• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်၊ကုန်ပစ္စည်းတချို့လည်း ပြတ်လပ်မှုရှိနေ

ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်၊ကုန်ပစ္စည်းတချို့လည်း ပြတ်လပ်မှုရှိနေ

0
By Editor on April 21, 2023 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကားအဝင်အထွက်များမရှိသည့်အတွက် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်နေပြီး ကုန်ပစ္စည်းတချို့မှာပြန်လပ်မှုလည်းရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဟားခါးမြို့သည် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားကုန်များကို ကလေးမြို့မှ အဓိကသယ်ယူလေ့ရှိကြပြီး ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးချီတက်လာခဲ့သည့် အတွက် ကလေး-ဖလမ်း-ဟားခါးလမ်းမကို ယနေ့ချိန်ထိ အသုံးမပြုနိုင်ကြသောကြောင့် ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာနေခြင်းဖြစ်သည်။

ထို့အပြင် ဂန်ဂေါ-ဟားခါးလမ်းသည်လည်း တိုက်ပွဲဖြစ်ပွါးမှုများကြောင့် လမ်းပိတ်ထားပြီး ကုန်တင်ကားများ အဝင်/အထွက်မရှိကြောင်း သိရသည်။

မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းတွင် ကာနန်ဧရာမင်းကော်ချက် ဆန်တစ်အိတ်ကို ၈၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဆန်အသစ် တစ်အိတ်-တစ်သိန်းကျော်၊ ဆန်အဟောင်းတစ်အိတ် – ၁၃၀,၀၀၀ ကျပ်၊ လုံးသွယ်မွှေး၊ ပေါ်ဆန်းမွှေး တစ်အိတ်ကို ၁၄၀,၀၀၀ ကျပ်ဖြင့် တနင်္လာနေ့ကဝယ်ယူခဲ့ရပြီး နောက်တနေ့အင်္ဂါနေ့တွင်မူ ဝယ်ယူရန်ပင် မရှိတော့ကြောင်း ဒေသခံ CDM ဆရာမတစ်ဦးကပြောသည်။

“ဒီလိုဆန်တွေပြတ်လပ်တာက တိုက်ပွဲဖြစ်တယ်၊ လမ်းပိတ်မယ်ဆိုရင်ကို ပိုက်ဆံရှိတဲ့သူတွေက တခါတည်း အများကြီးစု ဝယ်တယ်ပေါ့နော်၊ ပိုက်ဆံမရှိတဲ့သူတွေမှာကျတော့ စားဖို့လောက်ရှိရင် ထပ်မဝယ်နိုင်တော့ဘူးလေ။ ကျွန်မတို့ဆို အခု ဆန်တစ်အိတ်ပဲရှိတယ်၊ လမ်းပြန်ပွင့်သွားမှာပါ ဆိုတဲ့စိတ်နဲ့ နေနေတာပေါ့နော်” ဟု ၎င်းကပြာသည်။

အလားတူ ဟားခါးမြို့တွင် ကြက်သား ငါး စသည်တို့မှာ ဝယ်ယူရန်ပင်မရှိကြောင်းလည်း သိရသည်။

ထို့အပြင် ဟားခါးမြို့ပေါ်ထွက် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ချဉ်ပေါင်၊ အာလူး၊ ဆူးပုတ်၊ ဂေါ်ခါးညွန့် စသည့် ဟင်းသီးဟင်းရွက်များလည်း အဆမတန်ဈေးတက်ပြီး အချိန်တိုင်းဝယ်ယူနိုင်ရန် ခက်ခဲနေကြောင်း အိမ်ရှင်မတစ်ဦးကပြောသည်။

“တစ်နေ့က ဈေးသွားတာ အသားမပြောနဲ့ မနက်စာဟင်းဖို့ ဂေါ်ခါးညွန့်နဲ့ ဆူးပုပ် ၅၀၀၀ ဖိုးဝယ်ခဲ့တာကို လူသုံးယောက် မလောက်တလောက်နဲ့ စားခဲ့ရတယ်” ဟု ၎င်းအိမ်ရှင်မက ပြောသည်။

ယခုလက်ရှိ ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များအပြင် လူတိုင်းအသုံးပြုကြသည့် စက်သုံးဆီ ဈေးလည်း 92 တစ်လီတာ ရေသန့်ဗူး တစ်ဝက်ကျော်ကို ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရပြီး 95 ဓါတ်ဆီကိုတော့ ဝယ်ယူရန်မရှိသော ကြောင့် ဟားခါးမြို့တွင် ဆိုင်ကယ်၊ ကားများ စီးသူနည်းလာပြီး ခြေလျင်သွားလာသူများနေကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်သူများ စားဝတ်နေရေးအပြင် ဒုက္ခမျိုးစုံကြုံတွေ့နေကြရခြင်းသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မတရားစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ဟားခါးမြို့ပေါ်၌ အခွန်ကောက်ခံခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်ခြင်းများ မပြုလုပ်ကြရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူမည်ဟု CDF-Hakha Council က ဧပြီလ ၁၉ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.