ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ သူရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား အစိုးရထံကနေ မတရားအာဏာသိမ်းယူခဲ့ ပြီး စစ်အာဏာရှင်စနစ်ပြန်လည်ဖော်ဆောင်နေမှုအပေါ် ရေငုံနှုတ်ပိတ်နေခဲ့တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီက အပစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှု၊ လူနေအိမ်မီးရှို့မှု စတဲ့ စစ်ရာဇဝတ်မှုတွေအကြိမ်ကြိမ်ကျူးလွန်မှုအပေါ် ကုလသမဂ္ဂ၊ အမေရိ ကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အပြင်းအထန်ဝေဖန်ကန့်ကွက်နေကြသလို အရေးယူပိတ်ဆို့မှု တွေလည်း လုပ်ဆောင်နေတဲ့ ယနေ့လိုကာလမျိုးမှာ အိန္ဒိယအစိုးရကတော့ စစ်ကောင်စီနဲ့ ဖက်လဲတကင်းရှိ နေပြီး သံတမန်နည်းနဲ့ဖြစ်စေ စစ်ရေးအရဖြစ်စေကူညီထောက်ပံ့မှုတွေလုပ်ဆောင်နေတာတွေ့မြင့်နေရပါတယ်။
ဒီလိုအခြေနေမျိုးမှာ အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို သံတမန်းနည်းအရဖြစ်စေ စစ်ရေးအကူအညီပေး အပ်မှုတွေရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ဒီမိုကရေစီအင် အားစုတွေကို အကူအညီတွေအပေးအပ်ဖို့ အိန္ဒိယနိုင်ငံထဲမှာ တောင်းဆိုလှုပ်ရှားမှုတွေလည်းရှိလာနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံကအရပ်ဖက်အဖွဲ့အစည်းပေါင်း (၁၈၀) ကျော်က လက်မှတ်ရေး ထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့ အစည်း တွေကို ပေးအပ်ခဲ့ကြပါတယ်။ ဘာကြောင့်အခုလိုပေးအပ်ရတာပါလဲ။ အဓိက ဘာတွေတောင်းဆိုထားတာပါလဲ။ မြန်မာနိုင်ငံအပေါ် အိန္ဒိယရဲ့ရပ်တည်ချက်ကဘယ်လိုရှိပါသလဲ။ အိန္ဒိယဟာ မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့ အတွက် ဘယ်လောက်ထိအရေးပါပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီအိတ်ဖွင့် ပေးစာကို ဦးဆောင်ပေး အပ်ခဲ့တဲ့ India for Myanmar အဖွဲ့က ဦးဆောင်သူဆလိုင်းဒိုခါရ်ကို ဆက်သွယ်မေး မြန်းထားပါတယ်။
မေး။ ။ အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေထံ အိတ်ဖွင့်ပေးစာပေးအပ်ရတဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးပြောပြစေလိုပါတယ်။
ဖြေ။ ။ အဓိကတော့ လက်ရှိအိန္ဒိယနိုင်ငံအစိုးရဟာ စစ်ကောင်စီကိုထောက်ခံနေတဲ့ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသောအိမ်နီးချင်း ဒီမိုကရေစီနိုင်ငံလည်းဖြစ်တယ်၊ ဒါပေမယ့် လက်ရှိသူတို့ရဲ့ ရပ်တည်ချက်က စကစ နင့် ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့တော်လှန်ရေးအင်အားစု ကို လုံးဝလျစ်လျူရှုနေတယ်တောက်လျှောက်ပဲ၊ အခုလောလောလတ်လတ်မှာတောင်မှ သူတို့သံအမတ်ကြီး တွေက စကစ တာဝန်ရှိသူတွေကို သွားတွေ့တဲ့ဟာတွေတောင်ထပ်ရှိလာတယ်။ ဆိုတော့ ဒါမျိုးတွေကို ကျွန်ပ်တို့အနေနဲ့ အိန္ဒိယအစိုးရကို တိုက်ရိုက်ပြောနေရင်လည်း သူတို့ကဘယ်တုန်းကမှနားမထောင်ခဲ့ဘူး၊ သူတို့နားထဲမဝင်ဘူး။
ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူ့နိုင်ငံမှာနေထိုင်တဲ့ပြည်သူတွေထံကနေ အကူညီရတယ်ဆိုရင် သူတို့ရဲ့အကူညီနဲ့ အိန္ဒိယအစိုးရကိုဖိအားပေးမယ်ဆိုရင် လက်ရှိအိန္ဒိယအစိုးရလည်း ရက်တည်ချက်အပြောင်းအလဲရှိမယ်လားဆိုတဲ့မျော်လင့်ချက်နဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူကနေပေါက်ပွားလာတဲ့ အိန္ဒိယနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေကို ကျွန်ပ်တို့ အကူညီတောင်းတဲ့ပုံစံနဲ့တောင်းဆိုရတာဖြစ်ပါတယ်။
မေး။ ။ အဓိက ဘာအကြောင်းအရာကိုတောင်းဆိုခဲ့ကြလဲ။
ဖြေ။ ။ အဓိက ကျွန်ပ်တို့တောင်းဆိုတာ အချက်လေးချက်ပါပါတယ်၊ ပထမ အချက်ကတော့ အိန္ဒိယနိုင်ငံ ပြည်သူများအနေနင့် မြန်မာနိုင်ငံပြည်သူတွေနဲ့ အတူရပ်တည်ပေးဖို့၊ ဒုတိယ ချက်အနေနဲ့ အိန္ဒိယစိုးရအနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ အသိမှတ်ပြုနေတဲ့ဟာ၊ နောက်ပြီးတော့မှ လက်နက်တွေ ပံ့ပို့ပေးနေတဲ့ဟာ တွေကို ရပ်တန့်ပေးဖို့ ဖိအားပေး ပေးဖို့ဆိုတဲ့ဟာ။ နောက် တတိယ အချက်အနေနဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု လုပ်ဆောင်ပေးဖို့ဆိုတဲ့ဟာရယ်၊ စတုတ္ထ အချက်ကတော့ ဘာလဲဆိုရင် လူသားချင်းစာနာ ထောက်ထားမှုကို အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပို့ပေးဖို့ဆိုတဲ့ အချက်လေးချက်ကို တောင်းဆိုထားပါတယ်။
မေး။ ။အိန္ဒိယရဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ရပ်တည်ချက်အပေါ် ဆရာ့ရဲ့အမြင်သိချင်ပါတယ်။
ဖြေ။ ။အဓိကတာ့ အန္ဒိယရဲ့ လက်ရှိ မြန်မာ့ဒီမိုကရေစီလုပ်ရှားမှုအပေါ်ရပ်တည်ချက်ကိုတော့ လုံးဝအားရမှု မရှိဘူး၊ အားရမှုမရှိတာကြောင့် အိန္ဒိယနိုင်ငံမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေနဲ့ နိုင်ငံရေးပါတီကို အကူညီတောင်ပြီးတော့မှ သူတို့အစိုးရကို ဖိအားပေး ပေးဖို့ဆိုတဲ့တောင်းဆိုချက်ကို ကျွန်ပ်တို့လုပ်ရတာဖြစ်တ ယ်။ ဆိုတော့ ပြန်ချုပ်ရရင် လက်ရှိအိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ဟာ အင်မတန်စိတ်ပျက်စရာကောင်းတဲ့ အနေထားဖြစ်တယ်။ စစ်ကောင်စီ လုပ်သမျှကို ထောက်ခံအားပေးနေတဲ့ပုံစံဖြစ်တယ်၊ ကျွန်ပ်တို့ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ပြည်သူတွေဘက်ဆိုရင်တော့ အသံတစ်ခါမှ မထွက်ဖူးဘူးလို့တောင်ပြောလို့ရတယ်။
မေး။ ။ အိန္ဒိယနိုင်ငံဟာ ယခုလက်ရှိ တော်လှန်ရေးအတွက် ဘယ်လောက်ထိအရေးပါလဲ။
ဖြေ။ ။ အိန္ဒိယက ရှင်းရှင်းပြောမယ်ဆိုရင် တော်လှန်ရေးအတွက်ဆိုရင် မြန်မာနိုင်ငံအတွက် အရေးပါဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိန္ဒိယနိုင်ငံက ကျွန်ပ်တို့မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဒီမိုကေ ရစီနိင်ငံ တစ်နိုင်ငံဖြစ်သလို နယ်နိမိတ်ချင်းထိစပ်တဲ့နိုင်ငံဖြစ်တဲ့အခါကြတော့ နိုင်ငံရေးခိုလုံမှုသော်လည်း ကောင်း၊ နောက်ပြီးမှ တစ်ဖက်တစ်လမ်းအနေနင့် ဒီလက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့သူတွေအတွက် လက်နက်ရှာဖွေရေးပိုင်းမှာလည်း တကယ်လို့သာ အိန္ဒိယဘက်ကနေလည်း မားမားမတ်မတ် ကျွန်ပ်တို့နင့် ရပ်တည်ပေးမယ်ဆိုရင်တော့ လက်နက်စုဆောင်းရတာလည်း အင်မတန်မှ ပိုလွယ်တဲ့အနေအထားဖြစ်တယ် ဆိုတော့ ကျွန်တော်အနေနင့် သုံးသပ်ချင်တာက မြေပြင်တော်လှန်ရေးအတွက်ဆိုရင် အိန္ဒိယနိုင်ငံဟာ အရေးပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတဲ့ဟာပဲပြောချင်တယ်။ တစ်ခြား သံတမန်နည်းလမ်းနင့်ဆိုရင် US နင့် EU တို့ အရေးတော့ကြီးတယ် ဒါပေမဲ့ မြေပြင်တော်လှန်ရေးကို အိန္ဒိယက မားမားမတ်မတ်ရပ်တည်ပေး တယ်ဆိုရင်တော့ တော်လှန်ရေးက အချန်တိုတွင်းမှာ အောင်မြင်နိုင်လိမ့်မယ်လို့လည်းကျွန်တော် ယုံကြည်တယ်။
မေး။ ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် အိန္ဒိယက ဘာတွေလုပ်ပေးနိုင်လဲ။
ဖြေ။ ။ ဒီမြေပြင်တော်လှန်ရေးအင်အားစုတွေ ကူညီမှုတွေ လုပ်ပေးနိုင်တယ်၊ လူသားစာနာထောက်ထားမှု တွေပေးနိုင်တယ် နောက်ပြီးတော့မှ အိန္ဒိယနိုင်ငံဟာမျိုးတွေမှာ ကျွန်ပ်တို့တွေ ရုံးစိုက်ခွင့်ပေးပြီးမှ ဒီမြန်မာနိုင်ငံ တော်လှန်ရေးကိုအရှန်မြင့်တင်အောင် လုပ်ပေးနိုင်ပါတယ်။ အများကြီးပါပဲ အိန္ဒိယကသာ လက်ရှိအချိန်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ဘက်ကနေ ပါပေးတယ်ဆိုရင်တော့ အိန္ဒိယဟာ ပထဝီ ရေမြေအနေအထားအရသော်လည်းကောင်း၊ သူတို့ရဲ့ ကြီးမားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်မှုအပေါ်အခြေခံပြီးတော့ ကျွန်ပ်တို့ မြန်မာနိင်ငံ မြေပြင်တော်လှန်ရေးကိုတော့ အိန္ဒိယလောက် ကူညီပေးနိုင်တဲ့နိုင်ငံ ကျွန်ပ်တို့မှာ မရှိပါဘူးလို့ပဲ ကျွန်တော်ပြောချင်တယ်။
မေး။ ။ အိန္ဒိယနဲ့ စစ်ကောင်စီအကြားလက်ရှိဆက်ဆံရေးအခြေအနေပေါ်မှာကော် ဆရာ့အမြင်သိချင်ပါတယ်။
ဖြေ။ ။ အိန္ဒိယ – မြန်မာဆက်ဆံရေးက တရုတ်နဲ့ မြန်မာဆက်ဆံရေးလိုပဲ အရမ်းကိုနီးကပ်လွန်းတဲ့ ဆက်ဆံရေးဖြစ်တယ်။ ကျွန်တော့အမြင်ပြောမယ်ဆိုရင်တော့ လက်ရှိတော်လှန်ရေး အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ အိန္ဒိယ နဲ့ စကစ ဆက်ဆံရေးဟာ တရုတ် နဲ့ စကစ ဆက်ဆံရေးထက်တောင်ပိုပြီးတော့မှ ကောင်းနေတဲ့ အခြေနေပုံစံမျိုးဖြစ်နေတယ်။ မြေပြင်မှာဆိုရင်တော့ ဥပမာ သံတမန်ရေးအရ စကစကို တရားဝင်မှုပေးတာမျိုး၊ သံအမတ်ကြီးတွေ ခန့်အပ်လွှာတွေပေးတာတို့ နောက်ပြီးတော့မှ စကစကို သူတို့ သံအမတ်ကြီးတွေက မကြာခဏတွေ့တာတို့ နောက်ပြီးမှ ရွေးကောက်ပွဲဟာမျိုးကို ထောက်ခံမှုပေးတယ်ဆိုတဲ့ဟာမျိုးတွေ သူတို့တစိုက်မတ်မတ်လုပ်တယ်။
နောက်ပြီးမှ လူသားချင်းစာနာထောက်ထားမှုလုပ်သမျှဆိုရင် စကစကနေ တဆင့်လုပ်တယ်။ ဆိုတော့ လက်ရှိ အနေနဲ့ဆိုရင် အိန္ဒိယ နဲ့ မြန်မာနိုင်ငံဆက်ဆံရေးဟာ အင်မတန်မှ သံတမန်ရေးအရ အိန္ဒိယက ကူညီပေးတဲ့ ဟာရှိတယ်။ နောက် ဒုတိယအချက်အနေနင့် ဘာလဲဆိုတော့ အိန္ဒိယအစိုးရအနေနင့် စကစကို စစ်လက်နက်တွေ ပုံမှန်ရောင်းနေတဲ့ဟာတွေရှိနေတယ်။ ဆိုတော့ ပြန်ချုပ်ပြောရရင် အိန္ဒိယက စစ်တပ်ကို သံတမန်ရေးအရရော လက်နက်ပံ့ပို့ပေးမှုအရကော အခုချိန်မှာ အာဏာသိမ်းမှုပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း အများဆုံး စကစကို ကူညီတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
မေး။ ။ စစ်ရာဇဝတ်မှုတွေကျူူးလွန်နေတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်သလို စစ်ကောင်စီဘက်ကို ဘာကြောင့် အိန္ဒိယက ရပ်တည်နေရတာပါလဲ။
ဖြေ။ ။ အဓိကတော့လက်ရှိ အိန္ဒိယရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ဆိုင်ပါတယ်၊ နိုင်ငံခြားရေးမူဝါဒ ဆိုတာက အခုအိန္ဒိယက ကြားနေမူဝါဒကို ကိုင်ဆွဲထားတဲ့ပုံစံနဲ့ သူတို့ ချဉ်းကပ်တယ်၊ ဥပမာ ရာရှားကိစ္စဟာမျိုး ဆိုရင်လည်း သူကကြားနေပဲ၊ မဲလည်းမပေးဘူး။ စစ်ကောင်စီနဲ့ ပတ်သက်ပြီး UN မှာ မဲပေးတဲ့နေရာမျိုးမှာ ဆိုရင်လည်း အိန္ဒိယက ကြားနေပုံစံမျိုးဖြစ်နေတယ်။ ဒါပေမဲ့ လက်ရှိအခြေနေအရ အိန္ဒိယနိုင်ငံရဲ့ စကစကို ကူညီမှုတွေက ကြားနေတဲ့မှုဟုတ်လားဆိုရင်လည်း မဟုတ်ပြန်ဘူး၊ မြန်မာနိုင်ငံပြည်သူတွေကို ဘေးဖယ်ပြီး တော့မှ စကစနင့်နီးကပ်နေတယ်ဆိုတော့ ကျွန်တော့်အမြင်ကတော့ အိန္ဒိယအနေနင့် စကစ ကို တရုတ်နဲ့ အပြိုင်ဖားပြီးတော့မှ မြန်မာနိုင်ငံရဲ့ အာဏာရအစိုးရကို လွမ်းမိုးနိုင်ရေးမူကို ချဉ်းကပ်နေတဲ့ပုံစံမျိုးဖြစ်နေ တယ်။ တရုတ်က အိန္ဒိယနဲ့ တကယ့်ပြိုင်ဘက်နိုင်ငံတွေဖြစ်တော့ မြန်မာနိုင်ငံတွေအနေနဲ့လည်း နယ်နမိတ်ခြင်း ထိစပ်တဲ့ နိုင်ငံဖြစ်နေတဲ့အခါကြတော့ သူတို့က စကစကို ကူညီပံ့ပိုးပြီးတော့မှ သူတို့နဲ့ နီးစပ်အောင်လုပ်ပြီး တော့မှ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေးသြဇာတည်ဆောက်နိုင်အောင် သူတို့ကြိုး စားနေကြတယ်လို့ ကျွန်တော်သုံးသပ်ချင်တယ်။
မေး။ ။ ခုဆိုရင် စစ်ဘေးရှောင်သောင်းနဲ့ချီပြီး အိန္ဒိယ မီဇိုရမ်ဘက်ကိုရောက်ရှိနေကြတယ်။ဒီအပေါ်မှာ အိန္ဒိယအစိုးရက အကူညီပေးတာတွေမတွေ့ရဘူး။ ဒီအပေါ်မှာကော် ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ။ ။ အဓိကတော့ အိန္ဒိက သူတို့နိုင်ငံသားတွေတောင်မှ ငတ်ပြတ်နေတဲ့ဟာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့မှ တစ်ခြားနိုင်ငံ ဘင်္ဂလားဒေ့ရှ် ဘက်ကလူတွေပဲဖြစ်ဖြစ်၊ ပါကစ္စတန် ဘက်ကလူတွေပဲဖြစ်ဖြစ် သူတို့နိုင်ငံမှာ လာခိုလုံနေတဲ့ လူတွေအများကြီးရှိနေတယ်။ ဆိုတဲ့အခါကြတော့ သူတို့အနေနင့် မြန်မာနိုင်ငံဘက်ကနေပြေးလာတဲ့သူတွေကို ကူညီတယ်ဆိုရင်၊ ကျန်တဲ့ နိုင်ငံကနေလာတဲ့သူတွေလည်း တောင်းဆိုလာကြမှာကို သူတို့စိုးရိမ်ပုံရတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်ပြီးကြတော့ သူတို့အနေနင့် အမြဲတမ်း နိုင်ငံတကာမှာ အကြောင်းပြနေတဲ့ဟာက ကျွန်တော်တို့နိုင်ငံမှာ refugee မရှိဘူး ဆိုတဲ့ဟာတွေေ ပြာပြောနေတာကြောင့်၊ refugee မရှိဘူးဆိုတဲ့ဟာကို ပြသချင်တဲ့အနေနင့် သူ့နိုင်ငံထဲဝင်လာတဲ့သူတွေကို မသိသလိုမျိုးပြုတယ်လို့ ကျွန်တော် ယူဆတယ်။
မေး။ ။ ဆရာတို့အဖွဲ့အနေနဲ့ ရှေ့ဆက်ဘာတွေလုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဒီအိတ်ဖွင့်စာပေးတဲ့ဟာကကြတော့ တောက်လျှောက် အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အကုန်လုံး လက်ထဲရောက်တဲ့အထိ ဆက်လက်ပြီးတော့မှပိုနေမယ်။ အခုလည်းပို့နေတယ်။ နောက် ဒုတိယ အချက်အနေနဲ့ လစဉ် ဆန္ဒဖော်ထုတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေတယ်။ ကျွန်ပ်တို့ ဒီအိတ်ဖွင့်စာနဲ့တွဲပြီးတော့မှ ပို့တဲ့ ကာတွန်းစာအုပ်လေးတွေရှိတယ်၊ နောက်ပြီးမှ လက်ကမ်းစာဆောင်ရှိတယ် အဲ့ဒီဟာတွေကို ကျွန်ပ်တို့ ဆက်လက်ဖြန့်သွားဖို့ရှိတယ်။ လက်ကမ်းစာ စောင် ကတော့ ကာတွန်စာအုပ်လေးနဲ့အခုအိတ်ဖွင့်စာနဲ့တွဲပြီးမှပို့နေတယ်။ နောက်ပိုင်းကြ သီးသန့် ပုံနှိပ်ထုတ်ပြီးမှ တက္ကသိုလ်ကျောင်းတွေ၊ အဓိကအားဖြင့် လူငယ်ပိုင်း တက္ကသိုလ်ကျောင်းသား/သူကို ဦးတည်ပြီးတော့မှ ဖြန့်သွားဖို့ရှိတယ်။
မေး။ ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။
ဖြေ။ ။ အဓိက နောက်ဆုံးအနေနင့်ပြောချင်တာက မြန်မာနိုင်ငံသားတွေ၊ တော်လှန်ရေးအင်အားစုတွေ အားလုံးအနေနင့် ဖိအားပေးတဲ့နေရာမှာ ငွေအား၊ လူအားနဲ့ ကျွန်ပ်တို့ လှုပ်ရှားမှု လုပ်နေတဲ့သူတွေကို ကူညီပံ့ပို့ပေးကြဖို့တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ လက်တွေ့မြေပြင်တော်လှန်ရေးမှာ ဆိုရင်တော့ အိန္ဒိယကသာလျှင် ကျွန်ပ်တို့အတွက် အဓိက ခွန်အားဖြစ်စေမှာဖြစ်ပါတယ်။ အိန္ဒိယက ကျွန်ပ်တို့တော်လှန်ရေးအင်အားစုတွေနဲ့ ရပ်တည်လာပြီဆိုရင်တော့ ကျွန်ပ်တို့တော်လှန်ရေးဟာ အင်မတန်မှ အားရစရာကောင်းမှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက သံတမန်ရေးအရသော်လည်းကောင်း ကြိုးစားကူညီမှုတွေက တော်တော်လေးထိရောက်မှုရှိသော်ငြားလည်း အိန္ဒိယက ကူညီလာတယ်ဆိုရင် မြေပြင်တော်လှန်ရေး လုပ်နေတဲ့သူတွေအတွက် အင်မတန်မှ အကျိုးရှိလာမှာဖြစ်တာကြောင့် အိန္ဒိယနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ တော်လှန်ရေးအင်အားစုတိုင်း၊ ပြည်သူတိုင်း ပူးပေါင်းပါဝင်ပေးကြဖို့ ကျွန်တော်ဖိတ် ခေါ်ချင်ပါတယ်။
Zawgyi
“အိႏၵိယက မားမားမတ္မတ္ရပ္တည္ေပးတယ္ဆိုရင္ေတာ့ ေတာ္လွန္ေရးက အခ်န္တိုအတြင္းမွာ ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္တယ္”
ကမ႓ာ့အႀကီးဆံုး ဒီမိုကေရစီႏိုင္ငံျဖစ္တဲ့ အိႏိၵယဟာ သူရဲ႕အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ စစ္တပ္က အရပ္သား အစိုးရထံကေန မတရားအာဏာသိမ္းယူခဲ့ ၿပီး စစ္အာဏာရွင္စနစ္ျပန္လည္ေဖာ္ေဆာင္ေနမႈအေပၚ ေရငံုႏႈတ္ပိ တ္ေနခဲ့တဲ့ ဒီမိုကေရစီႏိုင္ငံႀကီးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္ေပၚၿပီးေနာက္ စစ္ေကာင္စီက အပစ္မဲ့ျပည္သူေတြအေပၚ အၾကမ္းဖက္ သတ္ျဖတ္မႈ၊ လူေနအိမ္မီးရိႈ႕မႈ စတဲ့ စစ္ရာဇ၀တ္မႈေတြအႀကိမ္ႀကိမ္က်ဴးလြန္မႈအေပၚ ကုလသမဂၢ၊ အေမရိ ကန္အပါအ၀င္ ႏိုင္ငံတကာအသိုင္းအ၀န္းက အျပင္းအထန္ေ၀ဖန္ကန္႔ကြက္ေနၾကသလို အေရးယူပိတ္ဆို႔မႈ ေတြလည္း လုပ္ေဆာင္ေနတဲ့ ယေန႔လိုကာလမ်ဳိးမွာ အိႏိၵယအစိုးရကေတာ့ စစ္ေကာင္စီနဲ႔ ဖက္လဲတကင္းရွိ ေနၿပီး သံတမန္နည္းနဲ႔ျဖစ္ေစ စစ္ေရးအရျဖစ္ေစကူညီေထာက္ပ့ံမႈေတြလုပ္ေဆာင္ေနတာေတြ႕ျမင့္ေနရပါတယ္။
ဒီလိုအေျခေနမ်ဳိးမွာ အိႏိၵယအစိုးရအေနနဲ႔ စစ္ေကာင္စီကို သံတမန္းနည္းအရျဖစ္ေစ စစ္ေရးအကူအညီေပး အပ္မႈေတြရပ္တန္႔ၿပီး ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ႏိုင္ဖို႔ တိုက္ပြဲ၀င္ေနၾကတဲ့ ဒီမိုကေရစီအင္ အားစုေတြကို အကူအညီေတြအေပးအပ္ဖို႔ အိႏိၵယႏိုင္ငံထဲမွာ ေတာင္းဆိုလႈပ္ရွားမႈေတြလည္းရွိလာေနပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၅ ရက္ေန႔က ျမန္မာႏိုင္ငံကအရပ္ဖက္အဖြဲ႔အစည္းေပါင္း (၁၈၀) ေက်ာ္က လက္မွတ္ေရး ထိုးထားတဲ့ အိတ္ဖြင့္ေပးစာတစ္ေစာင္ကို အိႏိၵယႏိုင္ငံမွာရွိတဲ့ ႏိုင္ငံေရးပါတီေတြ၊ အရပ္ဖက္အဖြဲ႔ အစည္း ေတြကို ေပးအပ္ခဲ့ၾကပါတယ္။ ဘာေၾကာင့္အခုလိုေပးအပ္ရတာပါလဲ။ အဓိက ဘာေတြေတာင္းဆိုထားတာပါလဲ။ ျမန္မာႏိုင္ငံအေပၚ အိႏိၵယရဲ႕ရပ္တည္ခ်က္ကဘယ္လိုရွိပါသလဲ။ အိႏိၵယဟာ ျမန္မာ့ေတာ္လွန္ေရး ေအာင္ျမင္ဖို႔ အတြက္ ဘယ္ေလာက္ထိအေရးပါပါသလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အဲဒီအိတ္ဖြင့္ ေပးစာကို ဦးေဆာင္ေပး အပ္ခဲ့တဲ့ India for Myanmar အဖြဲ႔က ဦးေဆာင္သူဆလိုင္းဒိုခါရ္ကို ဆက္သြယ္ေမး ျမန္းထားပါတယ္။
ေမး။ ။ အိႏိၵယႏိ္ုင္ငံမွာရွိတဲ့ ႏိုင္ငံေရးပါတီေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေတြထံ အိတ္ဖြင့္ေပးစာေပးအပ္ရတဲ့ ရည္ရြယ္ခ်က္ကို အရင္ဆံုးေျပာျပေစလိုပါတယ္။
ေျဖ။ ။ အဓိကေတာ့ လက္ရွိအိႏၵိယႏိုင္ငံအစိုးရဟာ စစ္ေကာင္စီကိုေထာက္ခံေနတဲ့ တစ္ခုတည္းေသာ ဒီမိုကေရစီႏိုင္ငံျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕ တစ္ခုတည္းေသာအိမ္နီးခ်င္း ဒီမိုကေရစီႏိုင္ငံလည္းျဖစ္တယ္၊ ဒါေပမယ့္ လက္ရွိသူတို႔ရဲ႕ ရပ္တည္ခ်က္က စကစ နင့္ ပူးေပါင္းၿပီးေတာ့မွ ကြၽန္ေတာ္တို႔ေတာ္လွန္ေရးအင္အားစု ကို လုံးဝလ်စ္လ်ဴ႐ႈေနတယ္ေတာက္ေလွ်ာက္ပဲ၊ အခုေလာေလာလတ္လတ္မွာေတာင္မွ သူတို႔သံအမတ္ႀကီး ေတြက စကစ တာဝန္ရွိသူေတြကို သြားေတြ႕တဲ့ဟာေတြေတာင္ထပ္ရွိလာတယ္။ ဆိုေတာ့ ဒါမ်ိဳးေတြကို ကြၽန္ပ္တို႔အေနနဲ႔ အိႏၵိယအစိုးရကို တိုက္႐ိုက္ေျပာေနရင္လည္း သူတို႔ကဘယ္တုန္းကမွနားမေထာင္ခဲ့ဘူး၊ သူတို႔နားထဲမ၀င္ဘူး။
ဒါေၾကာင့္ အိႏၵိယႏိုင္ငံဟာ ဒီမိုကေရစီႏိုင္ငံျဖစ္တဲ့အတြက္ သူ႔ႏိုင္ငံမွာေနထိုင္တဲ့ျပည္သူေတြထံကေန အကူညီရတယ္ဆိုရင္ သူတို႔ရဲ႕အကူညီနဲ႔ အိႏိၵယအစိုးရကိုဖိအားေပးမယ္ဆိုရင္ လက္ရွိအိႏၵိယအစိုးရလည္း ရက္တည္ခ်က္အေျပာင္းအလဲရွိမယ္လားဆိုတဲ့ေမ်ာ္လင့္ခ်က္နဲ႔ လုပ္ေဆာင္ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္သူကေနေပါက္ပြားလာတဲ့ အိႏၵိယႏိုင္ငံေရးပါတီေတြနဲ႔ အရပ္ဖက္လူမႈအဖြဲ႕စည္းေတြကို ကြၽန္ပ္တို႔ အကူညီေတာင္းတဲ့ပံုစံနဲ႔ေတာင္းဆိုရတာျဖစ္ပါတယ္။
ေမး။ ။ အဓိက ဘာအေၾကာင္းအရာကိုေတာင္းဆိုခဲ့ၾကလဲ။
ေျဖ။ ။ အဓိက ကြၽန္ပ္တို႔ေတာင္းဆိုတာ အခ်က္ေလးခ်က္ပါပါတယ္၊ ပထမ အခ်က္ကေတာ့ အိႏၵိယႏိုင္ငံ ျပည္သူမ်ားအေနနင့္ ျမန္မာႏိုင္ငံျပည္သူေတြနဲ႔ အတူရပ္တည္ေပးဖို႔၊ ဒုတိယ ခ်က္အေနနဲ႔ အိႏၵိယစိုးရအေနနဲ႔ စစ္ေကာင္စီကို သံတမန္ေရးအရ အသိမွတ္ျပဳေနတဲ့ဟာ၊ ေနာက္ၿပီးေတာ့မွ လက္နက္ေတြ ပံ့ပို႔ေပးေနတဲ့ဟာ ေတြကို ရပ္တန႔္ေပးဖို႔ ဖိအားေပး ေပးဖို႔ဆိုတဲ့ဟာ။ ေနာက္ တတိယ အခ်က္အေနနဲ႔ အိႏၵိယႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံကို စီးပြားေရး ပိတ္ဆို႔မႈ လုပ္ေဆာင္ေပးဖို႔ဆိုတဲ့ဟာရယ္၊ စတုတၳ အခ်က္ကေတာ့ ဘာလဲဆိုရင္ လူသားခ်င္းစာနာ ေထာက္ထားမႈကို အိႏၵိယႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံက စစ္ေဘးေရွာင္ျပည္သူေတြကို ကူညီပံ့ပို႔ေပးဖို႔ဆိုတဲ့ အခ်က္ေလးခ်က္ကို ေတာင္းဆိုထားပါတယ္။
ေမး။ ။အိႏၵိယရဲ႕ ျမန္မာ့ဒီမိုကေရစီအေရးနဲ႔ပတ္သက္ၿပီး ရပ္တည္ခ်က္အေပၚ ဆရာ့ရဲ႕အျမင္သိခ်င္ပါတယ္။
ေျဖ။ ။အဓိကတာ့ အႏၵိယရဲ႕ လက္ရွိ ျမန္မာ့ဒီမိုကေရစီလုပ္ရွားမႈအေပၚရပ္တည္ခ်က္ကိုေတာ့ လုံးဝအားရမႈ မရွိဘူး၊ အားရမႈမရွိတာေၾကာင့္ အိႏၵိယႏိုင္ငံမွာရွိတဲ့ အရပ္ဖက္လူမႈအဖြဲ႕စည္းေတြနဲ႔ ႏိုင္ငံေရးပါတီကို အကူညီေတာင္ၿပီးေတာ့မွ သူတို႔အစိုးရကို ဖိအားေပး ေပးဖို႔ဆိုတဲ့ေတာင္းဆိုခ်က္ကို ကြၽန္ပ္တို႔လုပ္ရတာျဖစ္တ ယ္။ ဆိုေတာ့ ျပန္ခ်ဳပ္ရရင္ လက္ရွိအိႏၵိယႏိုင္ငံရဲ႕ ရပ္တည္ခ်က္ဟာ အင္မတန္စိတ္ပ်က္စရာေကာင္းတဲ့ အေနထားျဖစ္တယ္။ စစ္ေကာင္စီ လုပ္သမွ်ကို ေထာက္ခံအားေပးေနတဲ့ပုံစံျဖစ္တယ္၊ ကြၽန္ပ္တို႔ ဒီမိုကေရစီ တိုက္ပြဲဝင္ေနတဲ့ျပည္သူေတြဘက္ဆိုရင္ေတာ့ အသံတစ္ခါမွ မထြက္ဖူးဘူးလို႔ေတာင္ေျပာလို႔ရတယ္။
ေမး။ ။ အိႏၵိယႏိုင္ငံဟာ ယခုလက္ရွိ ေတာ္လွန္ေရးအတြက္ ဘယ္ေလာက္ထိအေရးပါလဲ။
ေျဖ။ ။ အိႏၵိယက ရွင္းရွင္းေျပာမယ္ဆိုရင္ ေတာ္လွန္ေရးအတြက္ဆိုရင္ ျမန္မာႏိုင္ငံအတြက္ အေရးပါဆုံး ႏိုင္ငံတစ္ႏိုင္ငံျဖစ္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အိႏၵိယႏိုင္ငံက ကြၽန္ပ္တို႔ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း ဒီမိုကေ ရစီနိင္ငံ တစ္ႏိုင္ငံျဖစ္သလို နယ္နိမိတ္ခ်င္းထိစပ္တဲ့ႏိုင္ငံျဖစ္တဲ့အခါၾကေတာ့ ႏိ္ုင္ငံေရးခိုလံုမႈေသာ္လည္း ေကာင္း၊ ေနာက္ၿပီးမွ တစ္ဖက္တစ္လမ္းအေနနင့္ ဒီလက္နက္ကိုင္ေတာ္လွန္ေရး လုပ္ေနတဲ့သူေတြအတြက္ လက္နက္ရွာေဖြေရးပိုင္းမွာလည္း တကယ္လို႔သာ အိႏၵိယဘက္ကေနလည္း မားမားမတ္မတ္ ကြၽန္ပ္တို႔နင့္ ရပ္တည္ေပးမယ္ဆိုရင္ေတာ့ လက္နက္စုေဆာင္းရတာလည္း အင္မတန္မွ ပိုလြယ္တဲ့အေနအထားျဖစ္တယ္ ဆိုေတာ့ ကြၽန္ေတာ္အေနနင့္ သုံးသပ္ခ်င္တာက ေျမျပင္ေတာ္လွန္ေရးအတြက္ဆိုရင္ အိႏၵိယႏိုင္ငံဟာ အေရးပါဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္တယ္ဆိုတဲ့ဟာပဲေျပာခ်င္တယ္။ တစ္ျခား သံတမန္နည္းလမ္းနင့္ဆိုရင္ US နင့္ EU တို႔ အေရးေတာ့ႀကီးတယ္ ဒါေပမဲ့ ေျမျပင္ေတာ္လွန္ေရးကို အိႏၵိယက မားမားမတ္မတ္ရပ္တည္ေပး တယ္ဆိုရင္ေတာ့ ေတာ္လွန္ေရးက အခ်န္တိုတြင္းမွာ ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔လည္းကြၽန္ေတာ္ ယုံၾကည္တယ္။
ေမး။ ။ ျမန္မာ့ႏိုင္ငံေရးအေျပာင္းအလဲအတြက္ အိႏၵိယက ဘာေတြလုပ္ေပးႏိုင္လဲ။
ေျဖ။ ။ ဒီေျမျပင္ေတာ္လွန္ေရးအင္အားစုေတြ ကူညီမႈေတြ လုပ္ေပးႏိုင္တယ္၊ လူသားစာနာေထာက္ထားမႈ ေတြေပးႏိုင္တယ္ ေနာက္ၿပီးေတာ့မွ အိႏၵိယႏိုင္ငံဟာမ်ိဳးေတြမွာ ကြၽန္ပ္တို႔ေတြ ႐ုံးစိုက္ခြင့္ေပးၿပီးမွ ဒီျမန္မာႏိုင္ငံ ေတာ္လွန္ေရးကိုအရွန္ျမင့္တင္ေအာင္ လုပ္ေပးႏိုင္ပါတယ္။ အမ်ားႀကီးပါပဲ အိႏၵိယကသာ လက္ရွိအခ်ိန္မွာ တိုက္ပြဲဝင္ေနတဲ့ ေတာ္လွန္ေရးအင္အားစုေတြ ဘက္ကေန ပါေပးတယ္ဆိုရင္ေတာ့ အိႏၵိယဟာ ပထဝီ ေရေျမအေနအထားအရေသာ္လည္းေကာင္း၊ သူတို႔ရဲ႕ ႀကီးမားတဲ့ႏိုင္ငံ တစ္ႏိုင္ငံျဖစ္မႈအေပၚအေျခခံၿပီးေတာ့ ကြၽန္ပ္တို႔ ျမန္မာနိင္ငံ ေျမျပင္ေတာ္လွန္ေရးကိုေတာ့ အိႏၵိယေလာက္ ကူညီေပးႏိုင္တဲ့ႏိုင္ငံ ကြၽန္ပ္တို႔မွာ မရွိပါဘူးလို႔ပဲ ကြၽန္ေတာ္ေျပာခ်င္တယ္။
ေမး။ ။ အိႏၵိယနဲ႔ စစ္ေကာင္စီအၾကားလက္ရွိဆက္ဆံေရးအေျခအေနေပၚမွာေကာ္ ဆရာ့အျမင္သိခ်င္ပါတယ္။
ေျဖ။ ။ အိႏၵိယ – ျမန္မာဆက္ဆံေရးက တ႐ုတ္နဲ႔ ျမန္မာဆက္ဆံေရးလိုပဲ အရမ္းကိုနီးကပ္လြန္းတဲ့ ဆက္ဆံေရးျဖစ္တယ္။ ကြၽန္ေတာ့အျမင္ေျပာမယ္ဆိုရင္ေတာ့ လက္ရွိေတာ္လွန္ေရး အာဏာသိမ္းမႈ ေပၚေပါက္လာၿပီးတဲ့ေနာက္ပိုင္းမွာဆိုရင္ေတာ့ အိႏၵိယ နဲ႔ စကစ ဆက္ဆံေရးဟာ တ႐ုတ္ နဲ႔ စကစ ဆက္ဆံေရးထက္ေတာင္ပိုၿပီးေတာ့မွ ေကာင္းေနတဲ့ အေျခေနပုံစံမ်ိဳးျဖစ္ေနတယ္။ ေျမျပင္မွာဆိုရင္ေတာ့ ဥပမာ သံတမန္ေရးအရ စကစကို တရားဝင္မႈေပးတာမ်ိဳး၊ သံအမတ္ႀကီးေတြ ခန႔္အပ္လႊာေတြေပးတာတို႔ ေနာက္ၿပီးေတာ့မွ စကစကို သူတို႔ သံအမတ္ၾကီးေတြက မၾကာခဏေတြ႕တာတို႔ ေနာက္ၿပီးမွ ေ႐ြးေကာက္ပြဲဟာမ်ိဳးကို ေထာက္ခံမႈေပးတယ္ဆိုတဲ့ဟာမ်ိဳးေတြ သူတို႔တစိုက္မတ္မတ္လုပ္တယ္။
ေနာက္ၿပီးမွ လူသားခ်င္းစာနာေထာက္ထားမႈလုပ္သမွ်ဆိုရင္ စကစကေန တဆင့္လုပ္တယ္။ ဆိုေတာ့ လက္ရွိ အေနနဲ႔ဆိုရင္ အိႏၵိယ နဲ႔ ျမန္မာႏိုင္ငံဆက္ဆံေရးဟာ အင္မတန္မွ သံတမန္ေရးအရ အိႏၵိယက ကူညီေပးတဲ့ ဟာရွိတယ္။ ေနာက္ ဒုတိယအခ်က္အေနနင့္ ဘာလဲဆိုေတာ့ အိႏၵိယအစိုးရအေနနင့္ စကစကို စစ္လက္နက္ေတြ ပုံမွန္ေရာင္းေနတဲ့ဟာေတြရွိေနတယ္။ ဆိုေတာ့ ျပန္ခ်ဳပ္ေျပာရရင္ အိႏၵိယက စစ္တပ္ကို သံတမန္ေရးအရေရာ လက္နက္ပံ့ပို႔ေပးမႈအရေကာ အခုခ်ိန္မွာ အာဏာသိမ္းမႈေပၚေပါက္ၿပီးတဲ့ေနာက္ပိုင္း အမ်ားဆုံး စကစကို ကူညီတဲ့ႏိုင္ငံတစ္ခုျဖစ္ပါတယ္။
ေမး။ ။ စစ္ရာဇ၀တ္မႈေတြက်ဴူးလြန္ေနတဲ့ စစ္ေကာင္စီနဲ႔ ဆက္ဆံေရးေကာင္းမြန္သလို စစ္ေကာင္စီဘက္ကို ဘာေၾကာင့္ အိႏိၵယက ရပ္တည္ေနရတာပါလဲ။
ေျဖ။ ။ အဓိကေတာ့လက္ရွိ အိႏၵိယရဲ႕ ႏိုင္ငံျခားေရး မူဝါဒနဲ႔ ဆိုင္ပါတယ္၊ ႏိုင္ငံျခားေရးမူဝါဒ ဆိုတာက အခုအိႏၵိယက ၾကားေနမူဝါဒကို ကိုင္ဆြဲထားတဲ့ပုံစံနဲ႔ သူတို႔ ခ်ဥ္းကပ္တယ္၊ ဥပမာ ရာရွားကိစၥဟာမ်ိဳး ဆိုရင္လည္း သူကၾကားေနပဲ၊ မဲလည္းမေပးဘူး။ စစ္ေကာင္စီနဲ႔ ပတ္သက္ၿပီး UN မွာ မဲေပးတဲ့ေနရာမ်ိဳးမွာ ဆိုရင္လည္း အိႏၵိယက ၾကားေနပုံစံမ်ိဳးျဖစ္ေနတယ္။ ဒါေပမဲ့ လက္ရွိအေျခေနအရ အိႏၵိယႏိုင္ငံရဲ႕ စကစကို ကူညီမႈေတြက ၾကားေနတဲ့မႈဟုတ္လားဆိုရင္လည္း မဟုတ္ျပန္ဘူး၊ ျမန္မာႏိုင္ငံျပည္သူေတြကို ေဘးဖယ္ၿပီး ေတာ့မွ စကစနင့္နီးကပ္ေနတယ္ဆိုေတာ့ ကြၽန္ေတာ့္အျမင္ကေတာ့ အိႏၵိယအေနနင့္ စကစ ကို တ႐ုတ္နဲ႔ အၿပိဳင္ဖားၿပီးေတာ့မွ ျမန္မာႏိုင္ငံရဲ႕ အာဏာရအစိုးရကို လြမ္းမိုးႏိုင္ေရးမူကို ခ်ဥ္းကပ္ေနတဲ့ပုံစံမ်ိဳးျဖစ္ေန တယ္။ တ႐ုတ္က အိႏၵိယနဲ႔ တကယ့္ၿပိဳင္ဘက္ႏိုင္ငံေတြျဖစ္ေတာ့ ျမန္မာႏိုင္ငံေတြအေနနဲ႔လည္း နယ္နမိတ္ျခင္း ထိစပ္တဲ့ ႏိုင္ငံျဖစ္ေနတဲ့အခါၾကေတာ့ သူတို႔က စကစကို ကူညီပံ့ပိုးၿပီးေတာ့မွ သူတို႔နဲ႔ နီးစပ္ေအာင္လုပ္ၿပီး ေတာ့မွ ျမန္မာႏိုင္ငံအေပၚမွာ ႏိုင္ငံေရးၾသဇာတည္ေဆာက္ႏိုင္ေအာင္ သူတို႔ႀကိဳး စားေနၾကတယ္လို႔ ကြၽန္ေတာ္သုံးသပ္ခ်င္တယ္။
ေမး။ ။ ခုဆိုရင္ စစ္ေဘးေရွာင္ေသာင္းနဲ႔ခ်ီၿပီး အိႏၵိယ မီဇိုရမ္ဘက္ကိုေရာက္ရွိေနၾကတယ္။ဒီအေပၚမွာ အိႏၵိယအစိုးရက အကူညီေပးတာေတြမေတြ႕ရဘူး။ ဒီအေပၚမွာေကာ္ ဘယ္လိုသံုးသပ္ခ်င္ပါလဲ။
ေျဖ။ ။ အဓိကေတာ့ အိႏၵိက သူတို႔ႏိုင္ငံသားေတြေတာင္မွ ငတ္ျပတ္ေနတဲ့ဟာေတြ အမ်ားႀကီးရွိတယ္။ ေနာက္ၿပီးေတာ့မွ တစ္ျခားႏိုင္ငံ ဘဂၤလားေဒ့ရွ္ ဘက္ကလူေတြပဲျဖစ္ျဖစ္၊ ပါကစၥတန္ ဘက္ကလူေတြပဲျဖစ္ျဖစ္ သူတို႔ႏိုင္ငံမွာ လာခိုလုံေနတဲ့ လူေတြအမ်ားႀကီးရွိေနတယ္။ ဆိုတဲ့အခါၾကေတာ့ သူတို႔အေနနင့္ ျမန္မာႏိုင္ငံဘက္ကေနေျပးလာတဲ့သူေတြကို ကူညီတယ္ဆိုရင္၊ က်န္တဲ့ ႏိုင္ငံကေနလာတဲ့သူေတြလည္း ေတာင္းဆိုလာၾကမွာကို သူတို႔စိုးရိမ္ပုံရတယ္လို႔ ကြၽန္ေတာ္ယူဆတယ္။ ေနာက္ၿပီးၾကေတာ့ သူတို႔အေနနင့္ အၿမဲတမ္း ႏိုင္ငံတကာမွာ အေၾကာင္းျပေနတဲ့ဟာက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ refugee မရွိဘူး ဆိုတဲ့ဟာေတြေ ျပာေျပာေနတာေၾကာင့္၊ refugee မရွိဘူးဆိုတဲ့ဟာကို ျပသခ်င္တဲ့အေနနင့္ သူ႔ႏိုင္ငံထဲဝင္လာတဲ့သူေတြကို မသိသလိုမ်ိဳးျပဳတယ္လို႔ ကြၽန္ေတာ္ ယူဆတယ္။
ေမး။ ။ ဆရာတို႔အဖြဲ႔အေနနဲ႔ ေရွ႕ဆက္ဘာေတြလုပ္သြားဖို႔ရွိလဲ။
ေျဖ။ ။ ကြၽန္ေတာ္တို႔ ဒီအိတ္ဖြင့္စာေပးတဲ့ဟာကၾကေတာ့ ေတာက္ေလွ်ာက္ အရပ္ဖက္လူမႈအဖြဲ႕ အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြ အကုန္လုံး လက္ထဲေရာက္တဲ့အထိ ဆက္လက္ၿပီးေတာ့မွပိုေနမယ္။ အခုလည္းပို႔ေနတယ္။ ေနာက္ ဒုတိယ အခ်က္အေနနဲ႔ လစဥ္ ဆႏၵေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ႀကိဳးစားေနတယ္။ ကြၽန္ပ္တို႔ ဒီအိတ္ဖြင့္စာနဲ႔တြဲၿပီးေတာ့မွ ပို႔တဲ့ ကာတြန္းစာအုပ္ေလးေတြရွိတယ္၊ ေနာက္ၿပီးမွ လက္ကမ္းစာေဆာင္ရွိတယ္ အဲ့ဒီဟာေတြကို ကြၽန္ပ္တို႔ ဆက္လက္ျဖန႔္သြားဖို႔ရွိတယ္။ လက္ကမ္းစာ ေစာင္ ကေတာ့ ကာတြန္စာအုပ္ေလးနဲ႔အခုအိတ္ဖြင့္စာနဲ႔တြဲၿပီးမွပို႔ေနတယ္။ ေနာက္ပိုင္းၾက သီးသန႔္ ပုံႏွိပ္ထုတ္ၿပီးမွ တကၠသိုလ္ေက်ာင္းေတြ၊ အဓိကအားျဖင့္ လူငယ္ပိုင္း တကၠသိုလ္ေက်ာင္းသား/သူကို ဦးတည္ၿပီးေတာ့မွ ျဖန႔္သြားဖို႔ရွိတယ္။
ေမး။ ။ တျခားဘာမ်ားျဖည့္စြပ္ေျပာခ်င္တာရွိလဲ။
ေျဖ။ ။ အဓိက ေနာက္ဆုံးအေနနင့္ေျပာခ်င္တာက ျမန္မာႏိုင္ငံသားေတြ၊ ေတာ္လွန္ေရးအင္အားစုေတြ အားလုံးအေနနင့္ ဖိအားေပးတဲ့ေနရာမွာ ေငြအား၊ လူအားနဲ႔ ကြၽန္ပ္တို႔ လႈပ္ရွားမႈ လုပ္ေနတဲ့သူေတြကို ကူညီပံ့ပို႔ေပးၾကဖို႔ေတာင္းဆိုခ်င္တယ္။ ဘာျဖစ္လို႔လဲ ဆိုရင္ေတာ့ လက္ေတြ႕ေျမျပင္ေတာ္လွန္ေရးမွာ ဆိုရင္ေတာ့ အိႏၵိယကသာလွ်င္ ကြၽန္ပ္တို႔အတြက္ အဓိက ခြန္အားျဖစ္ေစမွာျဖစ္ပါတယ္။ အိႏၵိယက ကြၽန္ပ္တို႔ေတာ္လွန္ေရးအင္အားစုေတြနဲ႔ ရပ္တည္လာၿပီဆိုရင္ေတာ့ ကြၽန္ပ္တို႔ေတာ္လွန္ေရးဟာ အင္မတန္မွ အားရစရာေကာင္းမွာျဖစ္ပါတယ္။ အေနာက္ႏိုင္ငံေတြက သံတမန္ေရးအရေသာ္လည္းေကာင္း ႀကိဳးစားကူညီမႈေတြက ေတာ္ေတာ္ေလးထိေရာက္မႈရွိေသာ္ျငားလည္း အိႏၵိယက ကူညီလာတယ္ဆိုရင္ ေျမျပင္ေတာ္လွန္ေရး လုပ္ေနတဲ့သူေတြအတြက္ အင္မတန္မွ အက်ိဳးရွိလာမွာျဖစ္တာေၾကာင့္ အိႏၵိယႏိုင္ငံကို ဖိအားေပးတဲ့ေနရာမွာ ေတာ္လွန္ေရးအင္အားစုတိုင္း၊ ျပည္သူတိုင္း ပူးေပါင္းပါဝင္ေပးၾကဖို႔ ကြၽန္ေတာ္ဖိတ္ ေခၚခ်င္ပါတယ္။