• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အေႏြးထည္ႏွင့္ေစာင္လိုအပ္ေနသည့္ ပလက္ဝစစ္ေဘးေရွာင္မ်ား ေဆာင္းရာသီတြင္အခက္အခဲရွိလာနိုင္

အေႏြးထည္ႏွင့္ေစာင္လိုအပ္ေနသည့္ ပလက္ဝစစ္ေဘးေရွာင္မ်ား ေဆာင္းရာသီတြင္အခက္အခဲရွိလာနိုင္

0
By Editor on November 6, 2020 Headline

#Unicode

By Benezer – ဆောင်းရာသီစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလုံနေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် အနွေးထည်နှင့်စောင်များလုံလောက်မှုမရှိသဖြင့် အခက်အခဲရှိလာနိုင်သည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) အဖွဲ့မှ မနန်းဝေက “ဒုက္ခသည်စခန်းတွေမှာက ခုကအေးလာပြီ၊ သူတို့ပြောင်းလာတုန်းက မတ်လ နွေဖြစ်တဲ့အတွက် အဝတ်အစားက အဲလောက်မပူရပေမယ့် ခုက အေးလာတဲ့အတွက် အနွေးအထည်က လိုလာတယ်၊ ကလေးတွေကလည်း အနွေး အထည်မရှိဘူးလို့ ဖုန်းဆက်လာကြတယ်၊ အပြင်မှာလည်း လွယ်လွယ်ကူကူ ဝယ်လို့မရဘူး၊ အဓိကတော့ ဆန်တွေကိုဘဲ အဓိက သယ်ယူနေရတဲ့အတွက် အဝတ်အစားတွေပိုင်းက ဉီးစားပေးလို့မရဘူးဖြစ်နေတယ်၊ အဲဒါကြောင့် စစ်ဘေးရှောင် တွေအတွက်ရော ဒေသခံတွေအတွက်ရော စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ဆက်သွယ်ထားသည့် လမ်းကြောင်းများကို ပိတ်ထားသဖြင့် အရေးတကြီး လိုအပ်သည့် ဆန်များကိုသာ အဓိကထားသယ်ယူနေရပြီး ကျန်သည့်ပစ္စည်းများကို သယ်ယူနိုင်ခြင်း မရှိသလောက် ဖြစ်နေကြောင်း မနန်းဝေကပြောသည်။

ပလက်ဝဒေသရှိ စစ်ဘေးရှောင်အများစုမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်နှစ်ဘက်ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် မတ်လပိုင်းတွင် စစ်ရှောင်အဖြစ် ရောက်ရှိခဲ့ကြသဖြင့် အများစုမှာ အနွေးအထည်များနှင့် စောင်များ မယူဆောင်ခဲ့ရကြေ ကြာင်း ပလက်ဝမြို့မှစစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးဂျာလှအောင်ကပြောသည်။

“ဆောင်းရာသီရောက်လာတော့မယ်ဆိုတော့ ဒုက္ခသည်တွေအနေနဲ့ အနွေးအထည်ပိုင်းဘဲဖြစ်ဖြစ်၊ စောင်တွေဘဲဖြစ်ဖြစ်အ ခက်အခဲရှိလာနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီကိုထွက်လာတုန်းက တစ်ချို့ကျတော့ ယူလာတဲ့သူရှိတယ်၊ ဒါပေမယ့် မယူလာတဲ့သူပိုများတယ်၊ ရွာဘက်မှာကလည်း အိမ်တွေလည်း လောင်သွားတာတွေလည်းရှိတော့ ဘာမှသိပ်မယူလိုက်ရ ဘူး၊ ဆောင်းရာသီရောက်ရင်တော့ အနွေးထည်ပိုင်းမှာ အခက်အခဲရှိနိုင်တယ်၊ လောလောဆယ် လှူဒါန်းထားတာတွေ လည်းမရှိသေးပါဘူး” ဟု ဦးဂျာလှအောင်ကပြောသည်။

ချင်းပြည်နယ်အစိုးရအနေနှင့် ပလက်ဝဒေသရှိ စစ်ရှောင်ဒုက္ခသည်များအတွက် အဝတ်အစားများနဲ့အသုံးအဆောင်ပစ္စည်း များ ထောက်ပံ့ပေးရန် လက်ရှိတွင် အစီအစဉ်အရှိသေးဘဲ ရွေးကောက်ပွဲပြီးမှသာ စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

“လောလောဆယ်တော့ ဟားခါးတို့ ထန်တလန်တို့ အခြားပြည်တွင်း ပြည်ပ တော်တော်များများက လှူဒါန်းတာတွေရှိပါတယ်၊ စောင်တွေ ကလေးဝတ်ရော လူကြီးဝတ်တွေရောပေါ့၊ ငွေသားနဲ့လှူတာလည်းရှိတယ်၊ အဲဒါတွေကို စစ်ဘေးရှောင်စခန်းရှိတဲ့ နေရာတွေကို ပို့ပေးပါတယ်၊ ဒါပေမယ့် လုံလောက်မှုတော့မရှိပါဘူး၊ အစိုးရအနေနဲ့ကတော့ လက်ရှိအနေနဲ့ အစီအစဉ်ဆွဲထားတာတော့ လောလောဆယ်မရှိသေးဘူး၊ အခုကာလကလည်း ရွေးကောက်ပွဲ မဲဆွယ်သွားနေတာဆိုတော့၊ ရွေးကောက်ပွဲ ပြီးသွားရင်တော့ အဲဒီကိစ္စကို ပြန်တိုင်ပင်သွားမှာပါ” ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ( ၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၃၃၀၀) ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ (၂၀၀) ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

#Zawgyi

ေဆာင္းရာသီစတင္၀င္ေရာက္လာၿပီျဖစ္သည့္အတြက္ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္အတြင္းရွိ စစ္ေဘးေရွာင္ စခန္းမ်ားတြင္ ခိုလံုေနၾကရသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ အေႏြးထည္ႏွင့္ေစာင္မ်ားလံုေလာက္မႈမရွိသျဖင့္ အခက္အခဲရွိလာႏိုင္သည္ဟု စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔ထံမွသိရသည္။ 

ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) အဖြဲ႕မွ မနန္းေဝက “ဒုကၡသည္စခန္းေတြမွာက ခုကေအးလာၿပီ၊ သူတို႔ေျပာင္းလာတုန္းက မတ္လ ေႏြျဖစ္တဲ့အတြက္ အဝတ္အစားက အဲေလာက္မပူရေပမယ့္ ခုက ေအးလာတဲ့အတြက္ အေႏြးအထည္က လိုလာတယ္၊ ကေလးေတြကလည္း အေႏြး အထည္မရွိဘူးလို႔ ဖုန္းဆက္လာၾကတယ္၊ အျပင္မွာလည္း လြယ္လြယ္ကူကူ ဝယ္လို႔မရဘူး၊ အဓိကေတာ့ ဆန္ေတြကိုဘဲ အဓိက သယ္ယူေနရတဲ့အတြက္ အဝတ္အစားေတြပိုင္းက ဉီးစားေပးလို႔မရဘူးျဖစ္ေနတယ္၊ အဲဒါေၾကာင့္ စစ္ေဘးေရွာင္ ေတြအတြက္ေရာ ေဒသခံေတြအတြက္ေရာ စိန္ေခၚမႈတစ္ခုျဖစ္ေနတယ္” ဟု ျပာသည္။

လက္ရွိတြင္ ပလက္ဝၿမိဳ႕ႏွင့္ ရခိုင္ျပည္နယ္ဆက္သြယ္ထားသည့္ လမ္းေၾကာင္းမ်ားကို ပိတ္ထားသျဖင့္ အေရးတႀကီး လိုအပ္သည့္ ဆန္မ်ားကိုသာ အဓိကထားသယ္ယူေနရၿပီး က်န္သည့္ပစၥည္းမ်ားကို သယ္ယူနိုင္ျခင္း မရွိသေလာက္ ျဖစ္ေနေၾကာင္း မနန္းေဝကေျပာသည္။

ပလက္ဝေဒသရွိ စစ္ေဘးေရွာင္အမ်ားစုမွာ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ႏွစ္ဘက္ၾကား တိုက္ပြဲျပင္းထန္ခဲ့သည့္ မတ္လပိုင္းတြင္ စစ္ေရွာင္အျဖစ္ ေရာက္ရွိခဲ့ၾကသျဖင့္ အမ်ားစုမွာ အေႏြးအထည္မ်ားႏွင့္ ေစာင္မ်ား မယူေဆာင္ခဲ့ရၾကေ ၾကာင္း ပလက္၀ၿမိဳ႕မွစစ္ေဘးေရွာင္တစ္ဦးျဖစ္သူ ဦးဂ်ာလွေအာင္ကေျပာသည္။ 

“ေဆာင္းရာသီေရာက္လာေတာ့မယ္ဆိုေတာ့ ဒုကၡသည္ေတြအေနနဲ႔ အေႏြးအထည္ပိုင္းဘဲျဖစ္ျဖစ္၊ ေစာင္ေတြဘဲျဖစ္ျဖစ္အ ခက္အခဲရွိလာနိုင္တယ္၊ ဘာျဖစ္လို႔လဲဆိုရင္ ဒီကိုထြက္လာတုန္းက တစ္ခ်ိဳ႕က်ေတာ့ ယူလာတဲ့သူရွိတယ္၊ ဒါေပမယ့္ မယူလာတဲ့သူပိုမ်ားတယ္၊ ရြာဘက္မွာကလည္း အိမ္ေတြလည္း ေလာင္သြားတာေတြလည္းရွိေတာ့ ဘာမွသိပ္မယူလိုက္ရ ဘူး၊ ေဆာင္းရာသီေရာက္ရင္ေတာ့ အေႏြးထည္ပိုင္းမွာ အခက္အခဲရွိနိုင္တယ္၊ ေလာေလာဆယ္ လႉဒါန္းထားတာေတြ လည္းမရွိေသးပါဘူး”ဟု ဦးဂ်ာလွေအာင္ကေျပာသည္။

ခ်င္းျပည္နယ္အစိုးရအေနႏွင့္ ပလက္ဝေဒသရွိ စစ္ေရွာင္ဒုကၡသည္မ်ားအတြက္ အဝတ္အစားမ်ားနဲ႔အသုံးအေဆာင္ပစၥည္း မ်ား ေထာက္ပံ့ေပးရန္ လက္ရွိတြင္ အစီအစဥ္အရွိေသးဘဲ ေရြးေကာက္ပြဲၿပီးမွသာ စီမံေဆာင္ရြက္ေပးနိုင္မည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဉီးစိုးထက္မွေျပာသည္။

“ေလာေလာဆယ္ေတာ့ ဟားခါးတို႔ ထန္တလန္တို႔ အျခားျပည္တြင္း ျပည္ပ ေတာ္ေတာ္မ်ားမ်ားက လႉဒါန္းတာေတြရွိပါတယ္၊ ေစာင္ေတြ ကေလးဝတ္ေရာ လူႀကီးဝတ္ေတြေရာေပါ့၊ ေငြသားနဲ႔လႉတာလည္းရွိတယ္၊ အဲဒါေတြကို စစ္ေဘးေရွာင္စခန္းရွိတဲ့ ေနရာေတြကို ပို႔ေပးပါတယ္၊ ဒါေပမယ့္ လုံေလာက္မႈေတာ့မရွိပါဘူး၊ အစိုးရအေနနဲ႔ကေတာ့ လက္ရွိအေနနဲ႔ အစီအစဥ္ဆြဲထားတာေတာ့ ေလာေလာဆယ္မရွိေသးဘူး၊ အခုကာလကလည္း ေရြးေကာက္ပြဲ မဲဆြယ္သြားေနတာဆိုေတာ့၊ ေရြးေကာက္ပြဲ ၿပီးသြားရင္ေတာ့ အဲဒီကိစၥကို ျပန္တိုင္ပင္သြားမွာပါ” ဟု စည္ပင္ဝန္ႀကီး ဉီးစိုးထက္မွေျပာသည္။

တမ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ယခုလက္ရွိ ပလက္၀ၿမိဳ႕ေပၚစစ္ေဘးေရွာင္စခန္းတြင္ လူဦးေရ( ၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕ေပၚ စစ္ေဘးေရွာင္စခန္းတြင္ လူဦးေရ ၃၃၀၀ ေက်ာ္၊ မီးဇာေက်းရြာစစ္ေဘးေရွာင္စခန္းတြင္လူဦးေရ (၅၀၀) ေက်ာ္၊ စိမ့္စင္းေက်းရြာတြင္ လူဦးေရ ၂၀၀ ေက်ာ္ရွိၿပီး စုစုေပါင္း စစ္ေဘးေရွာင္ျပည္သူတစ္ေသာင္းနီးပါးခန္႔ရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.