ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် ပြီးခဲ့သည့်မေလနှင့် ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၆၆ ဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ယနေ့ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့ပြီး ရဲဘော် (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မေလအတွင်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ နေအိမ် (၁၀) လုံး၊ တလန်ဇာရ် ကျေးရွာမှ နေအိမ် (၁၇) လုံး၊ ပါရ်သဲကျေးရွာမှ နေအိမ် (၆) လုံးနှင့် ဇောင်လေးကျေးရွာမှ နေအိမ် (၅) လုံးတို့ကို မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သိရသည်။