• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဘတ်ဂျက် ဘီလီယံ ၂၆၀ ကျော်ချထား

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဘတ်ဂျက် ဘီလီယံ ၂၆၀ ကျော်ချထား

0
By Editor on November 7, 2019 Headline

ချင်းပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရက ကျပ် ဘီလီယံ ၂၆၀ ကျော် ဘတ်ဂျက်ချထားသည်ဟု သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျပ်ငွေ ၂၆၃.၂၈၉ ဘီလီယံချထားပြီး ပြည်နယ်ဘတ်ဂျက် ကျပ်ငွေ ၁၂၇.၂၂၈ နှင့် ပြည်ထောင်စု ဘတ်ဂျက်ငွေမှာ ၁၃၆.၀၆၁ ဘီလီယံရှိကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့ ချင်းမီဒီယာနှင့် ပြည်နယ်အစိုးရတွေ့ဆုံပွဲတွင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော ပြောကပြောသည်။

“၁၃၆.၀၆၁ ဘီလီယံက ပြည်ထောင်စုဝန်ကြီးဌာနကနေ ချင်းပြည်နယ် ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမယ့် ရံပုံငွေဖြစ်တယ်။ ခုနက ကျပ်ငွေ ၁၂၇.၂၂၈ ဘီလီယံကတော့ ပြည်ထောင်စုကနေ ပြည်နယ် အစိုးရကို ချထားပေးပြီးတော့မှ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မယ့် Investment ဘတ်ဂျက်လျာထားချက်ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုပါသည်။

ယခင်နှစ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘတ်ဂျက် ၁၁၀ နှင့် ပြည်ထောင်စု ဘတ်ဂျက် ၁၁၀ ဘီလီယံစီ သာရှိခဲ့ရာကနေ ယခုနှစ်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် ဘတ်ဂျက်ငွေ တိုးပြီး ချပေးထားကြောင်း သိရသည်။

ဝန်ကြီးကဆက်လက်ပြီး ” ပြည်နယ်ရဲ့ဘတ်ဂျက်ကို မြို့နယ် (၉) ခုနဲ့ အညီအမျှဖြစ်အောင် လုပ်လို့တော့ မရပါဘူး။ မြို့နယ်အလိုက် ပြည်ထောင်စုနဲ့ ပြည်နယ်ရဲ့ စီမံကိန်းတွေများနေတဲ့ မြို့နယ်တွေက ဘတ်ဂျက်လျာထားချက်က များတာဖြစ်ပါတယ်” ဟုဆိုပါသည်။

ချင်းပြည်နယ် မြို့တော် ဟားခါးမှာ ယခင်ကတည်းကနေ ပညာရေးကော်လိပ်၊ အားကာသိပ္ပံ၊ သားဖွားသင်တန်းကျောင်းများနှင့် ဖလမ်းမြို့ရှိ လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းများကို ယခင်နှစ် အဆက်ဆက်များမှ ယနေ့အထိ ပြည်ထောင်စုအစိုးရက အကောင်အထည်ဖေါ်လုပ်ဆောင်နေသည့်အတွက် စီမံကိန်းများသည့်မြို့နယ်နှင့် စီမံကိန်းနည်းသည့်မြို့နယ်၏ ဘတ်ဂျက်သုံးစွဲမှု တူညီနိုင်မည်မဟုတ်ကြောင်း ၀န်ကြီးက ထောက်ပြခဲ့ပါသည်။

ချင်းပြည်နယ်၏ ဘတ်ဂျက်ထဲမှ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းကို ဦးစားပေး လုပ်ဆောင် နေသည့်အတွက် လမ်းဦးစီးဌာနက လုပ်ဆောင်သည့် လမ်းအရည်အသွေးအပေါ်မူတည်ကာ မြို့နယ်အလိုက် ဘတ်ဂျက်ကွာဟမှုရှိကြောင်း သို့သော် နတလနှင့် ကျေးလက်ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်အတွက် ၉မြို့နယ်အတွင်း ဘတ်ဂျက်အညီအမျှဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် ဧရိယာအကျယ်ဆုံးဖြစ်သလို လူဦးရေလည်း အများဆုံးမြို့နယ်ဖြစ်နေသော်လည်း ပလက်ဝမြို့နယ်သည် ကျေးလက်ဦးစီးဌာနမှ လုပ်ငန်း ဆောင်ရွက်မှု အနည်းဆုံးဖြစ်သောကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် နတလနှင့် ကျေးလက်ဦးစီးဌာနအတွက် ဘတ်ဂျက်ငွေအများဆုံး လျာထားပေးသည့် မြို့နယ်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း မြို့နယ်အလိုက် လမ်းပြီးစီးမှု အနေအထားအပေါ်မူတည်ပြီး ပြည်နယ်အစိုးရအနေဖြင့် ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်မည့် မြို့နယ်များအတွက် ဘတ်ဂျက်ငွေ ပိုမိုချထားမှု ဆက်လက် လုပ်ဆောင်သွားရန်ရှိနေသောကြောင့် ၉မြို့နယ်အတွက် တပြိုင်တည်း ညီတူညီမျှချမှတ်နိုင်ရန် မဖြစ်နိုင်ကြောင်း ၀န်ကြီးကဆိုသည်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ လမ်းဦးစီးဌာနအတွက် ဘတ်ဂျက်လျာထားချက် ၅၁.၃၉၀ ဘီလီယံ၊ ကျေးလက် ၂၃.၅၅၁ ဘီလီယံ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ တိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာန ၁၈.၃၃၈ ဘီလီယံ၊ စည်ပင် ၈.၄၈၄ ဘီလီယံနှင့် လျှပ်စစ် ၇.၃၁၀ ဘီလီယံကျပ်အသီးသီးအား ပြည်နယ်အစိုးရ ချမှတ်ပေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.