• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးၿမိဳ႕ ႏြယ္ေခ်ာင္းဆည္တည္ေဆာက္မည့္စီမံကိန္း လယ္ေျမပိုင္ရွင္မ်ား လက္မခံ

ဟားခါးၿမိဳ႕ ႏြယ္ေခ်ာင္းဆည္တည္ေဆာက္မည့္စီမံကိန္း လယ္ေျမပိုင္ရွင္မ်ား လက္မခံ

0
By Editor on August 14, 2020 Headline

#Unicode

By Salai Benezer – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ရေပေးဝေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က (Nawi Tidil) နွယ်ချောင်းတွင် ဆည်တည်ဆောက်မည့် စီမံကိန်းအပေါ် မြေပိုင်ရှင်အချိူ့က လက်မခံသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကန့်ကွက်စာပေးပို့ထားသည်ဟု သတင်းရရှိသည်။

နွယ်ချောင်းဆည်် စီမံကိန်းဧရိယာတွင် လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်မြေဧက လေးဆယ်ခန့်ရှိပြီး ဆည်ဆောက်ရန် သဘောမတူသည့် မြေပိုင်ရှင်အချို့ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကန့်ကွက်စာ ပို့ထားသည်ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ် ပါရ်ဟွေးကပြောသည်။

“ဒီဆည်ဆောက်ဖို့အတွက် အစိုးရအနေနဲ့ ကျမတို့ကို လျှော်ကြေးပေးမယ်လို့တော့ပြောတယ်၊ ကျမတို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နေထိုင်ပြီးတော့ ဝမ်းရေးအတွက်လည်း လက်ရှိအချိန်ထိ လယ်လုပ်တဲ့နေရာ ဖြစ်တဲ့အတွက် သူတို့ လျှော်ကြေးပေးရင်လည်း လက်ခံမှာမဟုတ်ဘူး၊ ပြီးတော့ သူတို့က သောက်သုံးရေအတွက်လုပ်မယ်ပြောပေမယ့် နွယ်ချောင်း ရေက သောက်သုံးလို့ရတဲ့အဆင့်ထိ ရှိတယ်လို့မထင်ဘူး၊ မြို့ပတ်လမ်းလုပ်ဖို့ လမ်းဖောက်တော့လည်း နွယ်ချောင်းရဲ့ ရေအရင်းအမြစ်တွေတော်တော်များများ ပျက်စီးသွားတဲ့အတွက် ခုဆို မိုးရွာသီမှာတောင် ရေကနည်းနည်းဘဲ စီးတော့တယ်” ဟု ဒေါ် ပါရ်ဟွေးကပြောသည်။

လူဦရေ ၅ သောင်းကျော်ရှိသည့် ဟားခါးမြို့နယ်တွင် မြို့ပေါ်နေလူဦးရေသည် ၃ သောင်းခွဲခန့်ရှိပြီး ဆက်လက်တိုးလာဖွယ်ရှိသည့်အတွက် မြို့နေပြည်သူများ သောက်သုံးရေလုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် နွယ်ချောင်းဆည်စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟုု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“မြို့ပေါ်မှာက လူဉီးရေများလာတယ် နယ်ကလည်းလာတယ် အခြားဒေသကလည်းလာတယ်၊ လူဉီးရေများလာတာမှာ တောင်ပေါ်ဒေသမှာက ရေအခက်အခဲဖြစ်တာပေါ့၊ အခုလဲ လူတွေက ရေလိုတယ်ဆိုပြီးတော့ အခက်အခဲကိုဘဲပြောနေကြတာ၊ ရေရဖို့အတွက် ကန့်ကွက်တာကျတော့လည်း ကန့်ကွက်နေကြတယ်၊ ကျနော်တို့ကတော့ ဒီကန်လုပ်လိုက်ရင် အကျိုးအပြစ် စဉ်းစားရင် အကျိုးတော်တော်များမှာပါ” ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

နွယ်ချောင်းဆည်တည်ဆောက်ရေးစီမံကိန်းကို သုံးနှစ်စီမံကိန်းဖြင့် ငွေကျပ် ၁၀ ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအစအနေဖြင့် ငွေကျပ် ၂ ဘီလီယံ အသုံးပြုထားကြောင်း စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့သည် ဟားခါးမြို့ရေပေးဝေရေးအတွက်ဟုဆိုကာ သီမြစ်ရေလှောင်တမံစီမံကိန်းကိုလည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မှ စတင်ကာ တည်ဆောက်ခဲ့သော်လည်း ယခုအချိန်ထိ အပြည့်အဝပြီးစီးနိုင်ခြင်းမရှိသည့်အပြင် ယခုကဲ့သို့ စီမံကိန်းအသစ် ထပ်မံဆောင်ရွက်မည့်အပေါ် ဒေသခံအချို့က ဝေဖန်နေကြသည်။

နွယ်ချောင်းဆည် တည်ဆောက်မည့်အပေါ် ဟားခါးမြို့ခံ ဆလိုင်းဆန်နှင်းလျန်က “ နွယ်ချောင်းရဲ့ ရေအရင်းအမြစ်က ဟားခါးမှာနေတဲ့သူဆိုရင် အကုန်သိတယ်၊ များသောအားဖြင့် မြို့ထဲကို စီးဆင်းနေတဲ့ ချောင်းအငယ်လေးတွေက စီးပြီးတော့ နွယ် ချောင်းမှာ သွားစုတာဖြစ်တယ်၊ အဲဒီတော့ မြို့ထဲက အမှိုက် အညစ်အကြေးတွေ အများကြီးပါလာနိုင်တယ်၊ ဒါကစဉ်းစားစရာတစ်ခုပေါ့၊ ပြီးတော့ ဒီလိုမျိုးကိစ္စမျိုးက ရှိလေ့ရှိထ မရှိတဲ့ဟာဖြစ်တယ်၊ တောင်ပေါ် ပင်လယ်ရေမျက်နှာပြင်အမြင့် ၆၀၀၀ လောက်မှာ ရေစုထားတာက ဘာတွေဆိုးကျိုးကြုံနိုင်လဲ? ဘေးပတ်ဝန်းကျင်ထိခိုက်နိုင်မလား? ပြည်သူလူထုအတွက် ဘယ်လောက်ထိ အသုံးဝင်နိုင်မလဲ? ဟားခါးမြို့အတွက်ရော ဆိုးကျိုးရှိနိုင်လားဆိုတဲ့အချက်တွေကိုလည်း သေချာစဉ်းစားပြီးမှ လုပ်သင့်တယ်လို့မြင့်တယ်”ဟု ပြောသည်။

ဟားခါးမြို့အနီးတွင် စီးဆင်းနေသည့် နွယ်ချောင်းတွင် ဆည်တည်ဆောက်ရေး စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက စီစဉ်ခဲ့ကြသော်လည် အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ဘဲ ယခုမှသာ စီမံကိန်းအကောင်အ ထည်ဖော်လာကြခြင်းဖြစ်သည်။

#Zawgyi

By Salai Benezer – ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕ ေရေပးေဝေရးအတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕က (Nawi Tidil) ႏြယ္ေခ်ာင္းတြင္ ဆည္တည္ေဆာက္မည့္ စီမံကိန္းအေပၚ ေျမပိုင္ရွင္အခ်ိဴ႕က လက္မခံသျဖင့္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထံ ကန႔္ကြက္စာေပးပို႔ထားသည္ဟု သတင္းရရွိသည္။

ႏြယ္ေခ်ာင္းဆည္္ စီမံကိန္းဧရိယာတြင္ လက္ရွိ စိုက္ပ်ိဳးလုပ္ကိုင္ေနသည့္ လယ္ေျမဧက ေလးဆယ္ခန႔္ရွိၿပီး ဆည္ေဆာက္ရန္ သေဘာမတူသည့္ ေျမပိုင္ရွင္အခ်ိဳ႕ စုေပါင္းၿပီး နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ကန႔္ကြက္စာ ပို႔ထားသည္ဟု လယ္ပိုင္ရွင္တစ္ဦးျဖစ္သည့္ ေဒၚ ပါရ္ေဟြးကေျပာသည္။

“ဒီဆည္ေဆာက္ဖို႔အတြက္ အစိုးရအေနနဲ႔ က်မတို႔ကို ေလၽွာ္ေၾကးေပးမယ္လို႔ေတာ့ေျပာတယ္၊ က်မတို႔ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ေနထိုင္ၿပီးေတာ့ ဝမ္းေရးအတြက္လည္း လက္ရွိအခ်ိန္ထိ လယ္လုပ္တဲ့ေနရာ ျဖစ္တဲ့အတြက္ သူတို႔ ေလၽွာ္ေၾကးေပးရင္လည္း လက္ခံမွာမဟုတ္ဘူး၊ ၿပီးေတာ့ သူတို႔က ေသာက္သုံးေရအတြက္လုပ္မယ္ေျပာေပမယ့္ ႏြယ္ေခ်ာင္း ေရက ေသာက္သုံးလို႔ရတဲ့အဆင့္ထိ ရွိတယ္လို႔မထင္ဘူး၊ ၿမိဳ႕ပတ္လမ္းလုပ္ဖို႔ လမ္းေဖာက္ေတာ့လည္း ႏြယ္ေခ်ာင္းရဲ့ ေရအရင္းအျမစ္ေတြေတာ္ေတာ္မ်ားမ်ား ပ်က္စီးသြားတဲ့အတြက္ ခုဆို မိုးရြာသီမွာေတာင္ ေရကနည္းနည္းဘဲ စီးေတာ့တယ္” ဟု ေဒၚ ပါရ္ေဟြးကေျပာသည္။

လူဦေရ ၅ ေသာင္းေက်ာ္ရွိသည့္ ဟားခါးၿမိဳ႕နယ္တြင္ ၿမိဳ႕ေပၚေနလူဦးေရသည္ ၃ ေသာင္းခြဲခန႔္ရွိၿပီး ဆက္လက္တိုးလာဖြယ္ရွိသည့္အတြက္ ၿမိဳ႕ေနျပည္သူမ်ား ေသာက္သုံးေရလုံလုံေလာက္ေလာက္ ရရွိနိုင္ေရးအတြက္ ႏြယ္ေခ်ာင္းဆည္စီမံကိန္းကို အေကာင္အထည္ေဖာ္ရျခင္းျဖစ္သည္ဟုု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္ဝန္ႀကီးဦးစိုးထက္ကေျပာသည္။

“ၿမိဳ႕ေပၚမွာက လူဉီးေရမ်ားလာတယ္ နယ္ကလည္းလာတယ္ အျခားေဒသကလည္းလာတယ္၊ လူဉီးေရမ်ားလာတာမွာ ေတာင္ေပၚေဒသမွာက ေရအခက္အခဲျဖစ္တာေပါ့၊ အခုလဲ လူေတြက ေရလိုတယ္ဆိုၿပီးေတာ့ အခက္အခဲကိုဘဲေျပာေနၾကတာ၊ ေရရဖို႔အတြက္ ကန႔္ကြက္တာက်ေတာ့လည္း ကန႔္ကြက္ေနၾကတယ္၊ က်ေနာ္တို႔ကေတာ့ ဒီကန္လုပ္လိုက္ရင္ အက်ိဳးအျပစ္ စဥ္းစားရင္ အက်ိဳးေတာ္ေတာ္မ်ားမွာပါ” ဟု စည္ပင္ဝန္ႀကီး ဉီးစိုးထက္ကေျပာသည္။

ႏြယ္ေခ်ာင္းဆည္တည္ေဆာက္ေရးစီမံကိန္းကို သုံးႏွစ္စီမံကိန္းျဖင့္ ေငြက်ပ္ ၁၀ ဘီလီယံေက်ာ္ အသုံးျပဳသြားမည္ျဖစ္ၿပီး လက္ရွိ ဘ႑ာေရးႏွစ္တြင္ စီမံကိန္းအစအေနျဖင့္ ေငြက်ပ္ ၂ ဘီလီယံ အသုံးျပဳထားေၾကာင္း စည္ပင္ဝန္ႀကီး ဉီးစိုးထက္ကေျပာသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕သည္ ဟားခါးၿမိဳ႕ေရေပးေဝေရးအတြက္ဟုဆိုကာ သီျမစ္ေရေလွာင္တမံစီမံကိန္းကိုလည္း ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္ မွ စတင္ကာ တည္ေဆာက္ခဲ့ေသာ္လည္း ယခုအခ်ိန္ထိ အျပည့္အဝၿပီးစီးနိုင္ျခင္းမရွိသည့္အျပင္ ယခုကဲ့သို႔ စီမံကိန္းအသစ္ ထပ္မံေဆာင္ရြက္မည့္အေပၚ ေဒသခံအခ်ိဳ႕က ေဝဖန္ေနၾကသည္။

ႏြယ္ေခ်ာင္းဆည္ တည္ေဆာက္မည့္အေပၚ ဟားခါးၿမိဳ႕ခံ ဆလိုင္းဆန္ႏွင္းလ်န္က “ ႏြယ္ေခ်ာင္းရဲ့ ေရအရင္းအျမစ္က ဟားခါးမွာေနတဲ့သူဆိုရင္ အကုန္သိတယ္၊ မ်ားေသာအားျဖင့္ ၿမိဳ႕ထဲကို စီးဆင္းေနတဲ့ ေခ်ာင္းအငယ္ေလးေတြက စီးၿပီးေတာ့ ႏြယ္ ေခ်ာင္းမွာ သြားစုတာျဖစ္တယ္၊ အဲဒီေတာ့ ၿမိဳ႕ထဲက အမွိုက္ အညစ္အေၾကးေတြ အမ်ားႀကီးပါလာနိုင္တယ္၊ ဒါကစဥ္းစားစရာတစ္ခုေပါ့၊ ၿပီးေတာ့ ဒီလိုမ်ိဳးကိစၥမ်ိဳးက ရွိေလ့ရွိထ မရွိတဲ့ဟာျဖစ္တယ္၊ ေတာင္ေပၚ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္ ၆၀၀၀ ေလာက္မွာ ေရစုထားတာက ဘာေတြဆိုးက်ိဳးၾကဳံနိုင္လဲ? ေဘးပတ္ဝန္းက်င္ထိခိုက္နိုင္မလား? ျပည္သူလူထုအတြက္ ဘယ္ေလာက္ထိ အသုံးဝင္နိုင္မလဲ? ဟားခါးၿမိဳ႕အတြက္ေရာ ဆိုးက်ိဳးရွိနိုင္လားဆိုတဲ့အခ်က္ေတြကိုလည္း ေသခ်ာစဥ္းစားၿပီးမွ လုပ္သင့္တယ္လို႔ျမင့္တယ္”ဟု ေျပာသည္။

ဟားခါးၿမိဳ႕အနီးတြင္ စီးဆင္းေနသည့္ ႏြယ္ေခ်ာင္းတြင္ ဆည္တည္ေဆာက္ေရး စီမံကိန္းကို လြန္ခဲ့သည့္ ၂၀၀၉ ခုႏွစ္ကတည္းက စီစဥ္ခဲ့ၾကေသာ္လည္ အေကာင္အထည္ေဖာ္နိုင္ျခင္းမရွိခဲ့ဘဲ ယခုမွသာ စီမံကိန္းအေကာင္အ ထည္ေဖာ္လာၾကျခင္းျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.