Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံး

၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံး

0
By Editor on February 14, 2023 Headline

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်း သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

Chin National Army (CNA) ဦးဆောင်သော ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်ဒေသနှင့် ထန်တလန်မြို့နယ်တို့တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

CNA ၏ တပ်မဟာ ၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့် ရေဇွာမြို့အကြား ဇိုတုန်ဒေသအတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က အင်အား ၁၃၀-၁၅၀ အကြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော CDF-Matupi, CDF-Zotung, CDF-Mara တို့မှ ၆ ရက်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ထန်တလန်မြို့တွင် CNA နှင့် CDF-Thantlang တပ်ဖွဲ့တို့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်သားနှင့် ရဲ ၆ ဦးကို လက်နက်များနှင့်တကွ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက် ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း CNA တပ်မဟာ ၄ နယ်မြေအတွင်းရှိ လိုင်သွီးကျေးရွာအနီး၌ ရိက္ခာသယ်ယူနေသော CNA နှင့် CDF-Hualngoram ရဲဘောများကို စစ်ကောင်စီ၏ လက်ပါးစေ ZRA မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ZRA ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNF က ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ပစ်ခတ်ခဲ့ပြီး လက်ရှိတွင်လည်း ဟားခါးမြို့ ဗျူဟာကုန်းမှလည်း ထန်တလန်ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင်ဖြစ်ပွားသည့် ယင်း ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်အလက် ၅၀ ကျော်နှင့် ခဲယမ်းအမြောက်အများ သိမ်းယူနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း CNA ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၃ ဦး ချင်းပြည်နှင့် ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်ဟု CNF က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.