#Unicode
လားနွန် – ချင်းပြည်နယ်မှာ နိ်ုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ အမျိူးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ် ၄ ဦးဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ခံရတဲ့ အဲဒီအမျိူးသမီးလွှတ်တော်ကိုယ်စားလှယ် ၄ ဦးအနက် ၃ ဦးဟာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပြီး ပြန်လည်အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ တစ်ဦးကတော့ တက္ကသိုလ်ပါမောက္ခဒေါက်တာအေးအေးငွန်ဖြစ်ပြီး ပထမဆုံး အကြိမ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူဖြစ်ပါတယ်။
ချင်းမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်လွှတ်တော်သက်တမ်း ၅ နှစ်တာကာလမှာ ဘာတွေအဓိက ဦးစားပေးဆောင်ရွက်ဖို့မျှော်မှန်းကြပါသလဲ။ သူတို့ရည်မှန်းချက်အိမ်မက်တွေက ဘာတွေပါလဲ။ ခိုနူမ်းသုန်သတင်းဌာနက နေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒေါ်ကျိန်ငိုက်မန်(ZCD – တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“ကျမတို့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ အဓိက ကျမတို့ ချင်းပြည်နယ်မှာဆိုရင် Infrastructure (အခြေခံအဆောက်အ အုံ) တော်တော်များများပြီးစီးမှုတွေရှိတယ် ဒါတွေအကုန်လုုံးက ကျမတို့ ဝိုင်းပြီးမှ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရရှိတဲ့ရလဒ်ပါ လမ်းပန်းဆက်သွယ်ရေးဆိုရင်တော့ တီးတိန် တွန်းဇံ ကျီးခါးလမ်း လမ်းမကြီးလည်းကောင်းသွားပြီ ဒါပေမဲ့ စိတ်တိုင်းကျတော့မရှိသေးပါဘူး လမ်းမကြီးတွေတော်တော်များများပြီးတယ် ကျေးလက်လမ်းတွေ အခုလုပ်ဖို့လိုပါ သေးတယ်၊
၂၀၂၀ မှာတော့ ကျမတို့ဘာလုပ်ရတော့မှာလဲဆိုရင်တော့ ကျမတို့ ချင်းပြည်နယ် လိုအပ်တာကတော့ ကျမတို့မှာ ကျောင်းသင်ခန်းစာနဲ့ အလှမ်းဝေးနေတဲ့ကလေးတွေ ကျမတို့မှာ အလုပ်အကိုင်အခွင့်အလမ်းအရမ်းနည်းသေးတယ် အဲဒီအတွက်ကျမတို့ဘာလုပ်ရမလဲဆိုတော့ သူတို့ skill တစ်ခုတစ်ခုတတ်ဖို့လိုပါတယ် ဒါကျမတို့ ဦးစားပေးချင်တာ၊ လူငယ်တွေဟာ ခေတ်အဆက်ဆက်ရဲ့ ပညာရေးမကောင်းခဲ့တဲ့ အားနည်းချက်တွေအများကြီးကြောင့်မို့လို့ ပညာရေးဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရဘူး ကျမတို့ တောင်ပေါ်ဒေသဆိုရင်ပိုပြီးမှ ပညာကိုကောင်းစွာမသင်ခဲ့ရဘူး ဘာကြောင့်လဲဆိုရင်တော့ ဆရာဆရာမ မလုံလောက်မှုတွေ လမ်းပန်းဆက်သွယ်ရေးအခက်အခဲမှု အဲဒီရဲ့ ဆိုးကျိုးတွေ၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် ကျောင်းသူကျောင်းသားတော်တော်များဟာ စာမသင်ရတဲ့လူငယ်တွေ ပညာရေးနဲ့အလှမ်းဝေးခဲ့ရတာရှိတယ် အဲဒီကလေးတွေ ကျမတို့ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးဖို့ ကျမတို့အခန်းကဏ္ဍတွေပါပဲ ဒါမှသာလျှင် နိုင်ငံရဲ့ လူသားအရင်းမြစ်စွမ်းအားတွေဖော်ထုတ်ပေးနိုင်မှာပါ ဒါတွေကတော့ အဓိကလိုအပ်တဲ့အရာတွေပေါ့လေ။
ဒေသနေပြည်သူများစားဝတ်နေရေးအဆင်ပြေအောင်ကျမတို့ ဆောင်ရွက်နိုင်ဖို့ လာမယ့်အနာဂတ်မှာ စိုက်ပျိုးမွေးမြူရေး အခြေခံပြီးတော့မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအကောင်အထည်ဖော်ဖို့လိုတယ် တွန်းဇံဧရိယာမှာတော့ ကျမတို့ကေ တာ့ ပိုးမွေးမြူရေးကစတင်နေပါပြီ ပိုးမွေးမြူရေးကနေ ရက်ကန်းတွေကစ ကျမတိို့ဆောင်ရွက်ဖို့လိုပါတယ် ဆိုတော့ ခြုံငုံပြီးပြောရမယ်ဆိုရင် ကျမတို့ တစ်ဦးခြင်းဝင်ငွေ GDP တက်အောင် ကျမတို့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံမယ် လက်မှုပညာတွေ လူငယ်တွေကို ဦးစားပေးမယ် ပြီးတော့ အိမ်တွင်း အိုးနဲ့ အိမ်နဲ့မကွာအောင် အမျိုးသမီးဝင်ငွေရရှိ အောင်နိုင်ကျမတို့လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ် ”
ဒေါ်နီရွှေလျန် (NLD – ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ သက်တမ်းအသစ်မှာတော့ ပထမဆုံးချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဖွံ့ဖြိုးရေးဆိုတဲ့နေရာမှာ လမ်းပါမယ် ပညာရေး ကျန်းမာရေး နောက်ရေ မီး အကုန်လုံးပေါ့ အဲဒီထဲမှာ ကျမကတော့ စိတ်ဝင်စားဆုံးတော့ အဓိက ပညာရေးပါ ကျမကတော့ ပညာရေးမှာလုပ်လာခဲ့တာ နှစ်ပေါင်း (၃၄) နှစ်လုပ်လာခဲ့တယ် ချင်းပြည်နယ်မှာပဲ အဲဒီ (၃၄) နှစ်လုံးလုံးမှာ ပညာရေးရဲ့ အားနည်းချက် အားသာချက်တွေကို တော်တော်လေး ကိုယ်တိုင်ကြုံခဲ့တယ် အဲဒီအတွက်ကြောင့် ၂၀၂၁ နောက်ပိုင်းမှာဆိုရင် ပညာရေးမှာလိုအပ်တဲ့ ဥပမာ ကျောင်းဆင့်တိုးတာ နောက်ဆရာဆရာမ လိုအပ်ချက် နောက်သင်ကြားရေးမှာ သင်ထောက်ကူ ကျောင်းတိုင်းမှာ သင်ထောက်ကူတွေရဲ့လိုအပ်ချက် နောက်ဆရာဆရာမတွေရဲ့ နေထိုင်ရမယ့်အဆောက်အဦးတွေ တော်တော်လေးလိုတယ် သူတို့အနေအထိုင်တော်တော်လေးကိုအဆင်မပြေကြဘူး နောက်ကလေးတွေရဲ့သင်ကြားရေးပိုင်းမှာ ဥပမာ ရွာတိုင်းမှာ မီးကအစ အဆင်မပြေဘူး မီးဆိုရင် ကျမလွှတ်တော်မှာလည်း ကျမကိုယ်တိုင်တောင်းပြီးပြီ ထန်တလန်မြို့နယ်တစ်နယ်လုံးကို ရွာပေါင်း (၉၀) ဆယ်ကျော်ကို မဟာဓာတ်အားလိုင်းဆက်သွယ်ပေးဖို့ တောင်းတယ် အဲလိုတောင်းတယ်။
ချင်းပြည်နယ် တစ်နယ်လုံးမှာလည်း အဓိက ကျမတို့ချင်းတွေက ကျေးလက်ဒေသမှာနေ့တဲ့သူက (၇၅) ရာခိုင်နှုန်း လောက်ရှိတော့ ကျောင်းအဆင့်တိုးပေးဖို့ နောက်ဆရာဆရာမလိုအပ်ချက်ကို ဖြည့်ပေးဖို့ နောက်သင်ကြားရေးနဲ့ ပတ်သက်ပြီး သင်ထောက်ကူပစ္စည်းတွေကို အတတ်နိုင်ဆုံး ဖြည့်ပေးဖို့ နောက်ဝန်ထမ်းဆရာဆရာမတွေကအစ တခြားရုံးဝန်ထမ်းတွေရဲ့ နေရေးထိုင်ရေးနောက် ချင်းပြည်နယ်မှာရှိတဲ့ ရွာတိုင်းမှာ ကလေးတွေရဲ့ သင်ကြားမှု စာပေလေ့လာတဲ့နေရာမှာလည်း တကယ်မီးကလိုအပ်တယ် အဲဒီဟာလည်းကို အဓိကစိတ်ဝင်စားတယ် အဲဒီအတွက်ကြောင့် ကျမတို့ ချင်းမှာ တခြားသယံဇာတ တွင်းထွက်ပစ္စည်းမရှိဘူး ကျမတို့ ချင်းပြည်နယ်မှာ အဓိကလူသားအရင်းအမြစ်ဖြစ်တဲ့ ပညာရေးကို ကျမတို့ တတ်နိုင်ဆုံးပြုစုပျိုးထောင်လို့ရှိရင် တစ်နေ့ကျရင် ကျမတို့လည်း တဖြည်းဖြည်း တိုးတက်လာမယ် အဲဒီအတွက်ကြောင့် အဲဒီပညာရေးကို စိတ်ဝင်စားဆုံးပဲ ကိုယ်တိုင်လည်း ပညာရေးဌာနကမှာ (၃၄) နှစ်လုပ်လာခဲ့တဲ့အတွက်ကြောင့် အားနည်းချက် အားသာချက်ကို ကိုယ့်အနေနဲ့ ချိန်စလို့ရတယ် အဲဒါကနံပတ်တစ်မှာထားပါတယ်။’’
ဒေါ်ခင်ရွှေလွင် (NLD – ကန်ပက်လက်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်)
“ ကိုယ့်ရဲ့ဒေသကတော့ မဖွံ့ဖြိုးသေးတဲ့ဒေသဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ဆောင်ရွက်မှာပေါ့ အခု ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတုန်းမှာပေါ့ ဆောင်ရွက်ဆဲလုပ်ငန်းလေး တွေရှိတယ် အဲဒီဟာတွေလည်းဆက်လုပ်နိုင်အောင်ပေါ့ ပြီးတော့ တတိယအကြိမ်လွှတ်တော်ထဲမှာဆိုရင် အမျိုးသမီးများ အပေါ်မှာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကြမ်းကို ဆွေးနွေးရမယ်ထင်တယ် အဲဒီဟာပေါ်မှာလည်း အမျိုးသမီး တွေကို ကာကွယ်ပေးနိုင်အောင် အကြမ်းဖက်မှုတွေလျော့နည်းသွားအောင် ဒီဟာမျိုးတွေ ဥပဒေအရ အကာအကွယ် ပေးနိုင်ဖို့ ဒါတွေကိုဆွေးနွေးဆောင်ရွက်သွားမယ်လို့စဉ်းစားထားပါတယ်။
ကိုယ့်ကိုမဲပေးနေတဲ့ မဲဆန္ဒရှင်တွေအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ ဘာပဲဖြစ်ဖြစ်ချင်းပြည်နယ်ကတော့ သိတဲ့ အတိုင်းပဲ ဆင်းရဲနွမ်းပါးမှုတွေရှိတယ် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ် လမ်းပန်း ဆက်သွယ်ရေးခက်ခဲတော့ ပညာရေး ကျန်းမာရေးတွေမှာလည်း နိမ့်ကျနေတာတွေအများကြီးရှိတယ် ဒါကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေကောင်းမွန်သွားအောင် သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်လို့ရတဲ့ဟာ တွေ ဆောင်ရွက်မယ် မြို့နယ်တွေမှာဆိုရင် ဥပမာပြည်နယ်အစိုးရကိုတိုက်တွန်းပြီးမှ ဆောင်ရွက်ဖို့လိုအပ်တာရှိရင်လည်း တိုက်တွန်းဆောင်ရွက်မယ် ဥပမာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြည်ထောင်စုမှာ တောင်းဆိုရမယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားတစ်ယောက်အနေနဲ့ တောင်းဆိုပြီးတော့ ကိုယ့်ရဲ့ဒေသ ဒီထက်မက အခု (၅) နှစ်သက်တမ်းထက်ပို ပြီးမှ ကျေးရွာနေတဲ့ပြည်သူလူထုတွေ လမ်းပန်းဆက်သွယ်ရေးကြောင့်အခက်အခဲမရှိအောင်ပေါ့ ပိုပြီးမှ အားထုတ်ပြီးတော့ လုပ်သွားမယ်လို့တော့စဉ်းစားထားပါတယ်။
လွှတ်တော်ကိုယ်စားတစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကျိုးမာန်တက် ဘာပဲဖြစ်ဖြစ် ပြည်သူတွေပိုပြီးမှ ကောင်းမွန်တဲ့ ဘဝတစ်ခု အရိပ်တစ်ခုဖြစ်အောင်ကိုယ်ကတော့ အဲဒါလေးတွေကို အားသွန်ခွန်စိုက်ကြိုးစားသွားပါမယ် ပေးအပ်လာတဲ့တာဝန်တွေကို ပြည်သူတွေကိုယ်စားပြုပြီးဆောင်ရွက်သွားမှာပါ”
ဒေါက်တာအေးအေးငွန် (NLD – ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်)
“ ကျမကတော့ ပါမောက္ခတစ်ယောက်ဆိုတော့ ပညာရေးကိုပဲ ပြုပြင်စရာရှိတာ ပြုပြင်မယ် မြှင့်တင်စရာရှိတာ မြှင့်တင်မယ် လိုအပ်ချက်ဘာလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ်ကဖြည့်ဆည်းဖို့ လုပ်ပေးဖို့ အဲဒါတွေကိုပဲ ရည်ရွယ်ထားတာပေါ့လေ အဓိကတော့ သူတို့မှာလိုအပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အထူးသဖြင့် မူလတန်းကလည်း အရမ်းအရေးကြီးတယ်လေ ရွာတွေမှာဆိုရင် မူလတန်းကအရမ်းအရေးကြီးတယ် နောက်အဆင့်ဆင့်အရေးကြီးပါတယ် နောက်ဒီမြို့ကြီးမှာဆိုရင် အထက်တန်းကျောင်းတွေမှာလည်း လိုအပ်ချက်တွေအများကြီးရှိတယ် ဥပမာဆိုရင် ဆရာ ဆရာမ မလုံလောက်တာတို့ သူတို့ရတဲ့ ဘွဲ့နဲ့ သင်နေရတဲ့ ဘာသာရပ်တွေမကိုက်ညီတာတို့ နောက်ပြီးတော့ အတွေ့အကြုံ စာစစ်အတွေ့အကြုံ တွေလိုအပ်ချက်တွေ အဲဒါတွေလည်းအများကြီးပြင်ရမှာလေ ဒါတွေကတော့ အရင်ဆုံးပြင်ရမယ်။
ပြီးတော့ ဆရာ ဆရာမတွေမလုံလောက်မှုကို ဘယ်လိုဖြည့်ဆည်းရမလဲ ဘယ်လိုခန့်အပ်မလဲ ဆိုတာမျိုး အဲဒါတွေလုပ်ဖို့ရှိတယ် ပထမဆုံးလိုအပ်တာ အဓိကတော့ လောလောဆယ်လိုအပ်တာ ဆရာဆရာမ မလုံလောက်တာပဲ တချို့တောရွာကျေးရွာတွေမှာဆိုရင် ဆရာဆရာမ လုံးဝမရှိတဲ့ကျောင်းတွေရှိတယ် အဲဒါကျတော့ ဆရာဆရာမ မရှိပဲဘယ်လိုလုပ် ကျောင်းသားတွေကစာတတ်မှာလဲ အဲဒါအရင်ဆုံးဖြည့်ဖို့လိုတယ် ပညာရေးကို မြှင့်တင်မယ်ဆိုရင်၊ နောက်ပြီးတော့ ဆရာ ဆရာမ အရည်အချင်းကလည်း ပြည့်စုံရမယ့်အပြင် စိတ်ရှည်ပြီး စေတနာရှိရှိနဲ့သင်ပေးမယ့် ဆရာဆရာမတွေအများကြီးလိုအပ်တယ် အဖြစ်သင်တာမျိုးမဟုတ်ဘဲနဲ့လေ ဒါမျိုးလေးတွေပေါ့ အဲဒါအရေးအကြီးဆုံးပဲ ဒါတွေကိုအရင်ဆုံးလုပ်ဖို့စဉ်းစားတာပေါ့လေ ကျမတို့လည်း အတတ်နိုင်ဆုံးကြိုးစားမယ် ပြည်သူတွေကရော အားလုံးကလည်း စေတနာနဲ့ လိုအပ်ချက်တွေကို ကူညီဖို့ ပံ့ပိုးပေးဖို့ အားလုံးကိုတောင်းဆိုပါတယ် လိုအပ်တာရှိရင်လည်း အကြံဉာဏ်လေးတွေပေးကြပါ။”
#Zawgyi
ခ်င္းျပည္နယ္မွာ ႏိ္ု၀င္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးသြားတဲ့ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲမွာ အမ်ဴိးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၃ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး၊ အမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦးဟာ ေရြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ပါတယ္။ ေရြးေကာက္ခံရတဲ့ အဲဒီအမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦးအနက္ ၃ ဦးဟာ လက္ရွိလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကၿပီး ျပန္လည္အေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ တစ္ဦးကေတာ့ တကၠသိုလ္ပါေမာကၡေဒါက္တာေအးေအးငြန္ျဖစ္ၿပီး ပထမဆံုး အႀကိမ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ေရြးခ်ယ္ခံရသူျဖစ္ပါတယ္။
ခ်င္းမ်ဴိးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ လာမယ့္လႊတ္ေတာ္သက္တမ္း ၅ ႏွစ္တာကာလမွာ ဘာေတြအဓိက ဦးစားေပးေဆာင္ရြက္ဖို႔ေမွ်ာ္မွန္းၾကပါသလဲ။ သူတို႔ရည္မွန္းခ်က္အိမ္မက္ေတြက ဘာေတြပါလဲ။ ခိုႏူမ္းသုန္သတင္းဌာနက ေန ဆက္သြယ္ေမးျမန္းထားပါတယ္။
ေဒၚက်ိန္ငိုက္မန္(ZCD – တြန္းဇံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)
“က်မတို႔ ၂၀၁၅ နဲ႔ ၂၀၂၀ ၾကားမွာေတာ့ အဓိက က်မတို႔ ခ်င္းျပည္နယ္မွာဆိုရင္ Infrastructure (အေျခခံအေဆာက္အ အံု) ေတာ္ေတာ္မ်ားမ်ားၿပီးစီးမႈေတြရွိတယ္ ဒါေတြအကုန္လံုုးက က်မတို႔ ဝိုင္းၿပီးမွ ပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ ရရွိတဲ့ရလဒ္ပါ လမ္းပန္းဆက္သြယ္ေရးဆိုရင္ေတာ့ တီးတိန္ တြန္းဇံ က်ီးခါးလမ္း လမ္းမႀကီးလည္းေကာင္းသြားၿပီ ဒါေပမဲ့ စိတ္တိုင္းက်ေတာ့မရွိေသးပါဘူး လမ္းမႀကီးေတြေတာ္ေတာ္မ်ားမ်ားၿပီးတယ္ ေက်းလက္လမ္းေတြ အခုလုပ္ဖို႔လိုပါ ေသးတယ္၊
၂၀၂၀ မွာေတာ့ က်မတို႔ဘာလုပ္ရေတာ့မွာလဲဆိုရင္ေတာ့ က်မတို႔ ခ်င္းျပည္နယ္ လိုအပ္တာကေတာ့ က်မတို႔မွာ ေက်ာင္းသင္ခန္းစာနဲ႔ အလွမ္းေ၀းေနတဲ့ကေလးေတြ က်မတို႔မွာ အလုပ္အကိုင္အခြင့္အလမ္းအရမ္းနည္းေသးတယ္ အဲဒီအတြက္က်မတို႔ဘာလုပ္ရမလဲဆိုေတာ့ သူတို႔ skill တစ္ခုတစ္ခုတတ္ဖို႔လိုပါတယ္ ဒါက်မတို႔ ဦးစားေပးခ်င္တာ၊ လူငယ္ေတြဟာ ေခတ္အဆက္ဆက္ရဲ႕ ပညာေရးမေကာင္းခဲ့တဲ့ အားနည္းခ်က္ေတြအမ်ားႀကီးေၾကာင့္မို႔လို႔ ပညာေရးဆံုးခန္းတိုင္ေအာင္ မသင္ယူခဲ့ရဘူး က်မတို႔ ေတာင္ေပၚေဒသဆိုရင္ပိုၿပီးမွ ပညာကိုေကာင္းစြာမသင္ခဲ့ရဘူး ဘာေၾကာင့္လဲဆိုရင္ေတာ့ ဆရာဆရာမ မလံုေလာက္မႈေတြ လမ္းပန္းဆက္သြယ္ေရးအခက္အခဲမႈ အဲဒီရဲ႕ ဆိုးက်ိဳးေတြ၊ စား၀တ္ေနေရးအခက္အခဲေတြေၾကာင့္ ေက်ာင္းသူေက်ာင္းသားေတာ္ေတာ္မ်ားဟာ စာမသင္ရတ့ဲလူငယ္ေတြ ပညာေရးနဲ႔အလွမ္းေ၀းခဲ့ရတာရွိတယ္ အဲဒီကေလးေတြ က်မတို႔ အသက္ေမြး၀မ္းေၾကာင္း ပညာသင္ၾကားေပးဖို႔ က်မတို႔အခန္းက႑ေတြပါပဲ ဒါမွသာလွ်င္ ႏိုင္ငံရဲ႕ လူသားအရင္းျမစ္စြမ္းအားေတြေဖာ္ထုတ္ေပးႏိုင္မွာပါ ဒါေတြကေတာ့ အဓိကလိုအပ္တဲ့အရာေတြေပါ့ေလ။
ေဒသေနျပည္သူမ်ားစား၀တ္ေနေရးအဆင္ေျပေအာင္က်မတို႔ ေဆာင္ရြက္ႏိုင္ဖို႔ လာမယ့္အနာဂတ္မွာ စိုက္ပ်ိဳးေမြးျမဴေရး အေျခခံၿပီးေတာ့မွ အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းအေကာင္အထည္ေဖာ္ဖို႔လိုတယ္ တြန္းဇံဧရိယာမွာေတာ့ က်မတို႔ကေ တာ့ ပိုးေမြးျမဴေရးကစတင္ေနပါၿပီ ပိုးေမြးျမဴေရးကေန ရက္ကန္းေတြကစ က်မတိို႔ေဆာင္ရြက္ဖို႔လိုပါတယ္ ဆိုေတာ့ ျခံဳငံုၿပီးေျပာရမယ္ဆိုရင္ က်မတို႔ တစ္ဦးျခင္း၀င္ေငြ GDP တက္ေအာင္ က်မတို႔ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံမယ္ လက္မႈပညာေတြ လူငယ္ေတြကို ဦးစားေပးမယ္ ၿပီးေတာ့ အိမ္တြင္း အိုးနဲ႔ အိမ္နဲ႕မကြာေအာင္ အမ်ိဳးသမီး၀င္ေငြရရွိ ေအာင္ႏိုင္က်မတို႔လုပ္ေဆာင္ေပးဖို႔လိုအပ္ပါတယ္ ”
ေဒၚနီေရႊလ်န္ (NLD – ထန္တလန္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္)
“ သက္တမ္းအသစ္မွာေတာ့ ပထမဆံုးခ်င္းျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ဖြံ႕ၿဖိဳးေရးဆိုတဲ့ေနရာမွာ လမ္းပါမယ္ ပညာေရး က်န္းမာေရး ေနာက္ေရ မီး အကုန္လံုးေပါ့ အဲဒီထဲမွာ က်မကေတာ့ စိတ္၀င္စားဆံုးေတာ့ အဓိက ပညာေရးပါ က်မကေတာ့ ပညာေရးမွာလုပ္လာခဲ့တာ ႏွစ္ေပါင္း (၃၄) ႏွစ္လုပ္လာခ့ဲတယ္ ခ်င္းျပည္နယ္မွာပဲ အဲဒီ (၃၄) ႏွစ္လံုးလံုးမွာ ပညာေရးရဲ႕ အားနည္းခ်က္ အားသာခ်က္ေတြကို ေတာ္ေတာ္ေလး ကိုယ္တိုင္ၾကံဳခဲ့တယ္ အဲဒီအတြက္ေၾကာင့္ ၂၀၂၁ ေနာက္ပိုင္းမွာဆိုရင္ ပညာေရးမွာလိုအပ္တဲ့ ဥပမာ ေက်ာင္းဆင့္တိုးတာ ေနာက္ဆရာဆရာမ လိုအပ္ခ်က္ ေနာက္သင္ၾကားေရးမွာ သင္ေထာက္ကူ ေက်ာင္းတိုင္းမွာ သင္ေထာက္ကူေတြရဲ႕လိုအပ္ခ်က္ ေနာက္ဆရာဆရာမေတြရဲ႕ ေနထိုင္ရမယ့္အေဆာက္အဦးေတြ ေတာ္ေတာ္ေလးလိုတယ္ သူတို႔အေနအထိုင္ေတာ္ေတာ္ေလးကိုအဆင္မေျပၾကဘူး ေနာက္ကေလးေတြရဲ႕သင္ၾကားေရးပိုင္းမွာ ဥပမာ ရြာတိုင္းမွာ မီးကအစ အဆင္မေျပဘူး မီးဆိုရင္ က်မလႊတ္ေတာ္မွာလည္း က်မကိုယ္တိုင္ေတာင္းၿပီးၿပီ ထန္တလန္ၿမိဳ႕နယ္တစ္နယ္လံုးကို ရြာေပါင္း (၉၀) ဆယ္ေက်ာ္ကို မဟာဓာတ္အားလိုင္းဆက္သြယ္ေပးဖို႔ ေတာင္းတယ္ အဲလိုေတာင္းတယ္။
ခ်င္းျပည္နယ္ တစ္နယ္လံုးမွာလည္း အဓိက က်မတို႔ခ်င္းေတြက ေက်းလက္ေဒသမွာေန႔တဲ့သူက (၇၅) ရာခိုင္ႏႈန္း ေလာက္ရွိေတာ့ ေက်ာင္းအဆင့္တိုးေပးဖို႔ ေနာက္ဆရာဆရာမလိုအပ္ခ်က္ကို ျဖည့္ေပးဖို႔ ေနာက္သင္ၾကားေရးနဲ႔ ပတ္သက္ၿပီး သင္ေထာက္ကူပစၥည္းေတြကို အတတ္ႏိုင္ဆံုး ျဖည့္ေပးဖို႔ ေနာက္၀န္ထမ္းဆရာဆရာမေတြကအစ တျခားရံုး၀န္ထမ္းေတြရဲ႕ ေနေရးထိုင္ေရးေနာက္ ခ်င္းျပည္နယ္မွာရွိတဲ့ ရြာတိုင္းမွာ ကေလးေတြရဲ႕ သင္ၾကားမႈ စာေပေလ့လာတဲ့ေနရာမွာလည္း တကယ္မီးကလိုအပ္တယ္ အဲဒီဟာလည္းကို အဓိကစိတ္၀င္စားတယ္ အဲဒီအတြက္ေၾကာင့္ က်မတို႔ ခ်င္းမွာ တျခားသယံဇာတ တြင္းထြက္ပစၥည္းမရွိဘူး က်မတို႔ ခ်င္းျပည္နယ္မွာ အဓိကလူသားအရင္းအျမစ္ျဖစ္တဲ့ ပညာေရးကို က်မတို႔ တတ္ႏိုင္ဆံုးျပဳစုပ်ိဳးေထာင္လို႔ရွိရင္ တစ္ေန႔က်ရင္ က်မတို႔လည္း တျဖည္းျဖည္း တိုးတက္လာမယ္ အဲဒီအတြက္ေၾကာင့္ အဲဒီပညာေရးကို စိတ္၀င္စားဆံုးပဲ ကိုယ္တိုင္လည္း ပညာေရးဌာနကမွာ (၃၄) ႏွစ္လုပ္လာခဲ့တဲ့အတြက္ေၾကာင့္ အားနည္းခ်က္ အားသာခ်က္ကို ကိုယ့္အေနနဲ႔ ခ်ိန္စလို႔ရတယ္ အဲဒါကနံပတ္တစ္မွာထားပါတယ္။’’
ေဒၚခင္ေရႊလြင္ (NLD – ကန္ပက္လက္ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္)
“ ကိုယ့္ရဲ႕ေဒသကေတာ့ မဖြံ႕ၿဖိဳးေသးတဲ့ေဒသျဖစ္တဲ့အတြက္ တတ္ႏိုင္သေလာက္ ကိုယ့္ရဲ႕ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို အဓိကထားၿပီး ေဆာင္ရြက္မွာေပါ့ အခု ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းတုန္းမွာေပါ့ ေဆာင္ရြက္ဆဲလုပ္ငန္းေလး ေတြရွိတယ္ အဲဒီဟာေတြလည္းဆက္လုပ္ႏိုင္ေအာင္ေပါ့ ၿပီးေတာ့ တတိယအႀကိမ္လႊတ္ေတာ္ထဲမွာဆိုရင္ အမ်ိဳးသမီးမ်ား အေပၚမွာ အၾကမ္းဖက္မႈတားဆီးကာကြယ္ေရးဥပေဒၾကမ္းကို ေဆြးေႏြးရမယ္ထင္တယ္ အဲဒီဟာေပၚမွာလည္း အမ်ိဳးသမီး ေတြကို ကာကြယ္ေပးႏိုင္ေအာင္ အၾကမ္းဖက္မႈေတြေလ်ာ့နည္းသြားေအာင္ ဒီဟာမ်ိဳးေတြ ဥပေဒအရ အကာအကြယ္ ေပးႏိုင္ဖို႔ ဒါေတြကိုေဆြးေႏြးေဆာင္ရြက္သြားမယ္လို႔စဥ္းစားထားပါတယ္။
ကိုယ့္ကိုမဲေပးေနတဲ့ မဲဆႏၵရွင္ေတြအတြက္ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဘာပဲျဖစ္ျဖစ္ခ်င္းျပည္နယ္ကေတာ့ သိတဲ့ အတိုင္းပဲ ဆင္းရဲႏြမ္းပါးမႈေတြရွိတယ္ ပညာေရး က်န္းမာေရး လမ္းပန္းဆက္သြယ္ေရး အခက္အခဲရွိတယ္ လမ္းပန္း ဆက္သြယ္ေရးခက္ခဲေတာ့ ပညာေရး က်န္းမာေရးေတြမွာလည္း နိမ့္က်ေနတာေတြအမ်ားႀကီးရွိတယ္ ဒါေၾကာင့္ လမ္းပန္း ဆက္သြယ္ေရးေတြေကာင္းမြန္သြားေအာင္ သက္ဆိုင္ရာဌာနေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေဆာင္ရြက္လို႔ရတဲ့ဟာ ေတြ ေဆာင္ရြက္မယ္ ၿမိဳ႕နယ္ေတြမွာဆိုရင္ ဥပမာျပည္နယ္အစိုးရကိုတိုက္တြန္းၿပီးမွ ေဆာင္ရြက္ဖို႔လိုအပ္တာရွိရင္လည္း တိုက္တြန္းေဆာင္ရြက္မယ္ ဥပမာ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ျပည္ေထာင္စုမွာ ေတာင္းဆိုရမယ္ဆိုရင္လည္း လႊတ္ေတာ္ကိုယ္စားတစ္ေယာက္အေနနဲ႔ ေတာင္းဆိုၿပီးေတာ့ ကိုယ့္ရဲ႕ေဒသ ဒီထက္မက အခု (၅) ႏွစ္သက္တမ္းထက္ပို ၿပီးမွ ေက်းရြာေနတဲ့ျပည္သူလူထုေတြ လမ္းပန္းဆက္သြယ္ေရးေၾကာင့္အခက္အခဲမရွိေအာင္ေပါ့ ပိုၿပီးမွ အားထုတ္ၿပီးေတာ့ လုပ္သြားမယ္လို႔ေတာ့စဥ္းစားထားပါတယ္။
လႊတ္ေတာ္ကိုယ္စားတစ္ေယာက္အေနနဲ႕ေတာ့ ကိုယ့္ရဲ႕ မဲဆႏၵနယ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အားက်ိဳးမာန္တက္ ဘာပဲျဖစ္ျဖစ္ ျပည္သူေတြပိုၿပီးမွ ေကာင္းမြန္တဲ့ ဘ၀တစ္ခု အရိပ္တစ္ခုျဖစ္ေအာင္ကိုယ္ကေတာ့ အဲဒါေလးေတြကို အားသြန္ခြန္စိုက္ႀကိဳးစားသြားပါမယ္ ေပးအပ္လာတဲ့တာ၀န္ေတြကို ျပည္သူေတြကိုယ္စားျပဳၿပီးေဆာင္ရြက္သြားမွာပါ”
ေဒါက္တာေအးေအးငြန္ (NLD – ဟားခါးၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္)
“ က်မကေတာ့ ပါေမာကၡတစ္ေယာက္ဆိုေတာ့ ပညာေရးကိုပဲ ျပဳျပင္စရာရွိတာ ျပဳျပင္မယ္ ျမွင့္တင္စရာရွိတာ ျမွင့္တင္မယ္ လိုအပ္ခ်က္ဘာလဲဆိုတာကို ၾကည့္ၿပီးေတာ့ ကိုယ္ကျဖည့္ဆည္းဖို႔ လုပ္ေပးဖို႔ အဲဒါေတြကိုပဲ ရည္ရြယ္ထားတာေပါ့ေလ အဓိကေတာ့ သူတို႔မွာလိုအပ္တဲ့ ပညာေရးနဲ႔ပတ္သက္တဲ့ အထူးသျဖင့္ မူလတန္းကလည္း အရမ္းအေရးႀကီးတယ္ေလ ရြာေတြမွာဆိုရင္ မူလတန္းကအရမ္းအေရးႀကီးတယ္ ေနာက္အဆင့္ဆင့္အေရးႀကီးပါတယ္ ေနာက္ဒီၿမိဳ႕ႀကီးမွာဆိုရင္ အထက္တန္းေက်ာင္းေတြမွာလည္း လိုအပ္ခ်က္ေတြအမ်ားႀကီးရွိတယ္ ဥပမာဆိုရင္ ဆရာ ဆရာမ မလံုေလာက္တာတို႔ သူတို႔ရတဲ့ ဘြဲ႕နဲ႔ သင္ေနရတဲ့ ဘာသာရပ္ေတြမကိုက္ညီတာတို႔ ေနာက္ၿပီးေတာ့ အေတြ႕အၾကံဳ စာစစ္အေတြ႕အၾကံဳ ေတြလိုအပ္ခ်က္ေတြ အဲဒါေတြလည္းအမ်ားႀကီးျပင္ရမွာေလ ဒါေတြကေတာ့ အရင္ဆံုးျပင္ရမယ္။
ၿပီးေတာ့ ဆရာ ဆရာမေတြမလံုေလာက္မႈကို ဘယ္လိုျဖည့္ဆည္းရမလဲ ဘယ္လိုခန္႔အပ္မလဲ ဆိုတာမ်ိဳး အဲဒါေတြလုပ္ဖို႔ရွိတယ္ ပထမဆံုးလိုအပ္တာ အဓိကေတာ့ ေလာေလာဆယ္လိုအပ္တာ ဆရာဆရာမ မလံုေလာက္တာပဲ တခ်ိဳ႕ေတာရြာေက်းရြာေတြမွာဆိုရင္ ဆရာဆရာမ လံုး၀မရွိတဲ့ေက်ာင္းေတြရွိတယ္ အဲဒါက်ေတာ့ ဆရာဆရာမ မရွိပဲဘယ္လိုလုပ္ ေက်ာင္းသားေတြကစာတတ္မွာလဲ အဲဒါအရင္ဆံုးျဖည့္ဖို႔လိုတယ္ ပညာေရးကို ျမွင့္တင္မယ္ဆိုရင္၊ ေနာက္ၿပီးေတာ့ ဆရာ ဆရာမ အရည္အခ်င္းကလည္း ျပည့္စံုရမယ့္အျပင္ စိတ္ရွည္ၿပီး ေစတနာရွိရွိနဲ႔သင္ေပးမယ့္ ဆရာဆရာမေတြအမ်ားႀကီးလိုအပ္တယ္ အျဖစ္သင္တာမ်ိဳးမဟုတ္ဘဲနဲ႔ေလ ဒါမ်ိဳးေလးေတြေပါ့ အဲဒါအေရးအႀကီးဆံုးပဲ ဒါေတြကိုအရင္ဆံုးလုပ္ဖို႔စဥ္းစားတာေပါ့ေလ က်မတို႔လည္း အတတ္ႏိုင္ဆံုးႀကိဳးစားမယ္ ျပည္သူေတြကေရာ အားလံုးကလည္း ေစတနာနဲ႔ လိုအပ္ခ်က္ေတြကို ကူညီဖို႔ ပံ့ပိုးေပးဖို႔ အားလံုးကိုေတာင္းဆိုပါတယ္ လိုအပ္တာရွိရင္လည္း အၾကံဉာဏ္ေလးေတြေပးၾကပါ။”