• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှ ရွာသား ၃၀၀ ကျော်တိမ်းရှောင်

မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှ ရွာသား ၃၀၀ ကျော်တိမ်းရှောင်

0
By Editor on May 1, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အောက်သဲမ၀အုပ်စု၊ ကျောက်ဖျာရွာနှင့် ဆင်အိုးဝကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်(AA) တပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၃၀၀ ကျော်တို့သည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်ဖျာကျေးရွာမှ အိမ်ခြေ ၄၆၊ လူဦးရေ ၂၄၀ နှင့် ဆင်အိုးဝကျေးရွာမှ အိမ်ခြေ ၃၄ လူဦးရေ ၁၄၀ စုစုပေါင်း လူဦးရေ ၃၈၃ တို့သည် အောက်သဲမ၀ကျေးရွာသို့ ယနေ့ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ထံမှ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အောက်သဲမ၀ကျေးရွာဥက္ကဌက “ညနေပိုင်း ၄ နာရီလောက်က ရောက်လာကြတယ် ဒါပေမယ့် သူတို့ရွာကို ပစ္စည်းတွေသိမ်းဖို့ပြန်သွားကြတယ်၊ တိုက်ပွဲဆက်ဖြစ်ပြီး စိုးရိမ်ရရင်တော့ သူတို့ပြန်လာကြမယ်ပြောတယ်” ဟု ပြောသည်။

ကျောက်ဖျာရွာနှင့် ဆင်အိုးဝကျေးရွာသည် ကုလားတန်မြစ်တဖက်ကမ်းတွင်တည်ပြီး အောက်သဲမ၀ကျေးရွာနှင့် စက်လှေဖြင့် ၅ မိနစ်ခန့်သွားရသည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်နှင့် ဆိုင်ကယ်ဖြင့် တစ်နာကျော်ကျော်သွားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.