Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ ပါလီမန်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးကို မီဇိုရမ်လွှတ်တော်အမတ်က ပြင်းပြင်းထန်ထန်တုန့်ပြန်

အိန္ဒိယ ပါလီမန်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးကို မီဇိုရမ်လွှတ်တော်အမတ်က ပြင်းပြင်းထန်ထန်တုန့်ပြန်

0
By Editor on August 11, 2023 Khonumthung

(05MK)

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပလျက်ရှိသော မုတ်သုံရာသီ လွှတ်တော်အစည်းအဝေးတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးက မဏိပူရ်ပြည်နယ်က တောင်တန်းသား (Tribal) များသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုအပေါ် မီဇိုရမ် ပြည်နယ် အထက်လွှတ်တော်အမတ် Pu K. Vanlalvena က ယနေ့ ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောဆိုလိုက်သည်။ 

ယနေ့ကျင်းပပြုလုပ်သော အထက်လွှတ်တော်အစည်းအ‌ဝေးတွင် Pu K. Vanlalvena က “ပြည်ထဲရေးဝန်ကြီးက မဏိပူရ်ပြည်နယ်က တောင်တန်းသား( Tribal) တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြတယ် လို့ ပြောတယ်၊ ကျနော်လည်း Tribal တစ်ယောက်ဖြစ်တယ် ကျနော်တို့ဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး ကျနော်တို့ဟာ အိန္ဒိယ နိုင်ငံသားတွေဖြစ်တယ်၊ ဗြိတိသျှက အိန္ဒိယကို မအုပ်ချုပ်ခင်ကတည်းက ကျနော်တို့ဟာ နေထိုင်ကြသူတွေဖြစ်တယ်၊ နှစ်ပေါင်း ၂၀၀ ကျော် နေထိုင်လာခဲ့ကြသူတွေဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။ 

အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah သည် ယမန်နေ့ဩဂုတ်လ ၉ ရက်နေ့က အောက်လွှတ်တော် မုတ်သုံရာသီအစည်းအ‌‌ဝေးတွင် မဏိပူရ်ပြည်နယ် အရေး နှင့်ပတ်သက်၍ ပြောဆိုရာမှာ မဏိပူရ်ပြည်နယ်က တောင်တန်းသား (Tribal) များသည် မြန်မာနိုင်ငံသားများဟု ပြောဆိုကြောင်း အိန္ဒိယကလာသောသတင်းတွင် ဖော်ပြသည်။

ထို့အပြင် မဏိပူရ်ပြည်နယ် ပဋိပက္ခသည်လည်း မြန်မာနိုင်ငံရေးမငြိမ်မသက်မှုကြောင့် မဏိပူရ်ပြည်တွင် မြန်မာနိုင်ငံသား အမြောက်အများ တရားမဝင် ဝင်ရောက်လာသည့်အတွက်နှင့်လည်း ပတ်သတ်သည့် သဘောမျိုး အိန္ဒိယပြည်ထဲရေးဝန်ကြီးကပြစ်တင်ပြောဆိုခဲ့သည်။ 

မဏိပူရ်ပြည်နယ်တွင် လူများစုကသည်းလူမျိုးနှင့် လူနည်းစု ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား မေလ ၃ ရက်နေ့ကစတင်ဖြစ်ပွားသည့် အဓိကရုဏ်းသည် ၃ လကျော်ကြာမြင့်လာပြီဖြစ်ကာ ယနေ့ချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိကြ သေးပေ။ 

မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများ အတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ မှာပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည်တောင်းဆိုလာခဲ့ရာ မှ ယခုကဲ့သို့ပဋိပက္ခများစတင်လာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါအဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၃၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီ လူဦးရေ ငါးသောင်းကျော်စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.