• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုး ၁၇၁ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၁၂ ဦး လွတ်မြောက်ပြီဖြစ်ကြောင်း CHRO ထုတ်ပြန်

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုး ၁၇၁ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၁၂ ဦး လွတ်မြောက်ပြီဖြစ်ကြောင်း CHRO ထုတ်ပြန်

0
By Editor on April 3, 2021 Headline
Benezer – မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ တစ်ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် အဖမ်းဆီးခံရသည့် ချင်းလူမျိုး ၁၇၁ ဦး ရှိခဲ့ပြီး ၁၁၂ ဦး ပြန်လည်လွတ်မြောက်ကာ ၅၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO)၏ ထုတ်ပြန်ချက်အရသိရသည်။
လွတ်မြောက်ခြင်းမရှိသေးသည့် ၅၉ ဦး တွင် ၁၁ ဦးမှာ ပုဒ်မတပ်အမှုအဖွင့်အရေးယူခံရပြီး ၄၈ ဦးမှာ ရုံးထုတ်ရန် စောင့်ဆိုင်းနေရပြီး ပုဒ်မတပ် အရေးယူခံရသည့် တစ်ဝက်ခန့်မှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်းသိရသည်။
ချင်းလူ့အခွင့်အရေး (CHRO) ၏ အမှုဆောင်ညွန်ကြားရေးမှူး Salai Bawi Lian Mang က “ ဒီရက်ပိုင်းအတွင်းမှာ တရားဥပဒေမဲ့စွာ မလိုအပ်ပဲနဲ့လက်နက်အားကိုးပြီး အရပ်သားပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ အကန့်အသတ်မဲ့လှုပ်ရှားမှုတွေ၊ လမ်းပေါ်မှာတွေ့သမျှဖမ်းဆီးချုပ်နှောင်မှုတွေလုပ်ဆောင်တဲ့ အပေါ်မှာ မိမိတို့အနေနဲ့ အလွန်အမင်းစိုးရိမ်မိတယ်’’ ဟု ပြောသည်။
အဖမ်းခံရသူများထဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ၉ ဦး၊ ရွေးကောက်ပွဲကော်မရှင်မှ ၂၅ဦး၊ CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင် ၇ ဦး အရပ်သား ၁၃၀ အဖမ်းခံခဲ့ရပြီး အဖမ်းခံရစဉ်တွင် အများစုမှာ ရိုက်နှက်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း CHRO ကပြောသည်။
ဧပြီလ ၁ ရက်နေ့ ယမန်နေ့တွင်လည်း ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ မြို့တွင်းလှည့်လည်ကာ လမ်းမဘေးရှိ နေအိမ်များမှ CCTV တပ်ဆင်ထားသည့် အိမ်များရှိ CCTV များအား ရိုက်နှက် ဖျက်ဆီးပြီး အနည်းဆုံး ၆ ဦး ဖမ်းဆီးခဲ့ကာ အချို့မှာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် ခေါင်းဆောင်များ၊ ဆန္ဒဖော်ထုတ်ခဲ့သူများ နှင့် CDM ဝင်သည့် ဝန်ထမ်း စုစုပေါင်း ၂၃ ဦးအား ဖမ်ဝရမ်းထုတ်ထားသည်ဟုလည်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.