Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်းမြို့မှ ထောက်ပို့ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို ACDF နှင့် PDF ပူးပေါင်းတိုက်ခိုက်

အမ်းမြို့မှ ထောက်ပို့ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို ACDF နှင့် PDF ပူးပေါင်းတိုက်ခိုက်

0
By Editor on October 30, 2024 Headline

|| စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာများရရှိ

(006SV)

မကွေး- ရခိုင်နယ်စပ်၊ ငဖဲမြို့နယ် အမ်း- ပဒါန်းလမ်းပိုင်းတွင် အမ်းမြို့ဘက် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာများရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်၊ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာလ ၂၈ ရက်က မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်း လမ်းပိုင်းတွင် အမ်းမြို့နယ်ဘက်မှ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီစစ်ကား ၂ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် အင်အား ၄၀ ခန့် ပါဝင်သည့် ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ် မင်းဘူးခရိုင်တပ်ရင်း – ၂ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။

“ပဒါန်းနဲ့ အမ်းဘက်ကို ရိက္ခာပို့ပြီးတော့ ပြန်လာတယ်။ အဲဒါကို သတင်းရလို့ ကျနော်တို့ မဟာမိတ် ၂ ဖွဲ့က ကင်းပုန်းစောင့်တယ်။ ခြုံခိုတိုက်ခိုက်ခဲ့တာမှာ မျက်မြင်ကိုယ်တွေ့ သေတာတွေလည်းရှိတယ်။ ဒဏ်ရာအများအပြား ရတာတွေလည်းရှိတယ်” ဟု ACDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်းအတိအကျ ရရှိထားသည့် စစ်ယာဉ်တန်းကို အမ်း- ပဒါန်းကားလမ်းမဘေးရှိ စပ်စီကျေးရွာအနီး ဝက်စာကျင်းလမ်းဆုံတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ACDF က အောက်တိုဘာလ ၃၀ ရက် ယနေ့ရက်စွဲဖြင့် လည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြှင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ များပြားခဲ့သော်လည်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းမှ တပ်ဖွဲ့များသည် မည်သည့်တပ်ရင်းမှ ဖြစ်သည်ကို မသိရသေးသော်လည်း လက်နက်အသုံးပြုတိုက်ခိုက်မှုအခြေအနေအရ ကပစတပ်စခန်းများမှဖြစ်နိုင်ကြောင်း ယင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

အမ်း- ပဒါန်လမ်းပိုင်းတွင် အောက်တိုဘာလ ၂၈ ရက်က ယင်းသို့ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အမ်းမြို့နယ်သို့ ထောက်ပို့သွားသော စစ်ကောင်စီ ယာဉ် ၁ စီးသည် တိုက်ခိုက်ခံရမည်ကို စိုးရိမ်းသောကြောင့် ကားကို အရှိမ်မြန်မြန်ဖြင့် မောင်းနှင်ရာ အောက်တိုဘာလ ၂၉ ရက် ညပိုင်းက အမ်း- ပဒါန်း တောင်ပေါ်လမ်းတစ်နေရာတွင် ချောက်ထဲကျသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၆ ဦးခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း၊ သေဆုံး အလောင်း များကို စစ်ကောင်စီမှလာရောက်၍ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို အာရက္ခတပ်တော် AA/ ULA နှင့် မဟာမိတ်ပူးပေါင်းတပ်များက အပြီးသတ် သိမ်းနိုင်ရေး ထိုးစစ်ဆင်နေချိန်တွင် စစ်ကောင်စီသည် မကွေးတိုင်းဘက်၊ ပဒါန်းမှ အမ်းဘက်ကို ထောက်ပို့ရေး လမ်းကြောင်းအဖြစ် အသုံးပြုနေကြောင်း သိရသည်။

အမ်း – ပဒါန်းလမ်းပေါ်တွင် တိုက်ပွဲများ အချိန်မရွေး ထပ်မံဖြစ်ပွားနိုင်သောကြောင့် ဒေသခံပြည်သူများ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.