၊ သတင္းေထာက္ကုိေတာ့ နာမည္ေတြေတာင္းထားတယ္၊ ဓာတ္ပုံေတြ ရုိက္တယ္” ဟု ဟားခါးေဒသခံ ကေျပာသည္။
အဆိုပါဖမ္းဆီး႐ိုက္ႏွက္မႈေၾကာင့္ ဟားခါးၿမိဳ႕မွ လူငယ္အေျမာက္အမ်ား စစ္ေကာင္စီရံုးေရွ႕သို႔ေရာက္ရွိလာၾကၿပီး ဖမ္းဆီးခံ သတင္းေထာက္ႏွင့္ လူငယ္မ်ားအားျပန္လႊတ္ေပးရန္ေတာင္းဆိုကာ စစ္ေကာင္စီက ညတြင္းခ်င္းျပန္လႊတ္ေပးခဲ့သည္ဟု ၎ကဆက္ေျပာသည္။
စစ္သားမ်ား၏ ႐ိုက္ႏွက္မႈေၾကာင့္ သတင္းေထာက္ႏွင့္ လူငယ္ ၄ ဦးတို႔သည္ ဦးေခါင္း၊ ေက်ာ၊ လက္ေခ်ာင္းက်ဳိး စသည့္ဒဏ္မ်ားရရွိခဲ့ၾကေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.