• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါ ကာကြယ္တု႔ံျပန္ႏိုင္ေရးအတြက္ ကန္ေဒၚလာသန္း ၅၀ ကမၻာ့ဘဏ္ထုတ္ေခ်းမည္

ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါ ကာကြယ္တု႔ံျပန္ႏိုင္ေရးအတြက္ ကန္ေဒၚလာသန္း ၅၀ ကမၻာ့ဘဏ္ထုတ္ေခ်းမည္

0
By Editor on April 21, 2020 Headline

#Zawgyi

ျမန္မာႏိုင္ငံ၏ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ရန္အတြက္ ကန္ေဒၚလာ သန္း ၅၀ ထုတ္ေခ်းေပးသြားမည္ျဖစ္ေျကာင္း ယမန္ေန႔ (ဧျပီလ ၂၀) က ကမၻာ့ဘဏ္မွ သတင္းထုတ္ျပန္လိုက္သည္။

ယခုထုတ္ေခ်းေငြသည္ ကမၻာ့ဘဏ္ (World Bank) က ကမၻာလံုးဆိုင္ရာ COVID-19 ကူးစက္ေရာဂါ အေရးေပၚကာကြယ္တံု့ျပန္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ရန္အတြက္ ခ်မွတ္သည့္ အစီအစဉ္၏ အစိတ္အပိုင္းတစ္ခုျဖစ္ေျကာင္း ေဖာ္ျပထားသည္။

ယင္းအကူအညီျဖင့္ ျမန္မာနိုင္ငံအတြင္း အလ်င္အျမန္ ကူးစက္ျပန္႔ပြားေနသည့္ COVID-19 ေရာဂါ ကာကြယ္ေရးႏွင့္ ၾကိဳတင္ျပင္ဆင္ေရး စီမံေဆာင္ရြက္လ်က္ရွိသည့္ လုပ္ငန္းမ်ားတြင္ ထပ္ေလာင္းအားျဖည့္ေပးသြားမည္ျဖစ္ေျကာင္း ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္။

ကမၻာ့ဘဏ္၏ ျမန္မာ၊ ကေမၻာဒီးယားနွင့္ လာအိုနိုင္ငံတို့၏ နိုင္ငံဆိုင္ရာ ဒါရိုက္တာတစ္ဦးျဖစ္သူ မာရီယန္ရွာမန္က “ဒီအစီအစဥ္ကေန ေရာဂါျပန့္ပြားမႈကို ေလွ်ာ့ခ်ေပးနိုင္မွာျဖစ္ျပီး က်န္းမာေရးဝန္ထမ္းေတြကို အကာအကြယ္ ပိုမိုေပးအပ္နိုင္မွာျဖစ္တဲ့အျပင္ ေရာဂါကူးစက္ခံရသူေတြ၊ ေရာဂါ ျပင္းထန္စြာခံစားရသူေတြ ျပန္လည္သက္သာလာေစဖို႔နဲ႔ ေသဆံုးမႈနႈန္းကို ေလွ်ာ့ခ်နိုင္ဖို႔ အေထာက္အကူျပဳႏိုင္မယ္လို႔ ယံုျကည္ပါတယ္” ဟု ေျပာၾကားထားသည္။

ဤစီမံကိန္းတြင္ တိုင္းေဒသျကီးနွင့္ ျပည္နယ္အသီးသီးရွိ ဗဟိုအဆင့္ ေဆးရံု (၈) ရံုနွင့္ တိုင္းေဒသျကီးနွင့္ ျပည္နယ္အဆင့္ရွိ ေဆးရံု (၄၃) ရံုပါဝင္မည္ျဖစ္သည္။

ယေန႔နံနက္ပိုင္း ၁၁ နာရီအခ်ိန္အထိ ေဆးစစ္ခ်က္အေျဖအရ ျမန္မာႏိုင္ငံတြင္ ဓာတ္ခြဲစစ္ေဆးသူစုစုေပါင္း (၄၆၉၂) ဦး၊ COVID-19 ေရာဂါပိုးကူးစက္ခံရသူ (၁၁၉) ဦး၊ ပိုးေတြ႔ေသဆုံးလူနာ (၅) ဦးႏွင့္ ပိုးေတြ႔ျပန္လည္သက္သာလာသူ (၇) ဦးရွိေၾကာင္းသိရသည္။

#Unicode

မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကန်ဒေါ်လာ သန်း ၅၀ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဧပြီလ ၂၀) က ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်လိုက်သည်။

ယခုထုတ်ချေးငွေသည် ကမ္ဘာ့ဘဏ် (World Bank) က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါ အရေးပေါ်ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချမှတ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအကူအညီဖြင့် မြန်မာနိုင်ငံအတွင်း အလျင်အမြန် ကူးစက်ပြန့်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ထပ်လောင်းအားဖြည့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ မာရီယန်ရှာမန်က “ဒီအစီအစဉ်ကနေ ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ် ပိုမိုပေးအပ်နိုင်မှာဖြစ်တဲ့အပြင် ရောဂါကူးစက်ခံရသူတွေ၊ ရောဂါ ပြင်းထန်စွာခံစားရသူတွေ ပြန်လည်သက်သာလာစေဖို့နဲ့ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ဖို့ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားထားသည်။

ဤစီမံကိန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ (၈) ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ ဆေးရုံ (၄၃) ရုံပါဝင်မည်ဖြစ်သည်။

ယနေ့နံနက်ပိုင်း ၁၁ နာရီအချိန်အထိ ဆေးစစ်ချက်အဖြေအရ မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း (၄၆၉၂) ဦး၊ COVID-19 ရောဂါပိုးကူးစက်ခံရသူ (၁၁၉) ဦး၊ ပိုးတွေ့သေဆုံးလူနာ (၅) ဦးနှင့် ပိုးတွေ့ပြန်လည်သက်သာလာသူ (၇) ဦးရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.