• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“အိမ်စောင့်အစိုးရ” ဖွဲ့စည်းမှုအပေါ် ချင်းနိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ချိူ့၏ သဘောထားအမြင်

“အိမ်စောင့်အစိုးရ” ဖွဲ့စည်းမှုအပေါ် ချင်းနိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ချိူ့၏ သဘောထားအမြင်

0
By Editor on August 6, 2021 Headline

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “အိမ်စောင့်အစိုးရ” ကို ဖွဲ့စည်းလိုက်ပြီး ၂၀၂၃ ခုနှစ်အထိ အုပ်ချုပ်သွားမယ်လို့ စစ်အာဏာသိမ်းမှု ၆ လပြည့်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာသွားခဲ့ပါတယ်။ ဒီကိစ္စအပေါ် ချင်းနိုင်ငံရေးပါတီနဲ့ ချင်းအရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တစ်ချိူ့ရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

ပူးဂင်ကမ်းလျန် (အတွင်းရေးမှူး-ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

“ကျနော်ကတော့ လောလောဆယ် သဘောထားတော့ လောလောဆယ် ပေးလို့မရသေးဘူး၊ ဒါပေမဲ့ ၁၉၅၈ တုန်းက ဗိုလ်နေဝင်းလုပ်သွားတဲ့ပုံစံများ ဖြစ်လာမလားလို့ထင်တာပဲ၊ ကျနော်လည်း သုံးသပ်လို့မရသေးဘူးဗျ၊ ခက်တာက သူတို့မှာတော့ စီမံကိန်းတွေ ရည်ရွယ်ချက်ကောင်း ရှိကောင်းရှိလိမ့်မယ်၊ ပြီးတော့ အတိတ်က မြန်မာနိုင်ငံရဲ့အခြေအနေက သူတို့လည်း သုံးသပ်မိမှာပဲလေ၊ အဲဒီပေါ်မှာ လုပ်သွားတာလည်းထင်ပါတယ်၊ ကျနော်လည်း အမြင်ကိုပြောလို့မရသေးဘူး၊ ခန့်မှန်းလို့မရတော့ဘူး၊ မပြောတာကောင်းတာလို့ပဲ ထင်တာပဲလေ၊ တချို့က ကိုယ်ပြောရင်လည်း တစ်မျိုးထင်တတ်လို့ မပြောတာ ကောင်းမယ်လို့ထင်တယ်၊ သူ့ရည်ရွယ်ချက်ကို ကြည့်ရအုံးမယ်လေ၊ စောင့်ကြည်ရမယ်၊ ကျနော်တို့က စောင့်ကြည့်အုံးမယ်၊ သုံးသပ်လို့မရသေးဘူး၊ အခု အိမ်စောင့်အစိုးရရဲ့ လှုပ်ရှားမှုပေါ့နော်၊ ဘယ်လိုပုံစံဖွဲ့သလဲ၊ တိုင်းနဲ့ပြည်နယ်မှာ ဘယ်လိုဖွဲ့စည်းသလဲဆိုတာ စောင့်ကြည့်ပြီးမှ သုံးသပ်လို့ရမယ်”

ဆလိုင်းမျိုးချစ် (လွှတ်တော်ကိုယ်စားလှယ်တစ်ဦး-CNLD ပါတီ)

“သူတို့က နာမည်ပြောင်းလိုက်တာပေါ့နော်၊ အဓိကတော့ ပြည်သူတွေက အာဏာရှင်ဆိုတဲ့အမြင်ကို သူတို့ ရုပ်ပြောင်းချင်တယ်လို့ ကျနော်မြင်မိတယ်၊ ဥပမာအားဖြင့် လူတစ်ယောက်က မျက်လုံးသိပ်မကောင်းဘူးဆိုပြီး ထားလိုက်ပေ့ါ၊ အဲဒါကို သူကဖုံးချင်တယ်ဆိုရင် သူက နေကာမျက်မှန်တပ်ပြီး မပေါ်တော့တဲ့ပုံစံမျိုး ဖမ်းချင်တယ်လို့တော့ တွေ့ရတယ်ပေါ့နော်၊

ကျနော့်အထင်ကတော့ ၆ လလောက်ရှိပြီကိုး၊ အဲဒီ ၆ လအတွင်းမှာ ဘာမှကို မလည်ပတ်ဘူးထင်တယ်၊ ကျနော်တို့နိုင်ငံမှာ အစိုးရယန္တယားတောင်မှ မလည်ပတ်တဲ့အနေအထားမှာ သူတို့ အရင်က ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနတွေရော ပြည်နယ်တိုင်းတွေရော အဲဒီဟာကို ထပ်ဆင့်ဖွဲ့စည်းပြီးတော့ အခု ဒီအစိုးရပုံသဏ္ဍန်ဖြစ်လာပြီ၊ အစိုးရယန္တယားကို လည်ပတ်တော့မယ့်ပုံစံကို သူတို့က ပြောင်းတဲ့သဘောလို့ပဲ ကျနော်က နားလည်ရတယ်၊ အဲဒါကို အစိုးရပုံစံဖြစ်အောင် ပိုပြီးတော့ အစိုးရယန္တရားလည်ပတ်မယ့်ပုံစံမျိုး ဖြစ်သွားအောင် လုပ်တဲ့သဘောမျိုးလို့ပဲ ကျနော်ကတော့မြင်တယ်၊

အများကြီးတော့ အပြောင်းအလဲတော့ ထူးထူးခြားခြား ဖြစ်လာမယ်လို့တော့ မထင်ဘူး၊ တစ်ဖက်မှာ အပြောင်းအလဲဖြစ်လာနိုင်တာကတော့ နိုင်ငံတကာရဲ့ဖိအားနဲ့ အာဆီယံရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာပဲ အဆင်ပြေသွားမှာပဲ၊ အပြောင်းအလဲတွေ ကျနော်တို့မြင်လာရမယ်လို့တော့ ထင်တယ်၊ အဲလိုမျိုး နာမည်ပြောင်းတာတစ်ခုနဲ့ကတော့ အပြောင်းအလဲတွေကတော့ အများကြီးမဖြစ်လာဘူးလ်ို့တော့ ထင်တယ်”

ကိုလျန်တွောင်လ် (ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့)

“၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေပြီးတော့ သူတို့လုပ်တာက ဘာမှ တရားမဝင်တဲ့အခါကျတော့ သူ နာမည်အမျိုးမျိုးတပ်ထားမယ်၊ အမျိုးမျိုးပြောင်းမယ်လို့လည်း ထင်ပါတယ်၊ သူလုပ်ချင်သလိုလုပ်တာဆိုတော့ သူ့အတွက်တော့ သိပ်တော့ မထူးပါဘူး။ ဒီကိစ္စမှာ သူတို့အမြင်မှာတော့ ဒီတိုင်း ပုံမှန်သွားလို့မရတော့ဘူးဆိုတဲ့ဟာကို သူက မြင်ပြီးတော့ ပုံစံပြောင်းတယ်၊ ဆိုင်ကယ်/ကားတွေလို ဂီယာချိန်းလိုက်တဲ့သဘောလို့လည်း ထင်ပါတယ်၊ ပြည်တွင်း/ပြည်ပ အခြေအနေတစ်ခုလုံးမှာ တုံ့ပြန်နိုင်မယ့်အနေအထားမှာ သူ လက်ရှိ အရင်ကလုပ်ထားတဲ့ပုံစံနဲ့ ဖြတ်သန်းလို့မရတော့ဘူးဆိုတော့ သူ့မှာ အမြင်ရှိတယ်ထင်တယ်၊ အဲဒါကြောင့် သူပြောင်းလိုက်တယ်လို့ ထင်ပါတယ်။

သူက ဘယ်လိုပဲလုပ်လုပ် သူ ဘယ်လိုပဲကြိုးစားကြိုးစား ပြည်သူတွေရဲ့တုံ့ပြန်မှု အသိအမှတ်ပြုမှုကိုတော့ သူမရဘူးပေ့ါနော်၊ ဘယ်လောက်ပဲကြိုးစားကြိုးစား အသိအမှတ်ပြုမှုမရပါဘူး၊ သူက လုပ်ချင်တာတော့ လုပ်သွားတာပေါ့၊ ဘယ်သူမှနဲ့လည်းမတိုင်ပင်ဘဲနဲ့ လုပ်ချင်သလိုလုပ်နေတဲ့ ကလေးတစ်ယောက် ဘာမှမသိဘဲနဲ့ ကလေးတစ်ယောက် တန်ဖိုးရှိတဲ့ပစ္စည်းထားတဲ့နေရာမှာ ဆော့ချင်သလိုဆော့နေတဲ့ပုံစံပေါ့နော်၊ မျောက်အုန်းသီးရသလိုပေါ့၊ အဲလိုပဲ သုံးသပ်မိပါတယ်”

ကိုထားတွောလ် (Chin-MATA)

“အာဏာသိမ်းတယ် အာဏာထိန်းတယ်ဆိုတဲ့ စကားရပ်တွေကြားထဲမှာ ခြောက်လအလွန်မှာ သူတို့မှာ အခြားနာမည်မရှိဘူး၊ စစ်ကောင်စီဆိုတဲ့ဟာလည်းပဲ တောက်လျှောက် လူထုက အသိအမှတ်မပြုဘူး၊ နိုင်ငံတကာအသ်ိအမှတ်ပြုမှု ရလိုရညား အနေအထားမျိုးနဲ့ သူတို့က ဒီအိမ်စောင့်အစိုးရဆိုတဲ့ အသုံးအနှုန်းလေးကို သူတို့ သုံးလိုက်တယ်လို့ပဲမြင်တယ်၊ ဘာလို့လဲဆိုတော့ ဒီမှာက လူထုအပြောင်းအလဲမှုမှမရှိတာကိုး၊ သူတို့တွေလည်း ဒီရာထူးယူ ဟိုရာထူးယူဆိုပြီးတော့ လုပ်ခဲ့ကြတာဆိုတော့လေ၊ ပြောရရင် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ခဲ့ပေမယ့်လို့ ၂၀၁၀ မတိုင်ခင် ၂၀၁၀ နှစ်ဆန်းပိုင်းမှာ စစ်ဘောင်းဘီချွတ်ပြီးတော့မှ ပုဆိုးဝတ်တဲ့လူတွေက ရွေးကောက်ပွဲဝင်ပြိုင်သကဲ့သို့ အခုဟာလည်းပဲ သူတို့က အစိုးရအသွင်ကို သူတို့လိုချင်လို့ ဒီအိမ်စောင့်အစိုးရဆိုတဲ့ဟာနဲ့ စလုပ်ခဲ့တယ်လို့ပဲ ကျနော်ကမြင်တယ်၊ သမိုင်းအကြောင်းအရ ပြန်ပြီးကြည့်မယ်ဆိုရင် ဦးနေဝင်းလည်း အိမ်စောင့်အစိုးရကိုလုပ်တယ်၊ နောက်ပိုင်းမှာ သူ့ရဲ့ တကယ်လမ်းကြောင်းအမှန်ကို ပြန်ဆွဲသွားတာပဲနော်၊ အဲလိုပုံစံမျိုး ကျနော်ကမြင်တယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.