• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မြွေတောင်ဒေသမှ အဖိုးတန်သတ္တုများ ခိုးယူတူးဖော်နေသူကို ZRA က ကျည်တစ်တောင့်နှင့် သတိပေးစာပို့

မြွေတောင်ဒေသမှ အဖိုးတန်သတ္တုများ ခိုးယူတူးဖော်နေသူကို ZRA က ကျည်တစ်တောင့်နှင့် သတိပေးစာပို့

0
By Editor on June 17, 2019 Khonumthung

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်ဒေသမှ အဖိုးတန်သတ္တုများအား တရားမ၀င် ခိုးယူတူးဖော်နေသည်​ဟုဆိုကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ဦးသန်းဆောင်ကို ဇိုးမီးတော်လှန်ရေးတပ်မတော် (Zomi Revolutionary Army) က ကျည်ဆံတစ်တောင့်နှင့် သတိပေးစာတစ်စောင်ကို ဇွန်လ ၁၃ ရက်နေ့က ပေးပို့သည်ဟု သိရသည်။

ZRA အရှေ့ပိုင်းတိုင်း စစ်ကြောင်းမှူး ဗိုလ်မှူး ဇိုထန် မှ လက်မှတ်ရေးထိုးသည့် အဆိုပါ သတိပေးစာထဲတွင် ဦးသန်းဆောင်သည် ဇိုမီးလူမျိုးတို့၏ ဘိုးဘွားပိုင် မြွေတောင်ဒေသမှ အဖိုးတန် သတ္တုရတနာများကို ကြိမ်ဖန်များစွာ တရားမ၀င် ခိုးယူ တူးဖော်နေကြောင်း ခိုင်လုံစွာ သတင်းရရှိပြီး နောက်နောင်တွင် မိမိတို့ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)၏ မျက်ကွယ်တွင် ထပ်မံကျူးလွန်ပါက တော်လှန်ရေး လုပ်ထုံး၊ လုပ်နည်းအတိုင်း အရေယူမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ်နှင့်နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာသတိပေးလိုက်သည် ဟု ဖော်ပြထားသည်။

ဇိုမီးတော်လှန်ရေးတပ်မတော်သည် အိန္ဒိယအရှေ့မြောက်ဒေသ မဏိပူရပြည်နယ်တွင် အခြေစိုက်သည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ မဏိပူရပြည်နယ် Churachandpur ဒေသတွင်အဓိကခြေကုပ်ယူလှုပ်ရှားပြီး မြန်မာပြည်ဘက်ခြမ်းသို့ ၀င်ရောက်လှုပ်ရှားလေ့မရှိပေ။ အိန္ဒိယဗဟိုအစိုးရနှင့်လည်း ငြိမ်းချမ်းရေးရယူထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ယခု သတိပေးခံရသည့် ဦးသန်းဆောင်သည် မြွေတောင်ဒေသရှိ အဖိုးတန်သတ္တုများကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက တရားမ၀င်တူးဖော်လေ့ရှိသည်ဟု နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် တခြားနာမည်ဖြင့် ဆက်လက်တူးဖော်မှုများပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်နိုင်သည်ဟု မြွေတောင်းအရေးလှုပ်ရှားနေသူတစ်ဦးကပြောသည်။

ဘူမိဗေဒပညာရှင်များ၏ လေ့လာခန့်မှန်းချက်အရ မြွေတောင်ဒေသတွင် အဖိုးတန်သတ္တုများဖြစ်သည့် နီကယ်၊ သံ၊ ခရိုမိုက် စသည့် မက်ထရစ်တန်ချိန်ပေါင်းများစွာထွက်ရှိနိုင်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အစောပိုင်းကလာတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် North Mining Investment Company မှ တူးဖော်ထုတ်လုပ်ရန် လာရောက်စမ်း သပ်လေ့လာမှုများရှိခဲ့သော်လည်း ပွင့်လင်းမြင်သာမှုရှိဟုဆိုကာ ချင်းနိုင်ငံရေးပါတီနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.