Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသူများအား နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း ဗဟိုအစိုးရပြော

အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသူများအား နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း ဗဟိုအစိုးရပြော

0
By Editor on March 11, 2021 Headline
#Unicode
ရစ်ချက် – လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာသူများအား မြန်မာနိုင်ငံသို့ ပြန်ပို့မည်မဟုတ်ကြောင်း အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။
အိန္ဒိယဗဟိုအစိုးရ Union Home Minister Amit Shah သည် မတ်လ ၁၀ ရက်နေ့က မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါနှင့် ဖုန်းဖြင့်စကားပြောဆိုခဲ့ရာ Union Home Minister က ထိုကဲ့သို့ပြောဆိုလာခဲ့ခြင်း ဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူကာ စစ်ကောင်စီဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံ တစ်ဝန်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်မှုဖြစ်ပွားလျှက်ရှိပြီး တက်ကြွလှုပ်ရှားသူများနှင့် CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင် များသည် လုံခြုံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ထွက်ပြေးခိုလှုံခဲ့ကြခြင်းဖြစ်သည်။
မီဇိုရမ်အစိုးရအနေဖြင့် မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး National Human Right Commission ထံ တင်ပြထားပြီဖြစ်ကြောင်း နှင့် ယခုလက်ရှိအခြေအနေတွင် ဒုက္ခသည် အရေအတွက်အားဖြင့် မများသေးသော်လည်း လက်ရှိအခြေအနေအရ ဒုက္ခသည်တိုးလာနိုင်သည့်အတွက် မီဇိုရမ်အစိုးရအနေဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လိုတော့သည့်အတွက် CDM ဝင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေသော မြန်မာရဲတပ်ဖွဲ့ဝင် (၈) ဦးကို ပြန်လည်လွဲပြောင်းပေးဖို့ မီဇိုရမ်အစိုးရကို ချင်းပြည်နယ် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က တောင်းဆိုခဲ့သည်။
#Zawgyi
ရစ္ခ်က္ – လက္ရွိႏိုင္ငံေရးအေျခအေနေၾကာင့္ ျမန္မာႏိုင္ငံမွ အိႏိၵယႏိုင္ငံဘက္သို႔ ထြက္ေျပးခိုလႈံလာသူမ်ားအား ျမန္မာႏိုင္ငံသို႔ ျပန္ပို႔မည္မဟုတ္ေၾကာင္း အိႏိၵယဗဟိုအစိုးရ ျပည္ထဲေရး၀န္ႀကီးက ေျပာဆိုသည္။
အိႏိၵယဗဟိုအစိုးရ Union Home Minister Amit Shah သည္ မတ္လ ၁၀ ရက္ေန႕က မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါႏွင့္ ဖုန္းျဖင့္စကားေျပာဆိုခဲ့ရာ Union Home Minister က ထိုကဲ့သို႔ေျပာဆိုလာခဲ့ျခင္း ျဖစ္ေၾကာင္း မီဇိုရမ္ေဒသထုတ္ ညစဥ္သတင္း Zonet တြင္ ေဖာ္ျပသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာသိမ္းယူကာ စစ္ေကာင္စီဖြဲ႔စည္းၿပီးေနာက္ ျမန္မာႏိုင္ငံ တစ္၀န္း စစ္အာဏာရွင္စနစ္ ဆန္႔က်င္ဆႏၵေဖာ္မႈျဖစ္ပြားလွ်က္ရွိၿပီး တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ CDM ၀င္သည့္ ရဲတပ္ဖြဲ႔၀င္ မ်ားသည္ လံုျခံဳေရးအေျခေနေၾကာင့္ အိႏိၵယႏိုင္ငံအေရွ႕ေျမာက္ျပည္နယ္ မီဇိုရမ္သို႔ထြက္ေျပးခိုလံႈခဲ့ၾကျခင္းျဖစ္သည္။
မီဇိုရမ္အစိုးရအေနျဖင့္ ျမန္မာျပည္ကေန ထြက္ေျပးခိုလံႈလာေသာ ဒုကၡသည္အေရးနဲ႕ပတ္သက္ၿပီး National Human Right Commission ထံ တင္ျပထားၿပီျဖစ္ေၾကာင္း ႏွင့္ ယခုလက္ရွိအေျခအေနတြင္ ဒုကၡသည္ အေရအတြက္အားျဖင့္ မမ်ားေသးေသာ္လည္း လက္ရွိအေျခအေနအရ ဒုကၡသည္တိုးလာႏိုင္သည့္အတြက္ မီဇိုရမ္အစိုးရအေနျဖင့္ ျပင္ဆင္ ထားေၾကာင္း သိရသည္။
စစ္အာဏာရွင္စနစ္ေအာက္တြင္ အလုပ္မလုပ္လိုေတာ့သည့္အတြက္ CDM ၀င္ကာ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလံႈေနေသာ ျမန္မာရဲတပ္ဖြဲ႕၀င္ (၈) ဦးကို ျပန္လည္လြဲေျပာင္းေပးဖို႕ မီဇိုရမ္အစိုးရကို ခ်င္းျပည္နယ္ ဖလမ္းၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ၿပီးခဲ့သည့္ မတ္လ ၅ ရက္ေန႕က ေတာင္းဆိုခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.