(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထားရ်ရပ်ကွက် ခြောက်လမ်းစုံဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ယမန်နေ့ ဇွန်လ ၂၄ ရက်ညမှာ ပစ်ခတ်မူဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနေအိမ်များကို ဓာတ်ဆီလောင်းမီးရှို့ခဲ့ပြီး နေအိမ် (၃) လုံး ပြာကျခဲ့သည်ဟု သိရသည်။
ဟားခါးမြို့ခံတဦးက “အဲ့ရပ်ကွက်မှာ ည ၂ နာရီမှာ စကစဖက်က တအိမ် ချင်းတက်ပြီးတော့ အိမ်တွေမီးရှို့တယ်၊ တချို့က လောင်ပေမယ့် ငြိမ်းသတ်နိုင်ကြတယ်။ (၃) အိမ်ကအ ကုန်လုံးပြာကျသွားတယ်အဲ့အိမ်တွေက လူရှိလား မရှိလား တော့မသိဘူး။ ဒါပေမယ့် တချို့ သူတို့ရှို့တဲ့အိမ်တွေက လူရှိတယ်၊ လူရှိရဲ့သားနဲ့ အကုန်လုံးဓာတ်ဆီနဲ့ အဝတ်ဆုတ်နဲ့ လောင်းပြီးမီးရှို့တာ၊ အဲ့ကလူတွေက အကုန်လောင်မှာစိုးလို့ ပြေးကြတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မူကြောင့် ပြာကျသွားသော နေအိမ် (၃) လုံးမှာ ပျဉ်ထောင်အိမ်ကောင်းများဖြစ်ပြီး ကျန်နေအိမ်များမှာလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားသော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ပြန်သွားပြီးနောက်တွင် ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့အခြေစိုက်သောရုန်းတောင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဟားခါးထာရ်ရပ်ကွက် နေအိမ်တလုံးပေါ်တွင် ကျရောက်ပေါက်ကာ နေအိမ်အတွင်းမှ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။