Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့် Free Movement Regime ဖျက်သိမ်းပြီး ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ZoRO အဖွဲ့ကန့်ကွက်၊ ပြန်သုံးသပ်ရန်တောင်းဆို

အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့် Free Movement Regime ဖျက်သိမ်းပြီး ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ZoRO အဖွဲ့ကန့်ကွက်၊ ပြန်သုံးသပ်ရန်တောင်းဆို

0
By Editor on January 6, 2024 Headline

(005MK)

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကို ဖျက်သိမ်းကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို မီဇိုရမ်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Z၀RO က ကန့်ကွက်ပြီး ပြန်လည်သုံးသပ်ရန်တောင်းဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZoRO) က ယမန့်နေ့က ကြေညာချက်တစ်စောင်ထုတ် ပြန်ကာ အိန္ဒိယဗဟိုအစိုးရ၏ ထိုအစီစဉ်သည် နှစ်နိုင်ငံကြားရှိ ဇိုး (ချင်း) မျိုးနွယ်စုများအား ကန့်သတ်ပိုင်းခြားစေမည့် အတွက် ၎င်းတို့အနေဖြင့် မလိုလားကြောင်း ယင်းကိစ္စကိုပြန်လည်သုံးသပ်ရန် တောင်းဆိုသည်ဟုဖော်ပြသည်။

“နယ်စပ်ခြံစည်းရိုးခတ်လိုက်ပြီဆိုရင် အပြန်အလှန်သွားလာဖို့အတွက် ပါစ်စပို့၊ ဗီဇာတွေလိုလာမယ် ဒါကြောင့် ဇိုး(ချင်း) မျိုးနွယ်များအကြား ကူးလူးဆက်ဆံရေးဖြတ်တောက်ဖို့လုပ်ဆောင်တဲ့အစီအမံကို ပြန်သုံးသပ်ပေးဖို့ အိန္ဒိယဗဟိုအစိုးရက အလေးအနက်တောင်းဆိုပါတယ်” ဟု ZoRO ကဆိုသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀◌င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခုက ဒေသခံများအနေ ဖြင့် Free Movement Regime ဟုခေါ်သော နှစ်ပေါင်း ၄၀ ကျော် အတားအဆီးမရှိ နယ်စပ်ကို ဖြတ်သန်း သွားလာခွင့်ရှိခဲ့ သည့် အစဉ်အလာကို ဖျက်ပြီး နယ်စပ်တလျှောက် ခြံစည်းရိုး ခတ်မည်ဟု အိန္ဒိယဗဟိုအစိုးရကစီစဉ်နေကြောင်း ဇန်န ၀◌ါရီလ ၂ ရက်နေ့က အိန္ဒိယသတင်းစာများကဖော်ပြလာခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယအစိုးရသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (United Nations Declaration on the Rights of the Indigenous Peoples) ကို လက်မှတ်ထိုးထားသောနိုင်ငံဖြစ်ပြီး ယင်း ကြေညာစာတမ်း အပုဒ် ၃၆ တွင် ဌာနေတိုင်းရင်းသားလူမျိုးများ အထူးသဖြင့် နိုင်ငံတကာနယ်စပ်များဖြင့် ပိုင်းခြားခြင်း ခံရသော လူမျိုးများသည် ၎င်းတို့အချင်းချင်းအပြင် နယ်စပ်တဘက်ခြားရှိ အခြားလူမျိုးများနှင့်ပါ ၀◌ိညာဉ်ရေးရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာရည်ရွယ်ချက်များအတွက် ဆောင်ရွက်မှုများအပါအ၀င် ဆက်သွယ်မှုများ၊ ဆက်ဆံရေးများနှင့် ပူပေါင်းဆောင်ရွက်ခြင်းများကို ထိန်းသိမ်း၍ ဖန်တီးဖွံ့ဖြိုးစေပိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားသည်။

Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.