• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့မှာ တစ်ပါတ်နီးပါး လျှပ်စစ်မီးပျက်နေတာကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်မှု အခက်ကြုံနေ

ဟားခါးမြို့မှာ တစ်ပါတ်နီးပါး လျှပ်စစ်မီးပျက်နေတာကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်မှု အခက်ကြုံနေ

0
By Editor on October 28, 2022 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်မီး တစ်ပါတ်နီးပါး ဆက်တိုက် ပြတ်တောက်နေတာကြောင့် ဒေသခံပြည်သူများ နေထိုင် စားသောက်ရေးမှာ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“အခက်ခဲတော့ များတယ်၊ ထမင်းချက်လို့ အဆင်မပြေဘူး။ ဖုန်းတေပေါ့နော် အားသွင်းလို့မရတော့ သုံးလို့မရတော့ဘူး၊ တကယ်ခက်တယ်။ အများအားဖြင့် မီးမလာလို့ ရေလဲမတင်နိုင်၊ အဝတ်လဲ မလျှော်နိုင်၊ ရေချိုးဖို့တောင်ခက်ခဲနေပြီ အခုချိန်မှာတော့။”လို့ ဒေသခံအိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

ဟားခါးမြို့နဲ့ အနီးတစ်ဝိုက်မှာ မီးပျက်တာအပြင် ကုန်စျေးနှုန်ဒါဏ်ကိုလည်း ခံနေကြရပါတယ်။

ဟားခါးမြို့ရှိ ပြည်သူများအနေဖြင့် မီးမရသည့် အတောအတွင်း ထမင်းဟင်းချက်ရာမှာ မီးသွေးကို အဓိကသုံးကြတာဖြစ်ပြီးတော့ မီးသွေးတစ်အိပ်ဟာ ကျပ်ငွေ တစ်သောင်းခွဲနဲ့ ဝယ်ယူနေရပြီး တစ်ပါတ်မှာ မီးသွေးတစ်အိပ် မလောက်ဘူးလို့လဲ သူကပြောပါတယ်။

အလားတူ ဖယောင်းတိုင်တစ်ထုပ်မှာ ၁၅၀၀ ကျပ်နဲ့ ဝယ်ယူနေကြရတယ် လို့သိရပါတယ်။

လွန်ခဲ့တဲ့ သောကြာနေ့ညမှစပြီး ယနေ့ထိ လျှပ်စစ်မီး ဆက်တိုက် မီးပြတ်တောက်နေတာဖြစ်ပြီး ဘယ်ချိန်မီးပြန်ရနိုင်မယ်ဆိုတာ မသေချာဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဟားခါးမြို့မှာ လျှပ်စစ်မီးပြတ်တောက်ရတဲ့ အကြောင်းရင်းကို အတိကျမသိရပေမယ့်လည်း ဟားခါး-ဂန့်ဂေါ ကားလမ်းမ နီပီးကျေးရွာအနီးမှာ လျှစ်စစ် ဓာတ်အားပေးတာဝါတိုင်များ ပျက်စီးမှု ဖြစ်ပေါ်နေတဲ့အတွက်လို့သိရပြီး ဘယ်အချိန်မှာ မီးပြန်ရမယ်ဆိုတာလည်းမသိရဘူလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.