• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»၂၀၂၃ ခုနှစ်ဟာ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဟု CJDC ဥက္ကဌပြော

၂၀၂၃ ခုနှစ်ဟာ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဟု CJDC ဥက္ကဌပြော

0
By Editor on January 3, 2023 Khonumthung

၂၀၂၃ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အင်မတန်မှအရေးပါတဲ့ကာလဖြစ်ပြီး ပိုမိုအားကောင်းတဲ့ ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ CJDC ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

CJDC ဥက္ကဌ ဆလိုင်းတလာဟဲက ဇန်နဝါရီလ ၁ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ သူရဲ့နှစ်သစ်သဝဏ်လွှာမှာ ၂၀၂၃ ခုနှစ်ဟာ “ချင်းပြည်ထောင်တည်ဆောက်ရေး (Chin Nation- Building) နှစ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချင်းအမျိုးသားတော်လှန်းကို ဆက်လက်တိုက်ပွဲဝင်သွားကြရမယ်လို့ဆိုပါတယ်။

အဲဒီလိုတိုက်ပွဲဝင်ကြတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ဒေသနဲ့ မြို့နယ်အဆင့်များကို ကျော်လွန်ပြီး အမျိုးသားတစ်ရပ်အဆင့်အနေဖြင့် စုစည်းနိုင်ရေးကို အားထုတ်ကြိုးပမ်းကြဖို့ကိုလည်း CJDC ဥက္ကဌ က တိုက်တွန်းထားပါတယ်။

ယခုလိုအရေးကြီးတဲ့ကာလမှာ နေရာဒေသအသီးသီးမှာရှိနေကြတဲ့ ချင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဘာသာပေါင်းစုံက သာသနာပြုဂ္ဂိုလ်တွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ယခုဆင်နွှဲနေတဲ့ အမျိုးသားတော်လှန်ရေးမှာ ချင်းပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ချင်းအမျိုးသားတော်လှန်ရေးမှာပါဝင်ကြတဲ့ တော်လှန်ရေးရဲဘော်များအားလုံးနဲ့အတူ CJDC အဖွဲ့ဝင်အသီးသီးထံ ငွေကြေားအားဖြင့်ဖြစ်စေ၊ မိမိတို့တတ်စွမ်းနိုင်တဲ့ အခန်းကဏ္ဍအသီးသီးကနေ ကူညီထောက်ပို့ခြင်းအားဖြင့်ဖြစ်စေ ကျရာတာဝန်ကို ကျေပြွန်စွာ ပါဝင်ထမ်းဆောင်ကြသူများအားလုံးအပေါ် ဦးညွတ်ဂါရဝပြုကြောင်း၊ နောင်အနာဂတ်မှာလည်း ဆထက်ထမ်းပိုး ဆက်လက်ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ထားပါတယ်။

Chinland Joint Defense Committee (CJDC) ဟာ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာကြတဲ့ ချင်းပြည်နယ်က မြို့နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်ပါတယ်။

Zawgyi

၂၀၂၃ ခုႏွစ္ဟာ ခ်င္းျပည္ေထာင္တည္ေဆာက္ေရးအတြက္အဓိကက်မယ့္ႏွစ္ဟု CJDC ဥကၠဌေျပာ

၂၀၂၃ ခုႏွစ္ဟာ ခ်င္းတစ္မ်ဳိးသားလံုးအတြက္ အင္မတန္မွအေရးပါတဲ့ကာလျဖစ္ၿပီး ပိုမိုအားေကာင္းတဲ့ ခ်င္းျပည္ေထာင္ တည္ေဆာက္ေရးအတြက္ အဓိကက်မယ့္ႏွစ္ျဖစ္တယ္လို႔ ခ်င္းကာကြယ္ေရးတပ္ေပါင္းစုေကာ္မတီ CJDC ဥကၠဌက ေျပာဆိုလိုက္ပါတယ္။

CJDC ဥကၠဌ ဆလိုင္းတလာဟဲက ဇန္နဝါရီလ ၁ ရက္ေန႔စြဲနဲ႔ထုတ္ျပန္တဲ့ သူရဲ႕ႏွစ္သစ္သ၀ဏ္လႊာမွာ ၂၀၂၃ ခုႏွစ္ဟာ “ခ်င္းျပည္ေထာင္တည္ေဆာက္ေရး(Chin Nation- Building) ႏွစ္” ဆိုတဲ့ေဆာင္ပုဒ္နဲ႔ ခ်င္းအမ်ဳိးသားေတာ္လွန္းကို ဆက္လက္တိုက္ပြဲ၀င္သြားၾကရမယ္လို႔ဆိုပါတယ္။

အဲဒီလိုတိုက္ပြဲ၀င္ၾကတဲ့ေနရာမွာ ျပည္သူေတြအေနနဲ႔ မိမိတို႔ေဒသနဲ႔ ၿမိဳ႕နယ္အဆင့္မ်ားကို ေက်ာ္လြန္ၿပီး အမ်ဳိးသားတစ္ရပ္ အဆင့္အေနျဖင့္ စုစည္းႏိုင္ေရးကို အားထုတ္ႀကိဳးပမ္းၾကဖို႔ကိုလည္း CJDC ဥကၠဌ က တိုက္တြန္းထားပါတယ္။

ယခုလိုအေရးႀကီးတဲ့ကာလမွာ ေနရာေဒသအသီးသီးမွာရွိေနၾကတဲ့ ခ်င္းလူမႈအဖြဲ႔အစည္းက တာ၀န္ရွိပုဂၢိဳလ္ေတြ၊ ဘာသာ ေပါင္းစံုက သာသနာျပဳဂၢိဳလ္ေတြ၊ ဘာသာေရးဆိုင္ရာ တာ၀န္ရွိပုဂၢိဳလ္ေတြအေနနဲ႔ ယခုဆင္ႏႊဲေနတဲ့ အမ်ဳိးသားေတာ္ လွန္ေရးမွာ ခ်င္းျပည္သူတစ္ရပ္လံုးႏိုးၾကားမႈရွိေစေရးအတြက္ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကိုလည္း ေမတၱာ ရပ္ခံထား ပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ခ်င္းအမ်ဳိးသားေတာ္လွန္ေရးမွာပါ၀င္ၾကတဲ့ ေတာ္လွန္ေရးရဲေဘာ္မ်ားအားလံုးနဲ႔အတူ CJDC အဖြဲ႔၀င္အသီးသီးထံ ေငြေၾကားအားျဖင့္ျဖစ္ေစ၊ မိမိတို႔တတ္စြမ္းႏိုင္တဲ့အခန္းက႑အသီးသီးကေန ကူညီေထာက္ပို႔ျခင္း အားျဖင့္ျဖစ္ေစ က်ရာတာ၀န္ကို ေက်ႁပြန္စြာပါ၀င္ထမ္းေဆာင္ၾကသူမ်ားအားလံုးအေပၚ ဦးၫြတ္ဂါရဝျပဳေၾကာင္း၊ ေနာင္ အနာဂတ္မွာလည္း ဆထက္ထမ္းပိုးဆက္လက္ပါ၀င္ထမ္းေဆာင္ၾကဖို႔ ႏိႈးေဆာ္ထားပါတယ္။

Chinland Joint Defense Committee (CJDC) ဟာ ခ်င္းအမ်ဳိးသားတပ္ဦး CNF အပါအ၀င္ ေႏြဦးေတာ္လွန္ေရးကေန ေပါက္ပြားလာၾကတဲ့ ခ်င္းျပည္နယ္က ၿမိဳ႕နယ္နဲ႔ ေဒသအလိုက္ဖြဲ႔စည္းထားေသာ ခ်င္းကာကြယ္ေရးတပ္ဖဲြဲ႔၀င္ ၁၈ ဖြဲ႔နဲ႔ ဖြဲ႔စည္းထားတဲ့ တပ္ေပါင္းစုႀကီးျဖစ္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.