Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂၀၂၀ ေရြးေကာက္ပြဲမွာ ထန္တလန္ၿမိဳ႕ေဒသခံေတြ ဘယ္လိုလႊတ္ေတာ္ကိုယ္စားလွယ္မ်ဴိးကို ေရြးခ်ယ္ၾကမလဲ?

၂၀၂၀ ေရြးေကာက္ပြဲမွာ ထန္တလန္ၿမိဳ႕ေဒသခံေတြ ဘယ္လိုလႊတ္ေတာ္ကိုယ္စားလွယ္မ်ဴိးကို ေရြးခ်ယ္ၾကမလဲ?

0
By Editor on November 3, 2020 Headline

#Unicode

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ထန်တလန်မြို့က ဒေသခံပြည်သူတွေအနေနဲ့ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးရွေးချယ်ကြမှာလဲ။ အသစ်တက်လာမယ့် အစိုးရကို ဘာတွေဦးစားပေးလုပ်စေချင်ပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထန်တလန်မြို့က ဒေသခံပြည်သူတစ်ချိူ့ရဲ့ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

Anna Par Dawh Chin – Civil Engineer

ကျမအမြင်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ရွေးချယ်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကတော့ ရွေးကောက်ပွဲပြီးရင်လည်း ပြည်သူနဲ့မကင်းကွာအောင် အမြဲတမ်းအဆက်အသွယ်ရှိပြီးတော့ ပြည်သူ့အသံကိုနားထောင်တဲ့သူကို ရွေးချယ်ချင်တယ်၊ ကျမအနေနဲ့ကတော့ လူငယ်တွေကို ဉီးစားပေးပြီးတော့ လူငယ်တွေရဲ့အခွင့်အရေးကို စဉ်းစားပေးတဲ့ အစိုးရ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်တဲ့အစိုးရ ပြည်သူတွေတိုးတက်ဖို့အတွက် ဉီးစားပေးတဲ့အစိုးရကို လိုချင်ပါတယ်။

Salai Henry Van Tha Peng – Thantlang Youth Association

ကျနော်တို့ လူမျိုးကိုကိုယ်စားပြုနိုင်ပြီးတော့ လူမျိုးချစ်စိတ်ရှိတဲ့သူကို ရစေချင်တယ်၊ အခုတက်လာမယ့် ချင်းအစိုးရသစ်အနေနဲ့ ကျနော်တို့က ချင်းလူမျိုးတွေဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားတွေကို ဉီးစားပေးပြီး လုပ်စေချင်တယ်၊ ပြီးတော့ ပညာရေးပိုင်းက အရေးကြီးဆုံးဖြစ်တဲ့အတွက် ပညာရေးပိုင်းကိုလည်း ဉီးစားပေးစေချင်တယ်။

Dawt Tial – အလှပြင်လုပ်ငန်းလုပ်ကိုင်သူ

ကျမအနေနဲ့ ပြင်ဆင်ထားတာကတော့ ချင်းပါတီ ဗမာပါတီ အဲလိုမဟုတ်ဘဲနဲ့ အလုပ်ပိုလုပ်နိုင်တဲ့ လူပုဂ္ဂိုလ်အနေနဲ့ဘဲ ကြည့်ပြီးမဲပေးမယ်လို့ပြင်ထားပါတယ်၊ ခုတက်လာမယ့်အစိုးရအနေနဲ့ ဆယ်တန်းအောင်တွေကိုလည်း အလုပ်ရနိုင်အောင် ဆောင်ရွက်ပေးစေချင်တယ်၊ ဆယ်တန်းအောင်ပြီး အလုပ်မရတဲ့သူတွေအရမ်းများနေတယ်၊ အဲဒါကြောင့် ဆယ်တန်းအောင်ဖြစ်ဖြစ် မအောင်ရင်ဘဲဖြစ်ဖြစ် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးစေချင်ပါတယ်။

Jenny Dawt Chin Tial – ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ

အရေးကြီးဆုံးအနေနဲ့ တိုင်းပြည် နဲ့ လူမျိုးကိုချစ်တဲ့သူ၊ ပြီးတော့ ပြည်သူတွေနဲ့ အမြဲထိတွေ့ပြီးတော့ ပြည်သူတွေကို ကိုယ်စားပြုနိုင်မဲ့ ကိုယ်စားလှယ်မျိုးကို လိုချင်ပါတယ်၊ ထန်တလန်အနေနဲ့ ဆေးရုံပိုင်းမှာ မပြည့်စုံဘူးလို့ ကျမထင်တယ်၊ ဖျားတာတို့နာတာတို့ဆိုရင် ဟားခါးတို့ ဖလမ်းတို့ကိုဘဲ သွားနေရတဲ့အတွက် ထန်တလန်အနေနဲ့ ဆေးရုံပိုင်းမှာ ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တယ်။

#Zawgyi

ႏို၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပျပဳလုပ္ေတာ့မယ့္ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ေဒသခံျပည္သူေတြအေနနဲ႔ ဘယ္လိုလႊတ္ေတာ္ကိုယ္စားလွယ္မ်ဴိးေရြးခ်ယ္ၾကမွာလဲ။ အသစ္တက္လာမယ့္ အစိုးရကို ဘာေတြဦးစားေပးလုပ္ေစခ်င္ပါလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ထန္တလန္ၿမိဳ႕က ေဒသခံျပည္သူတစ္ခ်ဴိ႕ရဲ့ သေဘာထားအျမင္ေတြကို စုစည္းတင္ျပလိုက္ပါတယ္။ 

Anna Par Dawh Chin – Civil Engineer 

က်မအျမင္ကေတာ့ လာမယ့္ေရြးေကာက္ပြဲမွာ ေရြးခ်ယ္ခ်င္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ ေရြးေကာက္ပြဲၿပီးရင္လည္း ျပည္သူနဲ႔မကင္းကြာေအာင္ အျမဲတမ္းအဆက္အသြယ္ရွိၿပီးေတာ့ ျပည္သူ႔အသံကိုနားေထာင္တဲ့သူကို ေရြးခ်ယ္ခ်င္တယ္၊ က်မအေနနဲ႔ကေတာ့ လူငယ္ေတြကို ဉီးစားေပးၿပီးေတာ့ လူငယ္ေတြရဲ့အခြင့္အေရးကို စဥ္းစားေပးတဲ့ အစိုးရ လူငယ္ေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းကို ဖန္တီးေပးနိုင္တဲ့အစိုးရ ျပည္သူေတြတိုးတက္ဖို႔အတြက္ ဉီးစားေပးတဲ့အစိုးရကို လိုခ်င္ပါတယ္။ 

Salai Henry Van Tha Peng – Thantlang Youth Association

က်ေနာ္တို႔ လူမ်ိဳးကိုကိုယ္စားျပဳနိုင္ၿပီးေတာ့ လူမ်ိဳးခ်စ္စိတ္ရွိတဲ့သူကို ရေစခ်င္တယ္၊ အခုတက္လာမယ့္ ခ်င္းအစိုးရသစ္အေနနဲ႔ က်ေနာ္တို႔က ခ်င္းလူမ်ိဳးေတြျဖစ္တဲ့အတြက္ က်ေနာ္တို႔ရဲ့ ရိုးရာယဥ္ေက်းမႈ၊ စာေပ၊ ဘာသာစကားေတြကို ဉီးစားေပးၿပီး လုပ္ေစခ်င္တယ္၊ ၿပီးေတာ့ ပညာေရးပိုင္းက အေရးႀကီးဆုံးျဖစ္တဲ့အတြက္ ပညာေရးပိုင္းကိုလည္း ဉီးစားေပးေစခ်င္တယ္။ 

Dawt Tial – အလွျပင္လုပ္ငန္းလုပ္ကိုင္သူ

က်မအေနနဲ႔ ျပင္ဆင္ထားတာကေတာ့ ခ်င္းပါတီ ဗမာပါတီ အဲလိုမဟုတ္ဘဲနဲ႔ အလုပ္ပိုလုပ္နိုင္တဲ့ လူပုဂၢိဳလ္အေနနဲ႔ဘဲ ၾကည့္ၿပီးမဲေပးမယ္လို႔ျပင္ထားပါတယ္၊ ခုတက္လာမယ့္အစိုးရအေနနဲ႔ ဆယ္တန္းေအာင္ေတြကိုလည္း အလုပ္ရနိုင္ေအာင္ ေဆာင္ရြက္ေပးေစခ်င္တယ္၊ ဆယ္တန္းေအာင္ၿပီး အလုပ္မရတဲ့သူေတြအရမ္းမ်ားေနတယ္၊ အဲဒါေၾကာင့္ ဆယ္တန္းေအာင္ျဖစ္ျဖစ္ မေအာင္ရင္ဘဲျဖစ္ျဖစ္ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးေစခ်င္ပါတယ္။ 

Jenny Dawt Chin Tial – ကုန္စုံဆိုင္ဖြင့္လွစ္ထားသူ

အေရးႀကီးဆုံးအေနနဲ႔ တိုင္းျပည္ နဲ႔ လူမ်ိဳးကိုခ်စ္တဲ့သူ၊ ၿပီးေတာ့ ျပည္သူေတြနဲ႔ အျမဲထိေတြ႕ၿပီးေတာ့ ျပည္သူေတြကို ကိုယ္စားျပဳနိုင္မဲ့ ကိုယ္စားလွယ္မ်ိဳးကို လိုခ်င္ပါတယ္၊ ထန္တလန္အေနနဲ႔ ေဆး႐ုံပိုင္းမွာ မျပည့္စုံဘူးလို႔ က်မထင္တယ္၊ ဖ်ားတာတို႔နာတာတို႔ဆိုရင္ ဟားခါးတို႔ ဖလမ္းတို႔ကိုဘဲ သြားေနရတဲ့အတြက္ ထန္တလန္အေနနဲ႔ ေဆး႐ုံပိုင္းမွာ ျပည့္ျပည့္စုံစုံေလးျဖစ္ေစခ်င္တယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.