• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးသို့ဝင်လာသည့် ကုန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးတင်းကြပ်

ဟားခါးသို့ဝင်လာသည့် ကုန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးတင်းကြပ်

0
By Editor on August 12, 2021 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရန်ကုန်-မန္တလေး ကားလိုင်းမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့အဝင်ဂိတ်တွင် ရှာဖွေစစ်ဆေးခြင်းများ တင်းကြပ်စွာပြုလုပ်နေသည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဟားခါးအဝင် ဂိတ်မှာ ရန်ကုန်-မန္ထလေးကနေလာတဲ့ကားတွေကို စစ်ဆေးရေးကြမ်းတယ်၊ မန္တလေးကနေ ဒီမနက်ထွက်ရင် ဟားခါးကို ညနေလောက်ရောက်ရမယ့်ကိစ္စကို ဒါပေမယ့် နောက်နေ့ မနက်မှရောက်တာတို့ရှိတယ်၊ အဲ့ဂိတ်မှာ ညအိပ်သွားပြီးစစ်တာ၊ ပစ္စည်းတွေတော်တော်များများကို ချခိုင်းပြီတော့ အသေးစိတ်စစ်တာ၊ ၂-၃ ပတ်လောက်တော့ရှိတော့မယ်၊ အရင်တုန်းက မကြပ်ဘူး၊ အခုကတော့ တော်တော်လေးကို အသေးစိတ်စစ်တာ၊ ပစ္စည်းတွေ တချို့ဟာကို ဂိတ်မှာဖောက်ပြီးတော့ကို စစ်တာ၊ ကားကလည်း နှစ်မျိုးနဲ့ စစ်တာထင်တယ်၊ အိမ်စီးကားတွေကို ခနပဲစစ်ပြီး မြို့ထဲကိုဝင်ခိုင်းတာပေါ့။ အဓိက ကုန်ပစ္စည်းတွေကို တင်တဲ့ကားတွေကိုစစ်တာ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

ဟားခါးမြို့တွင် ယခင်က ကုန်တင်ကားလိုင်းများကို ပုံမှန်ပြေးဆွဲနေပေမယ့် စစ်ကောင်စီတပ်များ၏ တင်းကြပ်စွာ စစ်ဆေးလာမှုကြောင့် လက်ရှိတွင် ရက်သတ္တ ၁ ပတ်တွင် ၂-၃ ကြိမ်သာ ပြေးဆွဲနေရသည့်အပြင် မြို့တွင်းရှိ ဆန်ဆိုင်များတွင်လည်း ဆန်အတင်အချ အရေအတွက်ကို အတိအကျ စာရင်းကောက်ယူမှုများလည်းရှိကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက် ယမန်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်းဖြင့် အိမ်ထောင်စုစာရင်း မှန်/မမှန် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေလည်းရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.