Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“၂၀၂၀ ဟာ အဆိုးရြားစစ္ဒဏ္ခံခဲ့ရတဲ့ႏွစ္လို႔ေျပာလို႔ရတယ္’’

“၂၀၂၀ ဟာ အဆိုးရြားစစ္ဒဏ္ခံခဲ့ရတဲ့ႏွစ္လို႔ေျပာလို႔ရတယ္’’

0
By Editor on December 23, 2020 Headline

#Unicode

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Human Rights & Freedom Program Director Salai Sang Hnin Lian တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

Benezer – ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့(CHRO) က ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲ မှာ အဓိကဘာတွေပါဝင်တာလဲ၊ ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘယ်လိုလူ့အခွင့်အရေးချိူးဖောက်မှုတွေဖြစ်ပွားခဲ့ လဲ၊ အဲဒီလူ့အခွင့်အရေးချိူးဖောက်မှုတွေဟာ ဘယ်သူတွေကကျူးလွန်ခဲ့ကြတာလဲ စတဲ့အကြောင်းအရာကိစ္စနဲ့ပတ်သက်ပြီး CHRO အဖွဲ့ရဲ့ Human Rights Education & Freedom of Religion or Belief Program မှ Director Salai Sang Hnin Lian ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ၂၀၂၀ Annual Report ထုတ်ထားတယ်ပေါ့နော်၊ အဲဒီအကြောင်းကိုအရင်ဆုံးပြောပေးပါဦးဗျ

ဖြေ။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၈ ကနေ ဒီနှစ် ၂၀၂၀ ထိ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာကို အမြဲတမ်းထုတ်ပါတယ်၊ ဒီနှစ်ဆို ၃ နှစ်မြောက်ရှိပြီပေါ့၊ ဒီနှစ်မှာတော့ ၂၀၂၀ နှစ်မှာ ဖြစ်ပျက်တဲ့ ချင်းပြည်သူတွေ ကြုံနေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု အဆိုးဆုံးကြုံရတဲ့အခြေအနေ၊ လူ့အခွင့်ရေးချိုးဖောက်မှု အများဆုံး ကြုံရတဲ့နေရာတွေကို အဓိကထားပြီးတော့ Annaul Report မှာ ထည့်သွင်းထားပါတယ်၊ အဓိကပါတဲ့ အချက်အလက်တွေကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင်တော့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းဘက်မှာ ချင်းတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပေါ့၊ အဓိကတော့ တိုက်ပွဲကြောင့် ဒုက္ခခံရတဲ့ ပြည်သူတွေကို အဓိကထားပြီးတော့ ထုတ်ပြန်တာဖြစ်ပါတယ်၊ ပြီးတော့ တစ်ခြားကတော့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ တစ်ခြား လူ့အခွင့်ရေးကဏ္ဍလေးတွေကိုလည်း ကျနော်တို့ ထည့်ထားပါတယ်။

မေး – ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာဘဲဖြစ်ဖြစ် ချင်းပြည်နယ်မှာဘဲဖြစ်ဖြစ် ရက္ခိုင့်တပ်မတော် နဲ့ မြန်မာ့တပ်မတော်တို့ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ ချင်းလူမျိုးတွေအနေနဲ့ ဘယ်လောက်ထိ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရလဲ။

ဖြေ – အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်တာက ၂၀၁၅ မတ်လ ၂၈ရက်နေ့မှာ ပထမဆုံး သေနတ်သံကို ချင်းပြည်နယ် ပလက်ဝမှာ ကြားခဲ့ရတာဖြစ်ပါတယ်၊ ဒီနှစ်နဲ့ဆိုရင် ငါးနှစ်တိတိ ရှိနေပြီဖြစ်တယ်၊ ဒီငါးနှစ်အတွင်းမှာ ၂၀၂၀ ဟာဆိုရင် အဆိုးဝါးဆုံးနှစ်လို့ ပြောလို့ရတယ်၊ ပြည်သူတွေအခံရဆုံး နှစ်လို့လည်းပြောလို့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၉ နောက်ပိုင်း နိုဝင်ဘာ ဒီဇင်ဘာလောက်ကနေ သေနတ်သံတွေ ပြင်းထန်စွာ ကြားရလာပြီးတော့ ၂၀၂၀ ဖေဖော်ဝါရီလ မှာဆိုရင် အဆက်သွယ်တွေအကုန်လုံး လမ်းပန်းဆက်သွယ်ရေး ဖုန်းလိုင်းတွေ အင်တာနက်တွေ အကုန်ပိတ်လိုက်တယ်၊ တပ်မတော်ဘက်ကနေ တိုက်လေယာဉ်တွေသုံးတယ်၊ လက်နက်ကြီးတွေသုံးပြီးတော့ ပြည်သူတွေရှိတဲ့ နေရာကိုလည်း မချန်ထားဘဲနဲ့ ပစ်ချခဲ့လို့ ဒီနှစ်မှာဆိုရင် အသေပျောက် ဒဏ်ရာရတဲ့သူတွေ အများဆုံးနှစ်ဖြစ်တယ်၊ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝမှာတင်မဟုတ်ဘဲနဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ရခိုင်ပြည်နယ် မြေပုံ မင်းပြားဘက်မှာလည်း ဒီလိုမျိုးအခြေအနေကြုံရတယ်၊ ၂၀၂၀ ကတော့ အဆိုးရွားဆုံးနှစ်ဖြစ်တယ်ပေါ့။

မေး။ ။ အထူးသဖြင့် ပလက်ဝမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသံတွေအနေနဲ့ စစ်ဒဏ်ကို ဘယ်လောက်ထိ ဆိုးဆိုးရွားရွားခံစားခဲ့ရလဲ။

ဖြေ – ဒီနှစ်အတွင်းကိုဘဲ ပြောမယ်ဆိုလို့ရှိရင် ၂၀၂၀ ဖေဖော်ဝါရီလမတိုင်ခင်မှာ ရက်ပေါင်း ၄၀ အတွင်း တပ်မတော်နဲ့ အေအေတွေ စစ်တွေ ကျောက်တော် အဓိကရေကြောင်းလမ်း အနီးအနားမှာ ၄၁ ရက်တိုင်တိုင် မနားဘဲနဲ့ တိုက်ပွဲ တွေဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံးပိတ်ရတယ်၊ ဖေဖော်ဝါရီ ၁၄ ရက်ကနေ လမ်းပန်း ဆက်သွယ်ရေးတွေ ပိတ်တဲ့အတွက်ကြောင့် ပလက်ဝကတော့ ဒီနေ့ဒီချိန်ထိလို့ ပြောလို့ရတယ်၊ ဝင်ထွက်သွားလာလှုပ်ရှား လို့မရတဲ့ ဒေသဖြစ်သွားတယ်၊ တစ်ဆက်တည်းမှာဘဲ ပျင်းထန်စွာ တပ်မတော်က လက်နက်ကြီးတွေသုံးတဲ့အတွက်ကြောင့် နှစ်ရက်တည်းမှာဘဲ မတ်လ ၁၅ ရက် ၁၆ ရက်မှာ ပလက်ဝနှင့် ကျောက်တော်အနီးအနားမှာရှိတဲ့ရွာတွေ ပွီဟုန်းဘက် မိတ်စာဝ ၁ ၂ ၃ ပြိုင်တင် ဘက်က တိုက်လေယာဉ်နဲ့ ရွာသားတွေရှိတဲ့နေရာကို တပ်မတော်ဘက်ကနေ မညှာဘဲနဲ့ တိုက်တဲ့အတွက်ကြောင့် နှစ်ရက်ထဲမှာ ၃၆ ယောက်နီးပါး ဒဏ်ရာရပြီးတော့ သေတဲ့လူလည်း ၂၁ယောက်လောက်ရှိတယ်၊ ဒီလိုမျိုး အခြေအနေတွေက အဆိုးရွားဆုံးဖြစ်တဲ့နှစ်လို့ပြောလို့ရတဲ့ဟာဖြစ်တယ်၊ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်လိုက်တာကြောင့် ဖေဖော်ဝါရီလကတည်းကနေ ဒီနေ့ဒီချိန်ထိ လူသားချင်းစာနာထောက်ထားပြီးတော့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့သွားတဲ့ ပြည်သူတွေလည်း သွားလာလှုပ်ရှားရတာ တော်တော်ခက်တဲ့ အခြေအနေမှာ ရှိတယ်၊ ဒါကြောင့် ပလက်ဝမှာရှိတဲ့ပြည်သူတွေ IDPs ဒုက္ခသည်တွေဘဲ မဟုတ်ဘဲနဲ့ တိုက်ရိုက်မဟုတ်ဘဲနဲ့ သွယ်ဝိုက်ပြီးတော့ စစ်ရဲ့ဒဏ်ကို ခံရတာက ပလက်ဝပြည်သူတွေအကုန်လုံးဖြစ်တယ်၊ ပလက်ဝမှာ ရွာပေါင်း ၃၇၀ ကျော်ကျော်ရှိတယ်၊ အဲဒီမှာ လူဦးရေရဲ့ တစ်ဝက်ကျော်ကျော်က စစ်ဘေးဒဏ်ကို ခံနေရတယ်၊ စားနပ်ရိက္ခာကအစ ဆေးဝါးကအစ အခက်အခဲရှိတယ်လို့ ကျနော်တို့ရဲ့ မှတ်တမ်းပြုစုချက်အရ သိရပါတယ်။

မေး။ ။ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ ဆရာတို့ရဲ့မှတ်တမ်းတွေအရ အခုချိန်ထိ ချင်းလူမျိုး ဒဏ်ရာရမှုတွေ သေဆုံးမှုတွေ အဖမ်းခံရမှုတွေ ဘယ်လောက်ထိ ရှိသွားပြီလဲမသိဘူး။

ဖြေ။ ။ ပထမဆုံးစစ်ပွဲဖြစ်ခဲ့တဲ့ ၂၀၁၅ကနေ ဒီနေ့ဒီချိန်ထိ ကျနော်တို့ တတ်နိုင်သလောက် ပြုစုတာက အသေပျောက်က ၄၆ ယောက်လောက်ရှိတယ်၊ အဲဒါက ကျနော်တို့ အတည်ပြုနိုင်တဲ့ဟာကိုဘဲ ပြောတာဖြစ်တယ်၊ တစ်ခြားအများကြီးရှိနိုင်တ ယ်၊ ပြီးတော့ ပျောက်ဆုံးတဲ့လူတွေ အဖမ်းခံရတဲ့သူတွေက ၂၀၁၅ မတ်လကနေ ၂၀၂၀ နိုဝင်ဘာလအထိ ၁၀၉ ဦးကို အဖမ်းခံရတာလား တစ်ခုခုကြောင့် သူတို့ပျောက်ဆုံးတယ်၊ အဲဒီထဲမှာ ကျနော်တို့ ချင်းတွေလည်းပါတယ်၊ ဗမာတွေလည်း ပါတယ်၊ နိုင်ငံခြားသားတွေလည်းပါတယ်၊ လွှတ်တော်အမတ်တွေလည်းပါတယ်၊ လူငယ်ခေါင်းဆောင်တွေလည်းပါတယ်၊ သာမန်လူတန်းစား တောမှာ အစာရှာဖို့သွားရင်းနဲ့ ပျောက်သွားတဲ့သူတွေလည်းရှိတယ်၊ အဲဒီထဲမှာ ရွာလုံးကျွတ်အဖမ်းခံရ တဲ့ သူတွေလည်းရှိတယ်၊ ဉပမာ ကင်းတလင်းရွာပေါ့၊ အဲဒီပျောက်သွားတဲ့သူတွေထဲမှာ အငယ်ဆုံးက ကျနော်တို့ရဲ့ မှတ်တမ်းအရ အသက်အငယ်ဆုံးက ၁၅နှစ် နဲ့ အသက်ကြီးဆုံးက အသက် ၆ဝရှိတယ်၊ အခုလက်ရှိအချိန်ထိ ကျနော်တို့ရဲ့ မှတ်တမ်းအရ ၁၆/၁၇ ယောက်လောက် ပျောက်ဆုံးနေဆဲဖြစ်တယ်၊ အေအေဆီမှာရှိတာလား တပ်မတော်ဆီမှာရှိတာလား ဆိုတာတော့ အတည်ပြုလို့မရဘူး။

ပြီးတော့ နှစ်ဘက်ကနေ မြေမြုပ်မိုင်းသုံးတဲ့အတွက်ကြောင့် ဒီနေ့အထိ ဖြစ်စဉ် ၁၂ ခုလောက် ကျနော်တို့ ပြုစုထားတာရှိ တယ်၊ ဒီနှစ်အတွင်းမှာဆိုရင် မြေမြှပ်မိုင်းထိတဲ့သူ ငါးခုလောက်ရှိတယ်၊ အဲဒီမှာ ငါးဦးသေ ငါးဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေရှိ ပါတယ်၊ မြေမြှပ်ဗုံးကတော့ တိုက်ပွဲတွေပြီးသွားရင်လည်း ကျန်နေခဲ့မှာ၊ အဲဒါက ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေ အနေမှာရှိတယ်၊ ဒီတိုက်ပွဲကြောင့်ဘဲ ဒေသဘက်မှာ အဖွဲ့အစည်းတွေကို ဦးစီးဦးဆောင်ပြီးတော့ ဒုက္ခသည်တွေအတွက် လှုပ်ရှားတဲ့သူတွေက ခြိမ်းခြောက်ခံရတယ်၊ နှစ်ဘက်စလုံးကနေ ခြိမ်းခြောက်ခံရတာဖြစ်တယ်၊ အခုလက်ရှိ သူတို့ မြို့ ရွာမှာ မနေရဲဘဲနဲ့ ထွက်ပြေးပြီးတော့ တစ်ခြားမြို့တွေ တစ်ခြားနယ်တွေမှာ တိမ်းရှောင်နေရတဲ့ ပလက်ဝချင်းပြည်သူ အများကြီးရှိတယ်၊ အကျဉ်းချုပ်ပြောရရင် ဒီနှစ် အဆိုးရွားဆုံးအခြေအနေမှာ တစ်ခြားအမျိုးသမီး တွေနဲ့ ပတ်သတ်ပြီးတော့လည်း ဖိနှိပ်ခံနေရတာတွေရှိတယ်၊ ရွာတွေမှာဆင်းပြီးတော့ တပ်မတော်ဘဲဖြစ်ဖြစ် အေအေဘဲဖြစ်ဖြစ်၊ ရွာသားတွေဆီကနေ စစ်ကြေးတောင်းတာတို့ ဆန်တောင်းတာတို့ စားစရာတွေတောင်းတာတို့ လည်းရှိတယ်၊ ဒီဟာတွေကိုလည်း ကျနော်တို့ရဲ့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

မေး။ ။ ပလက်ဝဒေသမှာဘဲဖြစ်ဖြစ် တစ်ခြားဒေသမှာဘဲဖြစ်ဖြစ် လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ဘယ်လို မျိုးပုံစံတွေများလဲ၊ အဲဒါတွေကို အေအေဘက်က ကျူးလွန်တာများလား၊ တပ်မတော်ဘက်က ကျူးလွန်တာများလား။

ဖြေ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောတဲ့နေရာမှာ အခုကျနော်တို့ မှတ်တင်တဲ့ဟာကတော့ အဓိကအနေနဲ့ ပဋိပက္ခပေါ့နော်၊ တိုက်ပွဲကြောင့် ခံနေရတဲ့ပြည်သူတွေရဲ့အခြေအနေကို အဓိကထားပြီးတော့ မှတ်တမ်းတင်တာဖြစ်တယ်၊ နံပါတ် (၁) ပြည်သူတွေအသက်ဆုံးရှုံးရတယ်၊ ၃၆ဦး အသက်ဆုံးရှုံးရတယ်၊ ၂ရဦး ဒဏ်ရာရတယ်၊ အဲဒီထဲက ၁၃ဦးက ကလေးသူငယ်တွေဖြစ်တယ်၊ ပြီးတော့ တိုက်ပွဲကြောင့်ဘဲ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပိတ်တယ်ဆိုတော့ ဒီဟာက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲအများကြီး ဆုံးရှုံးရတယ်။ ပြီးတော့ ဒီတိုက်ပွဲကြောင့်ဘဲ တစ်ဘက်နဲ့တစ်ဘက်က မယုံကြည်လို့ ပြည်သူတွေ ဒါမှမဟုတ် ရွာဉက္ကဌတွေကို ခေါ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေရှိတယ်၊ အဲဒါက တပ်မတော်ဘက်ကလုပ်တာလည်းရှိတယ်၊ အေအေဘက်ကလုပ်တာ လည်းရှိတယ်၊ မြေမြုပ်မိုင်းကြောင့်လည်း ဒုက္ခခံနေရတယ်၊ ဒီလိုမျိုးအခြေအနေမှာ အခက်ခဲဆုံးဖြစ်တဲ့ဟာကတော့ သတင်းအချက်အလက်တွေထိန်ခြန်ထားတာဖြစ်တယ်၊ အစိုးရကနေ အင်တာနက်ဆက်သွယ်ရေးတွေ ပိတ်လိုက်တဲ့ အတွက်ကြောင့် သတင်းအချက်အလက်ရယူပိုင်ခွင့် ဆုံးရှုံးတယ်၊ ကမ္ဘာမှာအရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှု ဖြစ်တယ်လို့ နိုင်ငံတကာကလည်း သိထားပြီးသားဖြစ်တယ်၊ ဒီလိုမျိုးအခြေအနေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကအများကြီးပါဘဲ၊ ခြုံငုံပြီးပြန်ပြောရရင် အသက်ဆုံးရှုံးရတယ်၊ ဒဏ်ရာတွေရတယ်၊ စားနပ်ရိက္ခာခက်ခဲတယ်၊ ပြီးတော့ ကိုဗစ်မစခင်မှာ ပလက်ဝမြို့နယ်မှာ ကျောင်းပေါင်း ၃ဝဝကျော်ရှိတဲ့အထဲက ၁ဝဝကျော်ကျော်မှာ ကလေးတွေကျောင်းမတက်နိုင်ခဲ့ဘူး၊ ကျောင်းနေရမယ့်ကလေးတွေ ကျောင်းမနေနိုင်ဘဲနဲ့ တိမ်းရှောင်နေရတဲ့ အခြေအနေမှာရှိတယ်၊ သူတို့တိမ်းရှောင်ပြီးမှ ဘာပြန်ကြုံရလဲဆိုရင် သူတို့ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ အစားအစာတွေ လုံလုံလောက်လောက်မရတဲ့ဟာတွေရှိတယ်၊ တစ်ခါတစ်လေကျရင် ဆန်ပြုတ်ပြုတ်ပြီးတော့ စားနေရတဲ့အခြေအနေမှာရှိတယ်။

မေး။ ။ စစ်ဖြစ်တဲ့နေရာတွေမှာ ကြုံရတတ်တဲ့ မုဒိန်းမှုတွေ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေရော ပလက်ဝဘက်မှရှိလား။

ဖြေ။ ။ လွန်ခဲ့တဲ့ ၉ လလောက် ကျနော်တို့ ပြုစုတဲ့ဟာထဲမှာ Case နှစ်ခု တက်လာပါတယ်၊ ဒါပေမယ့် ပလက်ဝရဲ့အခြေအနေ သတင်းစိစစ်နိုင်ဖို့အခြေအနေ၊ အခင်းဖြစ်တဲ့နေရာမှာ သွားပြီးတော့ ခံရတဲ့သူနဲ့ တိုက်ရိုက်စကားပြောတာတွေ မလုပ်နိုင်တဲ့အတွက် ကျနော်တို့အစီရင်ခံစာမှာ မထည့်လိုက်ရတဲ့ နှစ်ခုရှိတယ်၊ ကျနော်တို့အစီရင်ခံစာမှာက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းအရ အတည်မပြုနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ မထည့်ထားဘူး၊ CHRO ကလည်း အဖွဲ့အစည်းအကြီးကြီးမဟုတ်တော့ လက်လှမ်းမှီသလောက်ဘဲ လုပ်တဲ့အတွက် မြေပြင်မှာရှိတဲ့ ပြည်သူတွေက ရဲရဲဝံ့ဝံ့နဲ့ ကျနော်တို့ကို သတင်းပေးဖို့လိုတယ်၊ ပြည်သူလူထုတွေက ပူးပေါင်းဖို့လိုတယ်၊ ဒီလိုမျိုး အခြေအနေကရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကြာ ပဋိပက္ခအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် တပ်မတော်ဘက်ကနေဖြစ်ဖြစ် မုဒိန်းမှုတွေ ကျူးလွန်ခဲ့တာတွေ အများရှိတဲ့အတွက်ကြောင့် မှတ်တမ်းမတင်တဲ့အတွက် မရှိဘူးလို့ ပြောချင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့်တစ်ခြား လက်လှမ်းမမှီတာဘဲဖြစ်မယ်လို့ပြောချင်ပါတယ်။

အင်တာဗျူးအပိုင်း (၂) ဆက်ရန်…….

#Zawgyi

ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) ရဲ႕ Human Rights & Freedom Program Director Salai Sang Hnin Lian ေတြ႕ဆံုေမးျမန္းျခင္း အပိုင္း (၁)

Benezer – ခ်င္းျပည္နယ္အတြင္းျဖစ္ပြားေနတဲ့ လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြကို အနီးကပ္ေစာင့္ၾကည့္ေလ့လာေနတဲ့ ခ်င္းလူ႔အခြင့္ အေရးအဖြဲ႔(CHRO) က ၂၀၂၀ ခုႏွစ္အတြင္း ခ်င္းျပည္နယ္မွာျဖစ္ပြားေနတဲ့ အထူးသျဖင့္ ပလက္၀ၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရးခ်ဴိးေဖာက္ခံရမႈ အစီရင္ခံစာတစ္ရပ္ကို ဒီဇင္ဘာလ ၁၈ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီအစီရင္ခံစာထဲ မွာ အဓိကဘာေတြပါ၀င္တာလဲ၊ ၂၀၂၀ ခုႏွစ္အတြင္း ခ်င္းျပည္နယ္မွာ ဘယ္လိုလူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြျဖစ္ပြားခဲ့ လဲ၊ အဲဒီလူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြဟာ ဘယ္သူေတြကက်ဴးလြန္ခဲ့ၾကတာလဲ စတဲ့အေၾကာင္းအရာကိစၥနဲ႔ပတ္သက္ၿပီး CHRO အဖြဲ႔ရဲ႕ Human Rights Education & Freedom of Religion or Belief Program မွ Director Salai Sang Hnin Lian ကို ေတြ႕ဆံုေမးျမန္းထားပါတယ္။ 

ေမး။      ။ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕အေနနဲ႔ ၂၀၂၀ Annual Report ထုတ္ထားတယ္ေပါ့ေနာ္၊ အဲဒီအေၾကာင္းကိုအရင္ဆုံးေျပာေပးပါဦးဗ်

ေျဖ။       ။ က်ေနာ္တို႔ လြန္ခဲ့တဲ့ ၃ႏွစ္ ၂၀၁၈ ကေန ဒီႏွစ္ ၂၀၂၀ ထိ ႏွစ္ပတ္လည္ လူ႔အခြင့္အေရး အစီရင္ခံစာကို အျမဲတမ္းထုတ္ပါတယ္၊ ဒီႏွစ္ဆို ၃ ႏွစ္ေျမာက္ရွိၿပီေပါ့၊ ဒီႏွစ္မွာေတာ့ ၂၀၂၀ ႏွစ္မွာ ျဖစ္ပ်က္တဲ့ ခ်င္းျပည္သူေတြ ၾကဳံေနရတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ အဆိုးဆုံးၾကဳံရတဲ့အေျခအေန၊ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ အမ်ားဆုံး ၾကဳံရတဲ့ေနရာေတြကို အဓိကထားၿပီးေတာ့ Annaul Report မွာ ထည့္သြင္းထားပါတယ္၊ အဓိကပါတဲ့ အခ်က္အလက္ေတြကို ျခဳံငုံၿပီးေတာ့ ေျပာမယ္ဆိုရင္ေတာ့ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ အမ္းဘက္မွာ ခ်င္းေတြ ၾကဳံေတြ႕ေနရတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုေပါ့၊ အဓိကေတာ့ တိုက္ပြဲေၾကာင့္ ဒုကၡခံရတဲ့ ျပည္သူေတြကို အဓိကထားၿပီးေတာ့ ထုတ္ျပန္တာျဖစ္ပါတယ္၊ ၿပီးေတာ့ တစ္ျခားကေတာ့ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ တစ္ျခား လူ႔အခြင့္ေရးက႑ေလးေတြကိုလည္း က်ေနာ္တို႔ ထည့္ထားပါတယ္။ 

ေမး – ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ရဲ့ အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္မွာဘဲျဖစ္ျဖစ္ ခ်င္းျပည္နယ္မွာဘဲျဖစ္ျဖစ္ ရကၡိဳင့္တပ္မေတာ္ နဲ႔ ျမန္မာ့တပ္မေတာ္တို႔ စစ္ျဖစ္ၿပီးေနာက္ပိုင္းမွာ ခ်င္းလူမ်ိဳးေတြအေနနဲ႔ ဘယ္ေလာက္ထိ ဆုံးရႈံးနစ္နာမႈေတြ ၾကဳံေတြ႕ေနရလဲ။ 

ေၿဖ – ေအေအနဲ႔ တပ္မေတာ္ၾကား တိုက္ပြဲျဖစ္တာက ၂၀၁၅ မတ္လ ၂၈ရက္ေန႔မွာ ပထမဆုံး ေသနတ္သံကို ခ်င္းျပည္နယ္ ပလက္ဝမွာ ၾကားခဲ့ရတာျဖစ္ပါတယ္၊ ဒီႏွစ္နဲ႔ဆိုရင္ ငါးႏွစ္တိတိ ရွိေနၿပီျဖစ္တယ္၊ ဒီငါးႏွစ္အတြင္းမွာ ၂၀၂၀ ဟာဆိုရင္ အဆိုးဝါးဆုံးႏွစ္လို႔ ေျပာလို႔ရတယ္၊ ျပည္သူေတြအခံရဆုံး ႏွစ္လို႔လည္းေျပာလို႔ရတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ၂၀၁၉ ေနာက္ပိုင္း နိုဝင္ဘာ ဒီဇင္ဘာေလာက္ကေန ေသနတ္သံေတြ ျပင္းထန္စြာ ၾကားရလာၿပီးေတာ့ ၂၀၂၀ ေဖေဖာ္ဝါရီလ မွာဆိုရင္ အဆက္သြယ္ေတြအကုန္လုံး လမ္းပန္းဆက္သြယ္ေရး ဖုန္းလိုင္းေတြ အင္တာနက္ေတြ အကုန္ပိတ္လိုက္တယ္၊ တပ္မေတာ္ဘက္ကေန တိုက္ေလယာဥ္ေတြသုံးတယ္၊ လက္နက္ႀကီးေတြသုံးၿပီးေတာ့ ျပည္သူေတြရွိတဲ့ ေနရာကိုလည္း မခ်န္ထားဘဲနဲ႔ ပစ္ခ်ခဲ့လို႔ ဒီႏွစ္မွာဆိုရင္ အေသေပ်ာက္ ဒဏ္ရာရတဲ့သူေတြ အမ်ားဆုံးႏွစ္ျဖစ္တယ္၊ က်ေနာ္တို႔ ခ်င္းျပည္နယ္ ပလက္ဝမွာတင္မဟုတ္ဘဲနဲ႔ ခ်င္းလူမ်ိဳးေတြေနထိုင္တဲ့ ရခိုင္ျပည္နယ္ ေျမပုံ မင္းျပားဘက္မွာလည္း ဒီလိုမ်ိဳးအေျခအေနၾကဳံရတယ္၊ ၂၀၂၀ ကေတာ့ အဆိုးရြားဆုံးႏွစ္ျဖစ္တယ္ေပါ့။ 

ေမး။      ။ အထူးသျဖင့္ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ ျဖစ္ပြားခဲ့တဲ့ စစ္ေရးပဋိပကၡေတြေၾကာင့္ ေဒသံေတြအေနနဲ႔ စစ္ဒဏ္ကို ဘယ္ေလာက္ထိ ဆိုးဆိုးရြားရြားခံစားခဲ့ရလဲ။ 

ေၿဖ – ဒီႏွစ္အတြင္းကိုဘဲ ေျပာမယ္ဆိုလို႔ရွိရင္ ၂၀၂၀ ေဖေဖာ္ဝါရီလမတိုင္ခင္မွာ ရက္ေပါင္း ၄၀ အတြင္း တပ္မေတာ္နဲ႔ ေအေအေတြ စစ္ေတြ ေက်ာက္ေတာ္ အဓိကေရေၾကာင္းလမ္း အနီးအနားမွာ ၄၁ ရက္တိုင္တိုင္ မနားဘဲနဲ႔ တိုက္ပြဲ ေတြျဖစ္တဲ့အတြက္ေၾကာင့္ လမ္းပန္းဆက္သြယ္ေရးေတြ အကုန္လုံးပိတ္ရတယ္၊ ေဖေဖာ္ဝါရီ ၁၄ ရက္ကေန လမ္းပန္း ဆက္သြယ္ေရးေတြ ပိတ္တဲ့အတြက္ေၾကာင့္ ပလက္ဝကေတာ့ ဒီေန႔ဒီခ်ိန္ထိလို႔ ေျပာလို႔ရတယ္၊ ဝင္ထြက္သြားလာလႈပ္ရွား လို႔မရတဲ့ ေဒသျဖစ္သြားတယ္၊ တစ္ဆက္တည္းမွာဘဲ ပ်င္းထန္စြာ တပ္မေတာ္က လက္နက္ႀကီးေတြသုံးတဲ့အတြက္ေၾကာင့္ ႏွစ္ရက္တည္းမွာဘဲ မတ္လ ၁၅ ရက္ ၁၆ ရက္မွာ ပလက္ဝႏွင့္ ေက်ာက္ေတာ္အနီးအနားမွာရွိတဲ့ရြာေတြ ပြီဟုန္းဘက္ မိတ္စာဝ ၁ ၂ ၃ ၿပိဳင္တင္ ဘက္က တိုက္ေလယာဥ္နဲ႔ ရြာသားေတြရွိတဲ့ေနရာကို တပ္မေတာ္ဘက္ကေန မညႇာဘဲနဲ႔ တိုက္တဲ့အတြက္ေၾကာင့္ ႏွစ္ရက္ထဲမွာ ၃၆ ေယာက္နီးပါး ဒဏ္ရာရၿပီးေတာ့ ေသတဲ့လူလည္း ၂၁ေယာက္ေလာက္ရွိတယ္၊ ဒီလိုမ်ိဳး အေျခအေနေတြက အဆိုးရြားဆုံးျဖစ္တဲ့ႏွစ္လို႔ေျပာလို႔ရတဲ့ဟာျဖစ္တယ္၊ ေနာက္ၿပီးေတာ့ လမ္းပန္းဆက္သြယ္ေရး ျဖတ္ေတာက္လိုက္တာေၾကာင့္ ေဖေဖာ္ဝါရီလကတည္းကေန ဒီေန႔ဒီခ်ိန္ထိ လူသားခ်င္းစာနာေထာက္ထားၿပီးေတာ့ ဒုကၡသည္ေတြကို ေထာက္ပံ့ဖို႔သြားတဲ့ ျပည္သူေတြလည္း သြားလာလႈပ္ရွားရတာ ေတာ္ေတာ္ခက္တဲ့ အေျခအေနမွာ ရွိတယ္၊ ဒါေၾကာင့္ ပလက္ဝမွာရွိတဲ့ျပည္သူေတြ IDPs ဒုကၡသည္ေတြဘဲ မဟုတ္ဘဲနဲ႔ တိုက္ရိုက္မဟုတ္ဘဲနဲ႔ သြယ္ဝိုက္ၿပီးေတာ့ စစ္ရဲ့ဒဏ္ကို ခံရတာက ပလက္ဝျပည္သူေတြအကုန္လုံးျဖစ္တယ္၊ ပလက္ဝမွာ ရြာေပါင္း ၃၇၀ ေက်ာ္ေက်ာ္ရွိတယ္၊ အဲဒီမွာ လူဦးေရရဲ့ တစ္ဝက္ေက်ာ္ေက်ာ္က စစ္ေဘးဒဏ္ကို ခံေနရတယ္၊ စားနပ္ရိကၡာကအစ ေဆးဝါးကအစ အခက္အခဲရွိတယ္လို႔ က်ေနာ္တို႔ရဲ့ မွတ္တမ္းျပဳစုခ်က္အရ သိရပါတယ္။ 

ေမး။      ။ စစ္ျဖစ္ၿပီးေနာက္ပိုင္းမွာ ဆရာတို႔ရဲ့မွတ္တမ္းေတြအရ အခုခ်ိန္ထိ ခ်င္းလူမ်ိဳး ဒဏ္ရာရမႈေတြ ေသဆုံးမႈေတြ အဖမ္းခံရမႈေတြ ဘယ္ေလာက္ထိ ရွိသြားၿပီလဲမသိဘူး။

ေျဖ။       ။ ပထမဆုံးစစ္ပြဲျဖစ္ခဲ့တဲ့ ၂၀၁၅ကေန ဒီေန႔ဒီခ်ိန္ထိ က်ေနာ္တို႔ တတ္နိုင္သေလာက္ ျပဳစုတာက အေသေပ်ာက္က ၄၆ ေယာက္ေလာက္ရွိတယ္၊ အဲဒါက က်ေနာ္တို႔ အတည္ျပဳနိုင္တဲ့ဟာကိုဘဲ ေျပာတာျဖစ္တယ္၊ တစ္ျခားအမ်ားႀကီးရွိနိုင္တ ယ္၊ ၿပီးေတာ့ ေပ်ာက္ဆုံးတဲ့လူေတြ အဖမ္းခံရတဲ့သူေတြက ၂၀၁၅ မတ္လကေန ၂၀၂၀ နိုဝင္ဘာလအထိ ၁၀၉ ဦးကို အဖမ္းခံရတာလား တစ္ခုခုေၾကာင့္ သူတို႔ေပ်ာက္ဆုံးတယ္၊ အဲဒီထဲမွာ က်ေနာ္တို႔ ခ်င္းေတြလည္းပါတယ္၊ ဗမာေတြလည္း ပါတယ္၊ နိုင္ငံျခားသားေတြလည္းပါတယ္၊ လႊတ္ေတာ္အမတ္ေတြလည္းပါတယ္၊ လူငယ္ေခါင္းေဆာင္ေတြလည္းပါတယ္၊ သာမန္လူတန္းစား ေတာမွာ အစာရွာဖို႔သြားရင္းနဲ႔ ေပ်ာက္သြားတဲ့သူေတြလည္းရွိတယ္၊ အဲဒီထဲမွာ ရြာလုံးကၽြတ္အဖမ္းခံရ တဲ့ သူေတြလည္းရွိတယ္၊ ဉပမာ ကင္းတလင္းရြာေပါ့၊ အဲဒီေပ်ာက္သြားတဲ့သူေတြထဲမွာ အငယ္ဆုံးက က်ေနာ္တို႔ရဲ့ မွတ္တမ္းအရ အသက္အငယ္ဆုံးက ၁၅ႏွစ္ နဲ႔ အသက္ႀကီးဆုံးက အသက္ ၆၀ရွိတယ္၊ အခုလက္ရွိအခ်ိန္ထိ က်ေနာ္တို႔ရဲ့ မွတ္တမ္းအရ ၁၆/၁၇ ေယာက္ေလာက္ ေပ်ာက္ဆုံးေနဆဲျဖစ္တယ္၊ ေအေအဆီမွာရွိတာလား တပ္မေတာ္ဆီမွာရွိတာလား ဆိုတာေတာ့ အတည္ျပဳလို႔မရဘူး။ 

ၿပီးေတာ့ ႏွစ္ဘက္ကေန ေျမျမဳပ္မိုင္းသုံးတဲ့အတြက္ေၾကာင့္ ဒီေန႔အထိ ျဖစ္စဥ္ ၁၂ ခုေလာက္ က်ေနာ္တို႔ ျပဳစုထားတာရွိ တယ္၊ ဒီႏွစ္အတြင္းမွာဆိုရင္ ေျမျမႇပ္မိုင္းထိတဲ့သူ ငါးခုေလာက္ရွိတယ္၊ အဲဒီမွာ ငါးဦးေသ ငါးဦး ဒဏ္ရာရတဲ့ ျဖစ္စဥ္ေတြရွိ ပါတယ္၊ ေျမျမႇပ္ဗုံးကေတာ့ တိုက္ပြဲေတြၿပီးသြားရင္လည္း က်န္ေနခဲ့မွာ၊ အဲဒါက ျပည္သူေတြအတြက္ စိုးရိမ္ရတဲ့ အေျခ အေနမွာရွိတယ္၊ ဒီတိုက္ပြဲေၾကာင့္ဘဲ ေဒသဘက္မွာ အဖြဲ႕အစည္းေတြကို ဦးစီးဦးေဆာင္ၿပီးေတာ့ ဒုကၡသည္ေတြအတြက္ လႈပ္ရွားတဲ့သူေတြက ၿခိမ္းေျခာက္ခံရတယ္၊ ႏွစ္ဘက္စလုံးကေန ၿခိမ္းေျခာက္ခံရတာျဖစ္တယ္၊ အခုလက္ရွိ သူတို႔ ၿမိဳ႕ ရြာမွာ မေနရဲဘဲနဲ႔ ထြက္ေျပးၿပီးေတာ့ တစ္ျခားၿမိဳ႕ေတြ တစ္ျခားနယ္ေတြမွာ တိမ္းေရွာင္ေနရတဲ့ ပလက္ဝခ်င္းျပည္သူ အမ်ားႀကီးရွိတယ္၊ အက်ဥ္းခ်ဳပ္ေျပာရရင္ ဒီႏွစ္ အဆိုးရြားဆုံးအေျခအေနမွာ တစ္ျခားအမ်ိဳးသမီး ေတြနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ဖိႏွိပ္ခံေနရတာေတြရွိတယ္၊ ရြာေတြမွာဆင္းၿပီးေတာ့ တပ္မေတာ္ဘဲျဖစ္ျဖစ္ ေအေအဘဲျဖစ္ျဖစ္၊ ရြာသားေတြဆီကေန စစ္ေၾကးေတာင္းတာတို႔ ဆန္ေတာင္းတာတို႔ စားစရာေတြေတာင္းတာတို႔ လည္းရွိတယ္၊ ဒီဟာေတြကိုလည္း က်ေနာ္တို႔ရဲ့ အစီရင္ခံစာမွာ အေသးစိတ္ေဖာ္ျပထားပါတယ္။ 

ေမး။      ။ ပလက္ဝေဒသမွာဘဲျဖစ္ျဖစ္ တစ္ျခားေဒသမွာဘဲျဖစ္ျဖစ္ လူအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြက ဘယ္လို မ်ိဳးပုံစံေတြမ်ားလဲ၊ အဲဒါေတြကို ေအေအဘက္က က်ဴးလြန္တာမ်ားလား၊ တပ္မေတာ္ဘက္က က်ဴးလြန္တာမ်ားလား။ 

ေျဖ။       ။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈလို႔ ေျပာတဲ့ေနရာမွာ အခုက်ေနာ္တို႔ မွတ္တင္တဲ့ဟာကေတာ့ အဓိကအေနနဲ႔ ပဋိပကၡေပါ့ေနာ္၊ တိုက္ပြဲေၾကာင့္ ခံေနရတဲ့ျပည္သူေတြရဲ့အေျခအေနကို အဓိကထားၿပီးေတာ့ မွတ္တမ္းတင္တာျဖစ္တယ္၊ နံပါတ္ (၁) ျပည္သူေတြအသက္ဆုံးရႈံးရတယ္၊ ၃၆ဦး အသက္ဆုံးရႈံးရတယ္၊ ၂၇ဦး ဒဏ္ရာရတယ္၊ အဲဒီထဲက ၁၃ဦးက ကေလးသူငယ္ေတြျဖစ္တယ္၊ ၿပီးေတာ့ တိုက္ပြဲေၾကာင့္ဘဲ လမ္းပန္းဆက္သြယ္ေရးေတြ အကုန္ပိတ္တယ္ဆိုေတာ့ ဒီဟာက ျပည္သူေတြရဲ့ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ စားနပ္ရိကၡာအတြက္ အခက္အခဲအမ်ားႀကီး ဆုံးရႈံးရတယ္။ ၿပီးေတာ့ ဒီတိုက္ပြဲေၾကာင့္ဘဲ တစ္ဘက္နဲ႔တစ္ဘက္က မယုံၾကည္လို႔ ျပည္သူေတြ ဒါမွမဟုတ္ ရြာဉကၠဌေတြကို ေခၚၿပီးေတာ့ ညႇင္းပန္းႏွိပ္စက္တာေတြရွိတယ္၊ အဲဒါက တပ္မေတာ္ဘက္ကလုပ္တာလည္းရွိတယ္၊ ေအေအဘက္ကလုပ္တာ လည္းရွိတယ္၊ ေျမျမဳပ္မိုင္းေၾကာင့္လည္း ဒုကၡခံေနရတယ္၊ ဒီလိုမ်ိဳးအေျခအေနမွာ အခက္ခဲဆုံးျဖစ္တဲ့ဟာကေတာ့ သတင္းအခ်က္အလက္ေတြထိန္ျခန္ထားတာျဖစ္တယ္၊ အစိုးရကေန အင္တာနက္ဆက္သြယ္ေရးေတြ ပိတ္လိုက္တဲ့ အတြက္ေၾကာင့္ သတင္းအခ်က္အလက္ရယူပိုင္ခြင့္ ဆုံးရႈံးတယ္၊ ကမၻာမွာအရွည္ၾကာဆုံး အင္တာနက္ပိတ္ပင္မႈ ျဖစ္တယ္လို႔ နိုင္ငံတကာကလည္း သိထားၿပီးသားျဖစ္တယ္၊ ဒီလိုမ်ိဳးအေျခအေနမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကအမ်ားႀကီးပါဘဲ၊ ျခဳံငုံၿပီးျပန္ေျပာရရင္ အသက္ဆုံးရႈံးရတယ္၊ ဒဏ္ရာေတြရတယ္၊ စားနပ္ရိကၡာခက္ခဲတယ္၊ ၿပီးေတာ့ ကိုဗစ္မစခင္မွာ ပလက္ဝၿမိဳ႕နယ္မွာ ေက်ာင္းေပါင္း ၃၀၀ေက်ာ္ရွိတဲ့အထဲက ၁၀၀ေက်ာ္ေက်ာ္မွာ ကေလးေတြေက်ာင္းမတက္နိုင္ခဲ့ဘူး၊ ေက်ာင္းေနရမယ့္ကေလးေတြ ေက်ာင္းမေနနိုင္ဘဲနဲ႔ တိမ္းေရွာင္ေနရတဲ့ အေျခအေနမွာရွိတယ္၊ သူတို႔တိမ္းေရွာင္ၿပီးမွ ဘာျပန္ၾကဳံရလဲဆိုရင္ သူတို႔ရဲ့ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ စားနပ္ရိကၡာ အစားအစာေတြ လုံလုံေလာက္ေလာက္မရတဲ့ဟာေတြရွိတယ္၊ တစ္ခါတစ္ေလက်ရင္ ဆန္ျပဳတ္ျပဳတ္ၿပီးေတာ့ စားေနရတဲ့အေျခအေနမွာရွိတယ္။ 

ေမး။      ။ စစ္ျဖစ္တဲ့ေနရာေတြမွာ ၾကဳံရတတ္တဲ့ မုဒိန္းမႈေတြ အမ်ိဳးသမီးေတြအေပၚ ကိုယ္ထိလက္ေရာက္ က်ဴးလြန္တာေတြေရာ ပလက္ဝဘက္မွရွိလား။ 

ေျဖ။       ။ လြန္ခဲ့တဲ့ ၉ လေလာက္ က်ေနာ္တို႔ ျပဳစုတဲ့ဟာထဲမွာ Case ႏွစ္ခု တက္လာပါတယ္၊ ဒါေပမယ့္ ပလက္ဝရဲ့အေျခအေန သတင္းစိစစ္နိုင္ဖို႔အေျခအေန၊ အခင္းျဖစ္တဲ့ေနရာမွာ သြားၿပီးေတာ့ ခံရတဲ့သူနဲ႔ တိုက္ရိုက္စကားေျပာတာေတြ မလုပ္နိုင္တဲ့အတြက္ က်ေနာ္တို႔အစီရင္ခံစာမွာ မထည့္လိုက္ရတဲ့ ႏွစ္ခုရွိတယ္၊ က်ေနာ္တို႔အစီရင္ခံစာမွာက လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းအရ အတည္မျပဳနိုင္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ မထည့္ထားဘူး၊ CHRO ကလည္း အဖြဲ႕အစည္းအႀကီးႀကီးမဟုတ္ေတာ့ လက္လွမ္းမွီသေလာက္ဘဲ လုပ္တဲ့အတြက္ ေျမျပင္မွာရွိတဲ့ ျပည္သူေတြက ရဲရဲဝံ့ဝံ့နဲ႔ က်ေနာ္တို႔ကို သတင္းေပးဖို႔လိုတယ္၊ ျပည္သူလူထုေတြက ပူးေပါင္းဖို႔လိုတယ္၊ ဒီလိုမ်ိဳး အေျခအေနကရွိနိုင္ပါတယ္၊ ဘာျဖစ္လို႔လဲဆိုရင္ က်ေနာ္တို႔ျမန္မာနိုင္ငံရဲ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀ ၾကာ ပဋိပကၡအေျခအေနကို ၾကည့္မယ္ဆိုလို႔ရွိရင္ တပ္မေတာ္ဘက္ကေနျဖစ္ျဖစ္ မုဒိန္းမႈေတြ က်ဴးလြန္ခဲ့တာေတြ အမ်ားရွိတဲ့အတြက္ေၾကာင့္ မွတ္တမ္းမတင္တဲ့အတြက္ မရွိဘူးလို႔ ေျပာခ်င္တာေတာ့မဟုတ္ဘူး၊ ဒါေပမယ့္တစ္ျခား လက္လွမ္းမမွီတာဘဲျဖစ္မယ္လို႔ေျပာခ်င္ပါတယ္။ 

အင္တာဗ်ဴးအပိုင္း (၂) ဆက္ရန္……. 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.