• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး
Crd- BBC Burmese

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

0
By Editor on February 2, 2023 Headline

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ နဲ့အညီ နိုင်ငံတဝန်း အရေးပေါ်အခြေအနေကာလကို ‌၂၀၂၃ ခုနှစ် ဖေဖော်ဝါ ၁ ရက်နေ့ကစပြီး နောက်ထပ် ၆ လ ထပ်မံတိုးမြှင့် ခွင့်ပြုလိုက်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ (စစ်ကောင်စီ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထပ်မံအပ်နှင်းလိုက်တယ်လို့ ကာ/လုံအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

အရေးပေါ်ကာလကို သက်တမ်းတိုးပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးရင် သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အခြေခံဥပဒေပုဒ်မ ၄၁၉ အရတော့ နိုင်ငံအာဏာကို ကာကွယ်ရေးဦးစီးချုပ်က ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်နဲ့ဖြစ်စေ လွှဲအပ်ကျင့်သုံး နိုင်တယ်လို့ ပါရှိထားပါတယ်။

ကာလုံ အစည်းအဝေးမှာ အရေးပေါ်ကာလအတွင်း စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ရဲ့ လုပ်ဆောင်မှုတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဓိကထားတင်ပြခဲ့ပြီး အခု လက်ရှိအချိန်ဟာ သာမန်မဟုတ်တဲ့အခြေအနေလို့ ကာ/လုံအစည်အဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ကာလုံအစည်းအဝေးမှာ CRPH၊ NUG နဲ့ PDF တို့ကို အကြမ်းဖက်သမားတွေလို့ ရည်ညွှန်းပြောဆိုထားပြီး သတ်ဖြတ်မှု၊ ဗုံးခွဲတိုက်ခိုက်မှု၊ လက်နက်ကိုင် ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

အရေးပေါ်ကာလကို ၆ လ ၂ ကြိမ် တိုးမြှင့်ပြီးဖြစ်ပေမယ့် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အချိန်လိုအပ်ချက်၊ မဲစာရင်းမှန်ကန်မှု၊ လုံခြုံရေးအကြောင်းပြချက် စတဲ့အရာတွေကို စစ်ခေါင်းဆောင်က တင်ပြပြီး နောက်ထပ် ၆ လ ထပ်မံ တိုးမြှင့်တောင်းဆိုခဲ့တာပါ။

အခုလို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးမြှင့်တာကလည်း အခြေခံဥ‌ပဒေအရ ကိုက်ညီမှုရှိတယ်လို့ ဖွဲ့စည်းပုံအခြေခံဥ‌ပဒေခုံရုံးက အကြောင်းပြန်ခဲ့တယ်လို့ ကာ/လုံအစည်းအဝေး သတင်းဖော်ပြအပြီးမှာ စစ်ကောင်စီရုပ်သံက ထုတ်ပြန်ခဲ့ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.