• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဧ၀ံဂေလိတရားဟောဆရာကို သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် (၄၃) နှစ် အမိန့်ချ

ဧ၀ံဂေလိတရားဟောဆရာကို သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် (၄၃) နှစ် အမိန့်ချ

0
By Editor on January 16, 2019 Headline

by – လားနွန်

သက်ငယ်အမျိုးသမီးငယ် (၂) ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဧ၀ံဂေလိ တရားဟောဆရာ Lal Biak Lar (ခေါ်) Lar Boih ကို ကလေးမြို့တရားရုံးက ထောင်ဒဏ် (၄၃) နှစ် အမိန့်ချမှတ်လိုက်သည်။

ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၂၃ (နာကျင်စေမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁ (မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှု) တို့ဖြင့် ထောင်ဒဏ် (၄၃) နှစ်ကျခံစေရန် ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဧဝံဂေလိတရားဟောဆရာ Lar Boih သည် ဖလမ်းမြို့နယ်မှ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာရှိ ၎င်းတို့နေအိမ်တွင် လာရောက်နေထိုင်ကြသော မိုင်…. (၁၅နှစ်) ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်…. (၁၄နှစ်) ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်သည့်ဟုဆိုကာ ကာယကံရှင်ကလေးမိဘများကိုယ်တိုင်မှ တာဟန်းရဲစခန်းတွင်၂၀၁၈ ခုနှစ်ဧပြီလ (၁၃) ရက်တွင် အမှုဖွင့်ပြီး အရေးယူထားခြင်းဖြစ်ပြီး ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်လည်း ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်နေ ဦးထန်ထွမ်းမာ (Thangthuama) (၄၅) နှစ်က (၁၁) နှစ်အရွယ် တူမလေးကို မုဒိမ်းမှုကျူးလွန်ခဲ့သောကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၂၀) နေ့တွင် ကလေးခရိုင်တရားရုံးမှ ထာင်ဒဏ် (၂၂) နှစ်ချမှတ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.