• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ ကျောဘုတ်စစ်ရေးဂိတ် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးဟုဆို

ဟားခါးမြို့ ကျောဘုတ်စစ်ရေးဂိတ် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးဟုဆို

0
By Editor on October 25, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့အထွက် ကျောဘုတ်စစ်ဆေးရေးဂိတ်ကို CDF-Hakha တပ်ရင်း (၂) Senthang တပ်ဖွဲ့က ယနေ့ နံနက်ပိုင်းကသွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု Senthang Council က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် အောက်တိုဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ဘွန်လုံးကျေးရွာက ကလေးငယ် ၂ ဦးအတွက် လက်စားခြေခြင်းဖြစ်သည်ဟု Senthang Council က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကျောဘုတ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် ကျဆုံးသွားသော ၎င်းတို့တပ်သားများ၏ အလောင်းများကို စစ်ကားကြီးနှစ်စီးနှင့် အသေး ၃ စီးဖြင့် ကောက်ယူသယ်ဆောင်သွားကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲတွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ဟားခါးမြို့နယ် ဘွန်လုံးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးလွှတ်ချခြင်းကြောင်း အသက် ၆ နှစ်အရွယ် KG ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပေါ် ကလဲ့စားခြေတိုက်ခိုက်ခြင်းဖြစ်သည်ဟု Senthang Council က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.