Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အရေးပေါ်သတင်း အမေရိကန်စစ်စခန်းကိုရုရှားကဗုံးကျဲပြီ ဆိုတဲ့သတင်းအမှား

အရေးပေါ်သတင်း အမေရိကန်စစ်စခန်းကိုရုရှားကဗုံးကျဲပြီ ဆိုတဲ့သတင်းအမှား

0
By Editor on June 21, 2022 Khonumthung

ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ အကောင့်ကနေ ဇွန်လ ၂၀ ရက်နေ့က “အရေးပေါ်သတင်း” ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းအမှားမှာရေးသာဖော်ပြထားတာက “ရုရှားက ဆီးရီးယားမှာတပ်စွဲထားတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက အမေရိကန် စစ်အခြေစိုက်စခန်းကို ဗုံးကျဲမတိုက်ခိုက်ခင် ‘ဟျောင့်တွေ သေမှာကြောက်ရင် မြေအောက်ထဲဝင်ထား။ မင်းတို့တပ်စခန်းကို ငါတို့ဗုံးကျဲတော့မယ်’ လို့ ရုရှားလေတပ်က ကြိုတင်သတိပေးခဲ့ပါတယ်၊ အမေရိကန်စစ်သားတွေလည်း သေမှာကြောက်လို့မြေအောက် ပေ ၆၀ လောက်အနက်ထိ တူးထားတဲ့ ထိမ်းချုပ်ရေးစခန်းထဲကို ဝင်ပြေးပြီး ရုရှားတိုက်လေယာဉ်တွေကို ပစ်ချဖို့ အဆင့်မြင့်နည်းပညာတွေနဲ့ စောင့်နေခဲ့ကြပါတယ်။”

“အဲ့ဒီအချိန်မှာဘဲ ရုရှားတိုက်လေယာဉ်အုပ်စုဟာအမေရိကန် အခြေစိုက်စခန်းပေါ်တည့်တည့်ကို ဗုံးတလုံးစီကျဲချခဲ့တဲ့အတွက် အမေရိကန်တို့ရဲ့စစ်လက်နက်အများအပြား ပျက်ဆီးခဲ့ပါတယ်။ စစ်သားတယောက်မှ မသေဘူးလို့ အမေရိကန်ကကြေညာပေမယ့် ရုရှားစစ်တပ်ကတော့ စစ်ယာဉ်တွေမှာ စောင့်နေတဲ့အမေရိကန်စစ်သား ၂၀ ကျော်သေတယ်လို့ ဆိုပါတယ်။ ဒါဟာ ရန်စတာဘဲလို့ အမေရိကန်ဗိုလ်ချုပ်ကြီးတွေက တုန့်ပြန်ပါတယ်၊”

“အခြေစိုက်စခန်းမှာ အမေရိကန်စစ်သား ၂၀၀ လောက်ရှိတယ်လို့ ရုရှားကပြောပါတယ်။ အမေရိကန်ရေဒါတွေကဘဲသုံးစားမရတာလားရုရှားနည်းပညာကဘဲမြင့်လွန်းတာလားဆိုတာ အမေရိကန်တွေ မခွဲခြားတတ်ဘဲ ဖြစ်စဉ်ကို အပြန်ပြန်အလှန်လှန် ပင်တဂွန်က မေးနေသည့်အတွက် ဆီးရီးယားမှာ တာဝန်ကျနေတဲ့အမေရိကန် စစ်တပ်က ဒေါသထွက် နေကြောင်း ဆီးရီးယားသတင်းတွေမှာ ရေးသားနေကြပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ဝင်တိုက်ခဲ့ပြီးချိန်ထဲက ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ နေတိုးတပ်ဖွဲ့ဟာ အခုလည်း ဥရောပကောင်းကင်မှာ ကင်းလှည့်နေရင်း သူတို့လေယာဉ်တွေအနားကို အန္တရာယ်ရှိနိုင်လောက်အောင် နီးနီးလေးကပ်ပြီးပျံလာခဲ့တဲ့ ရုရှားတိုက်လေယာဉ်တွေနဲ့ ကြုံရပြန်တဲ့ဖြစ်စဉ်မျိုး ဇွန် ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Link>>>https://fb.watch/dN2DBPVrbM/

ဒါပေမယ့် ရုရှားက ဆီးရီးယားမှာတပ်စွဲထားတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းမျိုးကို ဘယ်သတင်းဌာနကြီးမှာမှ ရှာမတွေ့ပါဘူး။ ဖော်ပြထားတာလည်းမရှိပါဘူး။

အဲ့သတင်းအမှားကို စစ်အောင် ဆိုတဲ့အကောင့်အပြင် San Thein၊ မိုးတိမ်၊ Thuthu Koko၊ ရဲရင့်၊ သီဟသူရမျိုးအောင်၊ Myint Khin၊ အတိုင်ပင်ခံ အထက်က နော်ခမ်၊ U Lay Kyi၊ လင်းယုန်၊ Lau Hon Meng စတဲ့အကောင့်တွေမှာ ရေးသာဖော်ထားတာဖြစ်ပြီး Like & React စုစုပေါင်း 1K ရှိပြီး ပြန်လည်မျှဝေသူပေါင်း ရာကျော်ရှိတဲ့ ပိုစ်တစ်ခုဖြစ်ပါတယ်။

စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာယုံကြည်ပြီး ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.