• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမယ့် အစိုးရသစ်အပေါ် ဖလမ်းဒေသခံတွေ ဘာတွေမျှော်လင့်လဲ

၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမယ့် အစိုးရသစ်အပေါ် ဖလမ်းဒေသခံတွေ ဘာတွေမျှော်လင့်လဲ

0
By Editor on October 2, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ် ဖလမ်းမြို့ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိုးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြိုပ်ါက အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချို့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။

Rev. Thawng Bik (ဖလမ်းနှစ်ချင်းအသင်းတော်/ ချင်းလူမှုသိပ္ပံကျောင်း CISS ဦးဆောင်သူ)

ကျနော်တို့ ချင်းပြည်နယ်အတွက်ဆိုရင် ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့နော် ဒါကို ဒီအစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးမယ်လို့ ကျနော်တို့မျှော်လင့်တယ် တက်လာတဲ့ဘယ်အစိုးရပဲဖြစ်ဖြစ် ဒါအရေးကြီးဆုံးလို့ ထင်တယ် ဖလမ်းအတွက်ဆိုရင်လည်း နိုင်ငံတကာတွေ တက်လို့ရတဲ့ ကျောင်းတစ်ခု ဥပမာ အိန္ဒိယအစိုးရနဲ့ လုပ်မလား နယ်စပ်လည်းဖြစ်တယ် နိုင်ငံတကာကျောင်းတစ်ခုခုပေါ့ ဒါကိုအကောင်အထည်ဖော်ပေးစေချင်တယ် နောက်တစ်ခုက ပညာရေးကိုအဓိကကျဆုံးလို့ကျနော်မြင်တယ် ဒီနိုင်ငံတွေအပြောင်းအလဲလုပ်တဲ့အခါမှာ အဓိက လူသားအရင်းမြစ်ကို အားဖြည့်ကျတာပေါ့နော်အခုလက်ရှိက ချင်းပါတီတွေမှာဒါဟာကိုသိပ်ပြောတာမတွေ့ဘူး NLD အနေနဲ့လည်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်နေတယ် ဒါ General အနေနဲ့တော့လုပ်နေတယ် ဘယ်ပါတီပဲဖြစ်ဖြစ် သိပ်အားရစရာမကောင်းသေးဘူး ဒီထက်ပိုပြီးတော့မှ လူသားအရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီပညာရေးကို ဇောင်းပေးတော့မှလုပ်စေချင်တယ်။

ပါတီလည်းအရေးကြီးတယ်လို့ထင်ရပေမဲ့ အဓိကကျတာကလူပါပဲ ဒီလူသည် သူ့ရဲ့ နောက်ကြောင်းရာဇ၀င်မှာ စိတ်ချရတဲ့လား ဘယ်လိုအကျင့်မျိုးရှိလဲ ဘယ်လိုစိတ်ထားရှိလဲ ပြီးတော့ သူ့ရဲ့အကျင့်စာရိတ္တရောကောင်းရဲ့လား ဆိုတော့ ဒီလိုမျိုးအကျင့်စာရိတ္တကောင်းတဲ့လူတွေပေါ့ လူတွေမှာတော့မပြည့်စုံဘူး ဟုတ်တယ် သို့သော်များလည်း အပြစ်ကင်းစင်တဲ့လူတော့ရှိမှာမဟုတ်ဘူး သို့သော်အနည်းဆုံး ဒါကို ကျနော်တို့ကြိုးစားပြီးတော့မှ စိတ်ချရဲ့တဲ့လူကိုပဲ ရွေးပြီးတော့ မထည့်စေချင်ပါတယ် ခေါင်းဆောင်ဆိုတာ လူပုဂ္ဂိုလ်ပါပဲ အရေးအကြီးဆုံးကလူပါပဲ။

ဆရာမမေရီ (အလယ်တန်းပြဆရာမ)

အသက်သိပ်မကြီးပဲနဲ့ ဒီလူလတ်ပိုင်းတွေကိုကျမရွေးချယ်ချင်တယ် ။ ပြီးတော့ ချင်းလူမျိုးကိုချစ်တဲ့ ကိုယ့်လူမျိုးကိုချစ်ရမယ်၊လူမျိုးကိုမြင့်တင်ချင်တဲ့စိတ်ရှိတဲ့သူကို ရွေးချယ်ချင်တယ် ။ ပြီးတော့ ကိုယ့်အကျိုးအတွက်ကြည့်တဲ့သူပဲမဟုတ်ပဲနဲ့ တိုင်းပြည်အတွက်ဖြစ်ဖြစ် ကိုယ့်လူမျိုးအတွက်အနစ်နာခံမဲ့လူမျိုးကိုပဲရွေးချယ် ချင်တယ်။ တက်လာမယ့်အစိုးရအနေနဲ့ကတော့ အဓိကတော့ ပထမအချက်အနေနဲ့ ပညာရေးပေါ့ ကျမကပညာရေးမှာလုပ်နေတဲ့အခါကြတော့ ပညာရေးကို နည်းနည်းလေးပိုပြီးတော့ လုပ်ပေးစေချင်တယ် ၊ အင်တာနေရှင်နယ်မမှီရင်တောင် မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံနဲ့တန်းတူ အဆင့်မှီအောင် လုပ်ပေးစေချင်တယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းပေါ့ လမ်းပန်းဆက်သွယ်ရေးက ခုတွေ့တဲ့အတိုင်းပဲ မိုးရာသီမှာဆိုရင် တအားခက်ခဲတယ်၊ကျမတို့ချင်းပြည်နယ်ပဲမဟုတ်ဘူး ပလက်ဝဖက်တို့ဆိုရင်ပိုးဆိုးသေးတယ်အဲ့ခါကြတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်စေချင်တယ်၊ လမ်းပန်းဆက်သွယ်ရေးနည်းနည်းကောင်းလာမယ်ဆိုလို့ချင်ရင် စီးပွားရေးကို အများကြီးကို အကျိုးပြုမယ်လို့ကျမ မြင်တယ်။ ဒါကြောင့်မို့ စီးပွားရေးကိုလည်းနည်းနည်းလေး အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ကျမထင်တယ်။

မအဲလ်နီရွေးသယ် (ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း)

ကျမအနေနဲ့က ပါတီကင်းရှင်းတယ်၊ NLD ဘက်မှာဘဲဖြစ်ဖြစ် CNLD ဘက်မှာဘဲဖြစ်ဖြစ်မပါဝင်ခဲ့ဘူး၊ မပါဝင်ခဲ့ရခြင်းအကြောင်းက ပါတီကိုမကြည့်ဘဲနဲ့ ကိုယ်စားလှယ်ကို ကြည့်ပြီးတော့ မဲထည့်ချင်လို့ မပါဝင်ခဲ့တာပါ၊ ကျမအနေနဲ့ ဘယ်လိုမျိုး ကိုယ်စားလှယ်ကို ရွေးချယ်မလဲဆိုတော့ ပထမအနေနဲ့ နိုင်ငံရေးမှာ စိတ်အားထက်သန်တဲ့သူကိုရွေးမယ်၊ ဒုတိယအနေနဲ့က သူ့ရဲ့ အကျင့်စာရိတ္တကိုကြည့်ပြီးတော့ မဲထည့်မှာဖြစ်ပါတယ်၊ နောက်တက်လာမယ့် အစိုးရအနေနဲ့ အဓိကလုပ်စေချင်တာကတော့ ပညာရေးပိုင်းကို ပထမဆုံးလုပ်စေချင်ပါတယ်၊ ဘာလို့လုပ်စေချင်လဲဆိုရင် အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ်ကတည်းက ဘာလို့သူများနောက်ကျသွားလဲဆိုရင် ပညာရေးပိုင်းမှာ ဖျက်စီး ခံခဲ့ရလို့ဖြစ်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲစေချင်ရင် ပထမဆုံးအနေနဲ့ ပညာရေးပိုင်းကို ဦးစားပေးစေချင်ပါတယ်။

Joshua Lallawmpuia (ဖလမ်းလူငယ်အဖွဲ့ စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ)

အဓိကအနေနဲ့ ဘယ်လိုမျိုးလွှတ်တော်ကိုယ်စာလှယ်မျိုးကို ရွေးချယ်စေချင်လဲဆိုရင် သူတို့အလုပ်ကဘာဖြစ်သလဲ၊ အမတ်လောင်းရဲ့တာဝန်သည် ဘာဖြစ်သလဲ၊ သူတို့ရဲ့ စည်းကမ်းတွေက ဘာဖြစ်သလဲ ဆိုတဲ့ဟာကို တိတိကျကျ ဆောင်ရွက်နိုင်တဲ့သူကို ရွေးတတ်ဖို့ရန် အရမ်းအရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်၊ အခုတက်လာမယ့်အစိုးရက ဘယ်သူဘဲဖြစ်ဖြစ် ဘယ်ပါတီဘဲဖြစ်ဖြစ် ကျနော်ဖြစ်စေချင်တာက ဦးစားပေးအနေနဲ့ ဖက်ဒရယ်ကိုရဖို့ရန်အတွက် စွမ်းဆောင်နိုင်တဲ့သူတွေကို သဘောကျတယ်၊ ပြီးတော့ လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ အဲဒီအခွင့်အရေးကို လေးလေးနက်နက်နဲ့တန်ဖိုးထားပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ချင်းပြည်နယ်အတွက်ဘဲဖြစ်ဖြစ် ဖလမ်းအတွက်ဘဲဖြစ်ဖြစ် ကောင်းမယ်လို့ထင်တယ်။

#Zawgyi

ချင်းပြည်နယ် ဖလမ်းမြို့ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိုးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို မင်းတပ်မြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြိုပ်ါက အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချို့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ 

Rev. Thawng Bik (ဖလမ်းနှစ်ချင်းအသင်းတော်/ ချင်းလူမှုသိပ္ပံကျောင်း CISS ဦးဆောင်သူ)

ကျနော်တို့ ချင်းပြည်နယ်အတွက်ဆိုရင် ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့နော် ဒါကို ဒီအစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးမယ်လို့ ကျနော်တို့မျှော်လင့်တယ် တက်လာတဲ့ဘယ်အစိုးရပဲဖြစ်ဖြစ် ဒါအရေးကြီးဆုံးလို့ ထင်တယ် ဖလမ်းအတွက်ဆိုရင်လည်း နိုင်ငံတကာတွေ တက်လို့ရတဲ့ ကျောင်းတစ်ခု ဥပမာ အိန္ဒိယအစိုးရနဲ့ လုပ်မလား နယ်စပ်လည်းဖြစ်တယ် နိုင်ငံတကာကျောင်းတစ်ခုခုပေါ့ ဒါကိုအကောင်အထည်ဖော်ပေးစေချင်တယ် နောက်တစ်ခုက ပညာရေးကိုအဓိကကျဆုံးလို့ကျနော်မြင်တယ် ဒီနိုင်ငံတွေအပြောင်းအလဲလုပ်တဲ့အခါမှာ အဓိက လူသားအရင်းမြစ်ကို အားဖြည့်ကျတာပေါ့နော်အခုလက်ရှိက ချင်းပါတီတွေမှာဒါဟာကိုသိပ်ပြောတာမတွေ့ဘူး NLD အနေနဲ့လည်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်နေတယ် ဒါ General အနေနဲ့တော့လုပ်နေတယ် ဘယ်ပါတီပဲဖြစ်ဖြစ် သိပ်အားရစရာမကောင်းသေးဘူး ဒီထက်ပိုပြီးတော့မှ လူသားအရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်  ဒီပညာရေးကို ဇောင်းပေးတော့မှလုပ်စေချင်တယ်။ 

ပါတီလည်းအရေးကြီးတယ်လို့ထင်ရပေမဲ့ အဓိကကျတာကလူပါပဲ ဒီလူသည် သူ့ရဲ့ နောက်ကြောင်းရာဇ၀င်မှာ စိတ်ချရတဲ့လား ဘယ်လိုအကျင့်မျိုးရှိလဲ ဘယ်လိုစိတ်ထားရှိလဲ ပြီးတော့ သူ့ရဲ့အကျင့်စာရိတ္တရောကောင်းရဲ့လား ဆိုတော့ ဒီလိုမျိုးအကျင့်စာရိတ္တကောင်းတဲ့လူတွေပေါ့ လူတွေမှာတော့မပြည့်စုံဘူး ဟုတ်တယ် သို့သော်များလည်း အပြစ်ကင်းစင်တဲ့လူတော့ရှိမှာမဟုတ်ဘူး သို့သော်အနည်းဆုံး ဒါကို ကျနော်တို့ကြိုးစားပြီးတော့မှ စိတ်ချရဲ့တဲ့လူကိုပဲ ရွေးပြီးတော့ မထည့်စေချင်ပါတယ် ခေါင်းဆောင်ဆိုတာ  လူပုဂ္ဂိုလ်ပါပဲ အရေးအကြီးဆုံးကလူပါပဲ။ 

ဆရာမမေရီ (အလယ်တန်းပြဆရာမ)

အသက်သိပ်မကြီးပဲနဲ့ ဒီလူလတ်ပိုင်းတွေကိုကျမရွေးချယ်ချင်တယ် ။ ပြီးတော့ ချင်းလူမျိုးကိုချစ်တဲ့ ကိုယ့်လူမျိုးကိုချစ်ရမယ်၊လူမျိုးကိုမြင့်တင်ချင်တဲ့စိတ်ရှိတဲ့သူကို ရွေးချယ်ချင်တယ် ။ ပြီးတော့ ကိုယ့်အကျိုးအတွက်ကြည့်တဲ့သူပဲမဟုတ်ပဲနဲ့ တိုင်းပြည်အတွက်ဖြစ်ဖြစ် ကိုယ့်လူမျိုးအတွက်အနစ်နာခံမဲ့လူမျိုးကိုပဲရွေးချယ် ချင်တယ်။ တက်လာမယ့်အစိုးရအနေနဲ့ကတော့ အဓိကတော့ ပထမအချက်အနေနဲ့ ပညာရေးပေါ့ ကျမကပညာရေးမှာလုပ်နေတဲ့အခါကြတော့ ပညာရေးကို နည်းနည်းလေးပိုပြီးတော့ လုပ်ပေးစေချင်တယ် ၊ အင်တာနေရှင်နယ်မမှီရင်တောင် မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံနဲ့တန်းတူ အဆင့်မှီအောင် လုပ်ပေးစေချင်တယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းပေါ့ လမ်းပန်းဆက်သွယ်ရေးက ခုတွေ့တဲ့အတိုင်းပဲ မိုးရာသီမှာဆိုရင် တအားခက်ခဲတယ်၊ကျမတို့ချင်းပြည်နယ်ပဲမဟုတ်ဘူး ပလက်ဝဖက်တို့ဆိုရင်ပိုးဆိုးသေးတယ်အဲ့ခါကြတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်စေချင်တယ်၊ လမ်းပန်းဆက်သွယ်ရေးနည်းနည်းကောင်းလာမယ်ဆိုလို့ချင်ရင် စီးပွားရေးကို အများကြီးကို အကျိုးပြုမယ်လို့ကျမ မြင်တယ်။ ဒါကြောင့်မို့ စီးပွားရေးကိုလည်းနည်းနည်းလေး အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ကျမထင်တယ်။

မအဲလ်နီရွေးသယ် (ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း) 

ကျမအနေနဲ့က ပါတီကင်းရှင်းတယ်၊ NLD ဘက်မှာဘဲဖြစ်ဖြစ် CNLD ဘက်မှာဘဲဖြစ်ဖြစ်မပါဝင်ခဲ့ဘူး၊ မပါဝင်ခဲ့ရခြင်းအကြောင်းက ပါတီကိုမကြည့်ဘဲနဲ့ ကိုယ်စားလှယ်ကို ကြည့်ပြီးတော့ မဲထည့်ချင်လို့ မပါဝင်ခဲ့တာပါ၊ ကျမအနေနဲ့ ဘယ်လိုမျိုး ကိုယ်စားလှယ်ကို ရွေးချယ်မလဲဆိုတော့ ပထမအနေနဲ့ နိုင်ငံရေးမှာ စိတ်အားထက်သန်တဲ့သူကိုရွေးမယ်၊ ဒုတိယအနေနဲ့က သူ့ရဲ့ အကျင့်စာရိတ္တကိုကြည့်ပြီးတော့ မဲထည့်မှာဖြစ်ပါတယ်၊ နောက်တက်လာမယ့် အစိုးရအနေနဲ့ အဓိကလုပ်စေချင်တာကတော့ ပညာရေးပိုင်းကို ပထမဆုံးလုပ်စေချင်ပါတယ်၊ ဘာလို့လုပ်စေချင်လဲဆိုရင် အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ်ကတည်းက ဘာလို့သူများနောက်ကျသွားလဲဆိုရင် ပညာရေးပိုင်းမှာ ဖျက်စီး ခံခဲ့ရလို့ဖြစ်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲစေချင်ရင် ပထမဆုံးအနေနဲ့ ပညာရေးပိုင်းကို ဦးစားပေးစေချင်ပါတယ်။ 

Joshua Lallawmpuia (ဖလမ်းလူငယ်အဖွဲ့ စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ)

အဓိကအနေနဲ့ ဘယ်လိုမျိုးလွှတ်တော်ကိုယ်စာလှယ်မျိုးကို ရွေးချယ်စေချင်လဲဆိုရင် သူတို့အလုပ်ကဘာဖြစ်သလဲ၊ အမတ်လောင်းရဲ့တာဝန်သည် ဘာဖြစ်သလဲ၊ သူတို့ရဲ့ စည်းကမ်းတွေက ဘာဖြစ်သလဲ ဆိုတဲ့ဟာကို တိတိကျကျ ဆောင်ရွက်နိုင်တဲ့သူကို ရွေးတတ်ဖို့ရန် အရမ်းအရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်၊ အခုတက်လာမယ့်အစိုးရက ဘယ်သူဘဲဖြစ်ဖြစ် ဘယ်ပါတီဘဲဖြစ်ဖြစ် ကျနော်ဖြစ်စေချင်တာက ဦးစားပေးအနေနဲ့ ဖက်ဒရယ်ကိုရဖို့ရန်အတွက် စွမ်းဆောင်နိုင်တဲ့သူတွေကို သဘောကျတယ်၊ ပြီးတော့ လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ အဲဒီအခွင့်အရေးကို လေးလေးနက်နက်နဲ့တန်ဖိုးထားပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ချင်းပြည်နယ်အတွက်ဘဲဖြစ်ဖြစ် ဖလမ်းအတွက်ဘဲဖြစ်ဖြစ် ကောင်းမယ်လို့ထင်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.