• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အင္တာနက္လိုင္းျဖတ္ေတာက္ခံရမႈေၾကာင့္ ပလက္၀ျပည္သူမ်ား သတင္းအခ်က္ရရွိမႈ အခက္အခဲျဖစ္ေန

အင္တာနက္လိုင္းျဖတ္ေတာက္ခံရမႈေၾကာင့္ ပလက္၀ျပည္သူမ်ား သတင္းအခ်က္ရရွိမႈ အခက္အခဲျဖစ္ေန

0
By Editor on October 31, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ယနေ့ချိန်ထိ ပိတ်ပင်ထားသည့် အတွက် ရွေးကောက်ပွဲ၊ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များအချိန်မှီသိရှိမှုပိုင်းတွင် အခက်အခဲဖြစ်နေကြ သည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်ရှိ ချင်းအမျိူးသမီးအဖွဲ့မှဦးဆောင်သူတစ်ဦးက “ အခုအင်တာနက်ကလည်း မရတော့ ဘာသတင်းတွေမှ လည်းမသိရဘူး၊ အဆက်အသွယ်လည်းလုပ်လို့မရတော့ဘူး ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေ လည်းမသိရဘူး၊ ရွေးကောက်ပွဲ ကိစ္စတွေလည်း ဘာမှမသိရဘူး’’ ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်မက်ဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် (၈) မြို့နယ် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ (၂၁) ရက်နေ့ကစ၍ ဆက်သွယ်ရေး အင်တာနက်လိုင်းများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး ယခုလက်ရှိတွင် အင်တာနက် 4G ကွန်ယက်အပြည့်အဝမရရှိဘဲ 2G ကွန်ယက်အဆင့်သာဖွင့်ပေးသော်လည်း အသုံးပြု၍အဆင်မပြေကြောင်းသိရသည်။

ချင်းစစ်ဘေးရှောင်ကူညီးရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) မှ ဒေါ်နန်းဝေက “ သတင်းအချက်အလက် တွေမရနိုင်တော့ဘူး အစိုးရဌာနကအလုပ်ခေါ်စာတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက အလုပ်ခေါ်စာတွေထုတ်တဲ့ အခါမှာ သတင်းအချက်အလက်မသိရတော့ဘူး Access to Information မဖြစ်တော့ဘူး၊ ကိုဗစ်နိုင်တင်းအချက်အ လက်တွေ၊ အချိန်မီမသိရှိနိုင်တော့ဘူး” ဟုပြောသည်။

အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခြင်းသည် ပြည်သူလူထုအား သတင်းအမှောင်ချခြင်းဖြစ်သည့်အပြင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ သိရှိပိုင်ခွင့်ကို ချိူးဖောက်ရာရောက်သည့်အတွက် အမြန်ဆုံးပြန်လည်ဖွင့်ပေးသင့်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ Field Director ဆလိုင်းတေရကပြောသည်။

“တကယ်ဆိုရင် ဒီလိုအင်တာနက်ဖြတ်တောက်တာက ပြည်သူတွေကို သတင်းအမှောင်ချတာဖြစ်တယ် ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေရဲ့ သတင်းရယူမှု ပြီးတော့ ပြည်သူတွေဆီက သတင်းပြန်လည်သိရှိမှုတွေကို ဆက်ပိတ်ပင်တဲ့သဘောဖြစ်နေတော့ သူတို့ရဲ့သတင်းသိရှိပိုင်ခွင့်၊ ပြောဆိုခွင့်တွေဆုံးရှုံးတာဖြစ်တယ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် ပညာပေးဆိုင်ရာမှာလည်း အဓိကတော့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချိူးဖောက်ခံရတာဖြစ်တယ်” ဟု ဆလိုင်းတေရကပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းပိတ်ပင်မှုသည် တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်၍ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့ရပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ အစိုးရမှ ပြန်လည်ဖွင့်လှစ်ခြင်းမရှိကြောင်း သိရသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ား ယေန႔ခိ်န္ထိ ပိတ္ပင္ထားသည့္ အတြက္ ေရြးေကာက္ပြဲ၊ ကိုဗစ္-၁၉ ဆိုင္ရာ သတင္းအခ်က္အလက္မ်ားအခ်ိန္မွီသိရွိမႈပိုင္းတြင္ အခက္အခဲျဖစ္ေနၾက သည္ဟု သိရသည္။ 

ပလက္၀ၿမိဳ႕ေပၚရွိ ခ်င္းအမ်ဴိးသမီးအဖြဲ႔မွဦးေဆာင္သူတစ္ဦးက “ အခုအင္တာနက္ကလည္း မရေတာ့ ဘာသတင္းေတြမွ လည္းမသိရဘူး၊ အဆက္အသြယ္လည္းလုပ္လို႔မရေတာ့ဘူး ကို႐ိုနာဗိုင္းရပ္စ္ကိစၥေတြ လည္းမသိရဘူး၊ ေရြးေကာက္ပြဲ ကိစၥေတြလည္း ဘာမွမသိရဘူး’’ ဟု ေျပာသည္။ 

ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ AA တို႔ စစ္မက္ျဖစ္ပြားရာေဒသ ရခိုင္ျပည္နယ္ (၈) ၿမိဳ႕နယ္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇြန္လိုင္လ (၂၁) ရက္ေန႔ကစ၍ ဆက္သြယ္ေရး အင္တာနက္လိုင္းမ်ားကို အစိုးရက ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

ပလက္ဝၿမိဳ႕နယ္သည္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း MPT ေအာ္ပေရတာကတ္မ်ားကို အဓိကအသံုးျပဳေနၾကၿပီး ယခုလက္ရွိတြင္ အင္တာနက္ 4G ကြန္ယက္အျပည့္အ၀မရရွိဘဲ 2G ကြန္ယက္အဆင့္သာဖြင့္ေပးေသာ္လည္း အသံုးျပဳ၍အဆင္မေျပေၾကာင္းသိရသည္။

ခ်င္းစစ္ေဘးေရွာင္ကူညီးေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ (RRCCI) မွ ေဒၚနန္းေ၀က “ သတင္းအခ်က္အလက္ ေတြမရႏိုင္ေတာ့ဘူး အစိုးရဌာနကအလုပ္ေခၚစာေတြ၊ အစိုးရမဟုတ္တဲ့အဖြဲ႔အစည္းေတြက အလုပ္ေခၚစာေတြထုတ္တဲ့ အခါမွာ သတင္းအခ်က္အလက္မသိရေတာ့ဘူး Access to Information မျဖစ္ေတာ့ဘူး၊ ကိုဗစ္ႏိုင္တင္းအခ်က္အ လက္ေတြ၊ အခ်ိန္မီမသိရွိႏိုင္ေတာ့ဘူး” ဟုေျပာသည္။ 

အင္တာနက္အသံုးျပဳခြင့္ ပိတ္ပင္ျခင္းသည္ ျပည္သူလူထုအား သတင္းအေမွာင္ခ်ျခင္းျဖစ္သည့္အျပင္ လြတ္လပ္စြာေျပာဆိုပိုင္ခြင့္၊ သိရွိပိုင္ခြင့္ကို ခ်ဴိးေဖာက္ရာေရာက္သည့္အတြက္ အျမန္ဆံုးျပန္လည္ဖြင့္ေပးသင့္သည္ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႔၏ Field Director ဆလိုင္းေတရကေျပာသည္။ 

“တကယ္ဆိုရင္ ဒီလိုအင္တာနက္ျဖတ္ေတာက္တာက ျပည္သူေတြကို သတင္းအေမွာင္ခ်တာျဖစ္တယ္ ဘာျဖစ္လို႔လဲဆိုရင္ ျပည္သူေတြရဲ႕ သတင္းရယူမႈ ၿပီးေတာ့ ျပည္သူေတြဆီက သတင္းျပန္လည္သိရွိမႈေတြကို ဆက္ပိတ္ပင္တဲ့သေဘာျဖစ္ေနေတာ့ သူတို႔ရဲ႕သတင္းသိရွိပိုင္ခြင့္၊ ေျပာဆိုခြင့္ေတြဆံုးရံႈးတာျဖစ္တယ္၊ က်န္းမာေရးပဲျဖစ္ျဖစ္ ပညာေရးပဲျဖစ္ျဖစ္ ပညာေပးဆိုင္ရာမွာလည္း အဓိကေတာ့ လြတ္လပ္စြာေျပာဆိုပိုင္ခြင့္ကို ခ်ဴိးေဖာက္ခံရတာျဖစ္တယ္” ဟု ဆလိုင္းေတရကေျပာသည္။ 

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ဆက္သြယ္ေရး အင္တာနက္လိုင္းပိတ္ပင္မႈသည္ တစ္ႏွစ္ေက်ာ္ၾကာျမင့္ၿပီျဖစ္၍ ကမာၻ႕အရွည္ၾကာဆံုး အင္တာနက္ပိတ္ပင္မႈအျဖစ္ စံခ်ိန္တင္ခဲ့ရၿပီး ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ားမွ အင္တာနက္လိုင္းျပန္ဖြင့္ေပးရန္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ၿပီးျဖစ္ေသာ္လည္း ယေန႔အခ်ိန္ထိ အစိုးရမွ ျပန္လည္ဖြင့္လွစ္ျခင္းမရွိေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.