(005MK)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် Tuipang ကျေးရွာအနီးတွင် မေလ ၁၈ ရက်နေ့က အမျိုးသားတစ်ဦးထံမှ စစ်အသုံးဆောင်ပစ္စည်းတချို့ဖမ်းဆီးရမိသည်ဟု သိရသည်။
ရှာဟာမြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ဘက်သွားသည့် Tuipang ကျေးရွာလမ်းကြောင်းတွင် တရုတ်နိုင်ငံထုတ် 125 Kenbo ဆိုင်ကယ်ဖြင့် အထုတ်အပိုးအပြည့်နှင့် မောင်းနှင်လာသူတစ်ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က ရပ်တန့်စစ်ဆေး ရာမှာ ယင်းပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ 12 Gauge shrotgun ကျည်ဆံ ၁၇၀၊ Radio set ၁၄ လုံး၊ Radio အားသွင်းကြိုး၊ Tactical gare ကျည်ကာ နှင့် စစ်ဖိနပ်တို့ဖြစ်သည်။ ဖမ်းဆီးရမိသော စစ်ပစ္စည်းနှင့် သယ်ဆောင်လာသူအမျိုးသားကို Tuipang ရဲစခန်းသို့ လွဲပြောင်းခဲ့ကြောင်း မီဇိုရမ်ဒေသတွင်း Bengvarna သတင်းဌာနကဖော်ပြသည်။
စစ်ဆေးမေးမြန်းချက်အရ အဖမ်းခံရသူအမျိုးသားသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့ဝင်ဖြစ်ကြောင်း ထွက်ဆိုထားကြောင်း ယင်းသတင်းဌာနက ဖော်ပြထားသည်။