• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးၿမိဳ႕နယ္ ေရြးေကာက္ပဲြေကာ္မရွင္တာ၀န္ရွိသူမ်ားႏွင့္ လူမႈအဖဲြ႕အစည္းမ်ားေတြ႕ဆုံ

ဟားခါးၿမိဳ႕နယ္ ေရြးေကာက္ပဲြေကာ္မရွင္တာ၀န္ရွိသူမ်ားႏွင့္ လူမႈအဖဲြ႕အစည္းမ်ားေတြ႕ဆုံ

0
By Editor on July 10, 2020 Headline

#Zawgyi

By ဒိမ္ – လာမည့္ေရြးေကာက္ပဲြတြင္ ေဒသခံလူထုမ်ားမွ မဲေပးႏိုင္ရန္ႏွင့္ မဲစာရင္းလြယ္လင့္တကူ သိရွိႏုိင္ရန္ကိစၥ ေဆြးေႏြးပဲြကို ဟားခါးၿမိဳ႕နယ္၊ ေရြးေကာက္ပဲြေကာ္မရွင္ႏွင့္ ဟားခါးၿမိဳ႕ရွိ လူမႈအဖဲြ႕အစည္းမ်ား ျပည္နယ္ေရြးေကာက္ပဲြေကာ္မရွင္ရုံးတြင္ ယေန႔ က်င္းပျပဳလုပ္ခဲ့ၾကသည္။

ယင္းေဆြးေႏြးပဲြ တြင္ ျပည္သူလူထုက Hotline စနစ္ျဖင့္ ၎တို႕၏လိုအပ္ခ်က္မ်ား၊ သက္္ဆိုင္ရာ ေရြးေကာက္ပဲြေကာ္မရွင္ထံ တိုက္ရုိက္ဆက္သြယ္ႏိုင္ရန္ေသာ္လည္းေကာင္း၊ Online စနစ္ျဖင့္ မဲဆႏၵရွင္မ်ားမွ နာမည္စာရင္း လြယ္လင့္တကူသိရွိႏုိင္ရန္အတြက္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးခဲ့ၾကသည္။

“က်ေတာ္တို႕ ျပည္သူေတြက မဲစာရင္းထဲမွာ နာမည္ပါ/မပါ ဘယ္လိုလြယ္ကူစြာသင့္ႏိုင္မလဲ၊ မီဒီယာ၊ CSO တို႕နဲ႕ေပါင္းၿပီး ဘယ္လိုလုပ္ေဆာင္သြားမလဲဆိုတာ အဓိကျဖစ္ေနတယ္၊ မဲစာရင္းထဲမွာ နာမည္မပါတဲ့သူကို ဘယ္လိုလြယ္လြယ္နဲ႕ နာမည္ထည့္ႏိုင္မလဲဆိုတာက အေရးႀကီးတယ္” ဟု ခ်င္းျပည္နယ္၊ ေရြးေကာက္ပဲြေကာ္မရွင္အဖဲြ႕ခဲြရုံး အတြင္းေရးမွဴး ဦးလင္းေက်ာ္က ဆိုပါသည္။

မဲစာရင္းကပ္ထားသည့္ေနရာမ်ားတြင္ CSO တာ၀န္ရွိသူမ်ားအေနျဖင့္ တာ၀န္ယူၿပီး တာ၀န္က်ေပးရန္လည္း သေဘာတူၾကပါသည္။

ယခုအခ်ိန္တြင္ ေရြးေကာက္ပဲြက်င္းပမည့္ ရက္မနီးကပ္ေသးသည့္အတြက္ ေရြးေကာက္ပဲြ ေခ်ာေမြ႕စြာ က်င္းပႏိုင္ရန္ႏွင့္ မဲဆႏၵရွင္မ်ားကို မဲေပးစနစ္ ပညာေပးႏိုင္ရန္ အခ်ိန္ရွိေနေသးေၾကာင္း၊ သက္ဆိုင္ရာ ခရိုင္၊ ျပည္နယ္အဆင့္အထိ အဆင့္ဆင့္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဟားၿမိဳ႕ခရုိင္ (ဟားခါးႏွင့္ ထန္တလန္ၿမိဳ႕နယ္) အတြင္း မဲဆႏၵရွင္ ၇၂၄၅၀ ရွိၿပီးျဖစ္ေၾကာင္း ၂၀၂၀ ခုႏွစ္ ဇြန္လ (၃၀) ရက္အထိ ေကာက္ယူသည့္ ဟားခါးခရိုင္ေရြးေကာက္ပဲြေကာ္မရွင္ မွတ္တမ္းတြင္ ေဖၚျပထားသည္။

ခ်င္းျပည္နယ္ သက္ဆိုင္ရာခရိုင္ မဲဆႏၵရွင္မ်ားမွာ – ဖလမ္းခရိုင္ ၃၉၄၁၂၊ မင္းတပ္ခရိုင္ ၃၀၂၃၇၊ မတူပီခရိုင္ ၁၀၃၇၁၀ အသီးသီးရွိေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္ မွတ္တမ္းတြင္ေဖၚျပထားသည္။

သို႕ေသာ္ ယင္းစာရင္းသည္ အတည္မဟုတ္ေသးေၾကာင္း သိရသည္။

ဟားခါးၿမိဳ႕နယ္ ေရြးေကာက္ပဲြေကာ္မရွင္ဥကၠဌ ဦးတလာကီးယိုက “လာမယ့္ေရြးေကာက္ပဲြမွာ ျပည္သူထုအေနနဲ႕ မဲေပးႏိုင္ဖို႕ အတတ္ႏိုင္ဆုံးလုပ္သြားမွာပါ၊ ေရြးေကာက္ပဲြမွာ မဲေပးတာဟာ ကိုယ့္အခြင့္အေရးကို ႏိုင္ငံေတာ္အတြက္နဲ႕ ကိုယ္လူမ်ဳိးအတြက္ အဓိကက်တဲ့ အရာပဲျဖစ္တာေၾကာင့္ မဲကို မျဖစ္မေန ေပးၾကဖို႕ လူထုကိုေျပာခ်င္တယ္” ဟုဆိုပါသည္။

ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က လာမည့္ေရြးေကာက္ပဲြကို ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ (၈) ရက္ေန႕ အျဖစ္သတ္မွတ္ထားၿပီးျဖစ္သည္။

#Unicode

By ဒိမ် – လာမည့်ရွေးကောက်ပွဲတွင် ဒေသခံလူထုများမှ မဲပေးနိုင်ရန်နှင့် မဲစာရင်းလွယ်လင့်တကူ သိရှိနိုင်ရန်ကိစ္စ ဆွေးနွေးပွဲကို ဟားခါးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်နှင့် ဟားခါးမြို့ရှိ လူမှုအဖွဲ့အစည်းများ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ တွင် ပြည်သူလူထုက Hotline စနစ်ဖြင့် ၎င်းတို့၏လိုအပ်ချက်များ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်ဆက်သွယ်နိုင်ရန်သော်လည်းကောင်း၊ Online စနစ်ဖြင့် မဲဆန္ဒရှင်များမှ နာမည်စာရင်း လွယ်လင့်တကူသိရှိနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

“ကျတော်တို့ ပြည်သူတွေက မဲစာရင်းထဲမှာ နာမည်ပါ/မပါ ဘယ်လိုလွယ်ကူစွာသင့်နိုင်မလဲ၊ မီဒီယာ၊ CSO တို့နဲ့ပေါင်းပြီး ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ အဓိကဖြစ်နေတယ်၊ မဲစာရင်းထဲမှာ နာမည်မပါတဲ့သူကို ဘယ်လိုလွယ်လွယ်နဲ့ နာမည်ထည့်နိုင်မလဲဆိုတာက အရေးကြီးတယ်” ဟု ချင်းပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးလင်းကျော်က ဆိုပါသည်။

မဲစာရင်းကပ်ထားသည့်နေရာများတွင် CSO တာဝန်ရှိသူများအနေဖြင့် တာဝန်ယူပြီး တာဝန်ကျပေးရန်လည်း သဘောတူကြပါသည်။

ယခုအချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် ရက်မနီးကပ်သေးသည့်အတွက် ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်များကို မဲပေးစနစ် ပညာပေးနိုင်ရန် အချိန်ရှိနေသေးကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ ပြည်နယ်အဆင့်အထိ အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟားမြို့ခရိုင် (ဟားခါးနှင့် ထန်တလန်မြို့နယ်) အတွင်း မဲဆန္ဒရှင် ၇၂၄၅၀ ရှိပြီးဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်အထိ ကောက်ယူသည့် ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွင် ဖေါ်ပြထားသည်။

ချင်းပြည်နယ် သက်ဆိုင်ရာခရိုင် မဲဆန္ဒရှင်များမှာ – ဖလမ်းခရိုင် ၃၉၄၁၂၊ မင်းတပ်ခရိုင် ၃၀၂၃၇၊ မတူပီခရိုင် ၁၀၃၇၁၀ အသီးသီးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွင်ဖေါ်ပြထားသည်။

သို့သော် ယင်းစာရင်းသည် အတည်မဟုတ်သေးကြောင်း သိရသည်။

ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတလာကီးယိုက “လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူထုအနေနဲ့ မဲပေးနိုင်ဖို့ အတတ်နိုင်ဆုံးလုပ်သွားမှာပါ၊ ရွေးကောက်ပွဲမှာ မဲပေးတာဟာ ကိုယ့်အခွင့်အရေးကို နိုင်ငံတော်အတွက်နဲ့ ကိုယ်လူမျိုးအတွက် အဓိကကျတဲ့ အရာပဲဖြစ်တာကြောင့် မဲကို မဖြစ်မနေ ပေးကြဖို့ လူထုကိုပြောချင်တယ်” ဟုဆိုပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ အဖြစ်သတ်မှတ်ထားပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.