• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ႏွာေခါင္းစည္း (Mask) မတတ္ပဲ အျပင္ထြက္လွ်င္ အေရးယူမည့္အစီစဥ္ ဟားခါးတြင္စတင္

ႏွာေခါင္းစည္း (Mask) မတတ္ပဲ အျပင္ထြက္လွ်င္ အေရးယူမည့္အစီစဥ္ ဟားခါးတြင္စတင္

0
By Editor on April 27, 2020 Headline

#Zawgyi

By လားႏြန္ – ကမၻာ့ကပ္ေရာဂါ Covid-19 မွ ကာကြယ္သည့္အေနျဖင့္ ခ်င္းျပည္နယ္၏ ျမိဳ႕ေတာ္၊ ဟားခါးၿမိဳ႕တြင္ ယေန႔ဧၿပီလ (၂၇) ရက္ေန႔မွစတင္၍ ႏွာေခါင္းစည္း (Mask) မတတ္ပဲ အျပင္ထြက္သည့္ ျပည္သူမ်ားကို ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္မည့္အစီစဥ္ကို စတင္လိုက္ၿပီဟုသိရသည္။

ခ်င္းျပည္နယ္ Covid-19 ထိန္းခ်ဴပ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရးေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္ ယေန႔မွစ၍  ဟားခါးၿမိဳ႕တြင္းေနရာ (၆) ခုတြင္ အဖြဲ႔ (၆) ဖြဲ႔ခြဲ၍ ေစာင့္ၾကည့္စစ္ေဆးမႈမ်ား စတင္ခဲ့ၾကျခင္းျဖစ္ၿပီး က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနႏွင့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ အမိန္႔ထုတ္ျပန္ခ်က္အတိုင္း မလိုအပ္ပဲ အိမ္ျပင္မထြက္ၾကရန္ႏွင့္ မျဖစ္မေနအိမ္ျပင္ထြက္မည္ဆိုပါက ႏွာေခါင္းစည္း (Mask) တပ္ရမည္ျဖစ္ကာ လိုက္နာမႈမရွိသူမ်ားကို ကူးစက္ေရာဂါထိန္းခ်ဴပ္ေရးဥပေဒျဖင့္ အေရးယူသြားမည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးေရႊထီးအိုကေျပာသည္။

“က်ေနာ္တို႔ခ်င္းျပည္နယ္အစိုးရကလည္း ထုတ္ျပန္ခ်က္ထဲမွာပါတဲ့အတိုင္း မလိုအပ္ပဲနဲ႔အျပင္မထြက္နဲ႔ ထြက္ရင္လည္း Mask တပ္ပါဆိုတာပါတယ္၊ အဲဒီဥစၥာကို က်ဴးလြန္ရင္ေတာ့ က်ေနာ္တို႔အေရးယူတယ္၊  ေရာဂါေတြထပ္မကူးစက္ဖို႔ က်ေနာ္တို႔ အျပင္းအထန္ၾကိဳးစားေနပါတယ္၊ အဲဒါေၾကာင့္ Mask မတပ္ပဲနဲ႔ အျပင္မထြက္ပါနဲ႔ အိမ္ထဲမွာပဲေနပါ အဲဒီဥစၥာေလးကိုပဲ ကူညီေပးပါ ေဆာင္ရြက္ဖို႔ ေမတၱာရပ္ခံပါတယ္” ဟု ၀န္ႀကီးဦးေရႊထီးအို ကေျပာသည္။

ခ်င္းျပည္နယ္သည္ ျမန္မာႏုိင္ငံတြင္ Covid-19 ေရာဂါပိုးရွိသူ ပထမဆံုးေတြ႔ရွိသည့္ေဒသျဖစ္ၿပီး အဆိုပါ Covid-19 ပထမလူနာအပါအ၀င္ စုစုေပါင္းပိုးေတြ႔လူနာ (၅) ဦးရွိကာ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူလ်က္ရွိၾကသည္။

ထို႔ေၾကာင့္ ခ်င္းျပည္နယ္တြင္ ေရာဂါျပန္႔ပြားမႈထိန္းခ်ဴပ္ကာကြယ္ရန္အတြက္ Mask မတတ္ပဲ အျပင္ထြက္သူမ်ားအား ဥပေဒႏွင့္အညီ ဖမ္းဆီးအေရးယူေတာ့မည့္အစီစဥ္ကို ျပည္နယ္၏ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕တြင္ ပထမဆံုးစတင္လိုက္ျခင္းျဖစ္သည္။

ယင္းအစီစဥ္ကို ဟားခါးတစ္ၿမိဳ႕တည္းတြင္ ယေန႔စတင္လိုက္ျခင္းျဖစ္ၿပီး က်န္ရွိသည့္ ၿမိဳ႕နယ္မ်ားတြင္လည္း ဆက္လက္လုပ္ေဆာင္သြားမည္ဟု သိရွိရသည္။

ယေန႔စတင္လိုက္သည့္ အဆိုပါအစီစဥ္ႏွင့္ပတ္သက္၍ ဟားခါးလူငယ္အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဆလိုင္းဗန္က်င္းထန္က “သူတို႔ ၾကိဳတင္လည္းလုပ္တာဆိုေတာ့ေလ အခုအစိုးရဖက္က ထုတ္ျပန္ခ်က္ထုတ္တာကလည္း ၾကိဳျပီးေတာ့ (၂) ရက္ကို အသိပညာေပးမႈေတြလုပ္ၿပီးမွ အေရးယူရမယ့္အပိုင္းမ်ိဳးနဲ႔ ေဆာင္ရြက္တဲ့အခါက်ေတာ့ ျပည္သူအတြက္က အဲေလာက္ထိ အခက္အခဲမျဖစ္ေလာက္ပါဘူးလို႔  ေကာင္းပါတယ္’’ ဟုေျပာသည္။

မည္သူမဆို က်န္းမာေရး၀န္ႀကီးဌာန၏ ညြန္ၾကားခ်က္မ်ားအား လိုက္နာရန္ပ်က္ကြက္ေၾကာင္း၊ ျပစ္မႈထင္ရွားပါက ၁၉၉၅ ခုႏွစ္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရး ဥပေဒအရအေရးယူခံရမည္ျဖစ္ၿပီး ေထာင္ဒဏ္ (၆) ျဖစ္ေစ၊ ဒဏ္ေငြ (၅၀၀၀၀) ထိျဖစ္ေစ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏုိင္သည္ဟုသိရသည္။

#Unicode

By လားနွန် – ကမ္ဘာ့ကပ်ရောဂါ Covid-19 မှ ကာကွယ်သည့်အနေဖြင့် ချင်းပြည်နယ်၏ မြို့တော်၊ ဟားခါးမြို့တွင် ယနေ့ဧပြီလ (၂၇) ရက်နေ့မှစတင်၍ နှာခေါင်းစည်း (Mask) မတတ်ပဲ အပြင်ထွက်သည့် ပြည်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည့်အစီစဉ်ကို စတင်လိုက်ပြီဟုသိရသည်။

ချင်းပြည်နယ် Covid-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့မှစ၍  ဟားခါးမြို့တွင်းနေရာ (၆) ခုတွင် အဖွဲ့ (၆) ဖွဲ့ခွဲ၍ စောင့်ကြည့်စစ်ဆေးမှုများ စတင်ခဲ့ကြခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ထုတ်ပြန်ချက်အတိုင်း မလိုအပ်ပဲ အိမ်ပြင်မထွက်ကြရန်နှင့် မဖြစ်မနေအိမ်ပြင်ထွက်မည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ရမည်ဖြစ်ကာ လိုက်နာမှုမရှိသူများကို ကူးစက်ရောဂါထိန်းချူပ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ကျနော်တို့ချင်းပြည်နယ်အစိုးရကလည်း ထုတ်ပြန်ချက်ထဲမှာပါတဲ့အတိုင်း မလိုအပ်ပဲနဲ့အပြင်မထွက်နဲ့ ထွက်ရင်လည်း Mask တပ်ပါဆိုတာပါတယ်၊ အဲဒီဥစ္စာကို ကျူးလွန်ရင်တော့ ကျနော်တို့အရေးယူတယ်၊  ရောဂါတွေထပ်မကူးစက်ဖို့ ကျနော်တို့ အပြင်းအထန်ကြိုးစားနေပါတယ်၊ အဲဒါကြောင့် Mask မတပ်ပဲနဲ့ အပြင်မထွက်ပါနဲ့ အိမ်ထဲမှာပဲနေပါ အဲဒီဥစ္စာလေးကိုပဲ ကူညီပေးပါ ဆောင်ရွက်ဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဝန်ကြီးဦးရွှေထီးအို ကပြောသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးရှိသူ ပထမဆုံးတွေ့ရှိသည့်ဒေသဖြစ်ပြီး အဆိုပါ Covid-19 ပထမလူနာအပါအဝင် စုစုပေါင်းပိုးတွေ့လူနာ (၅) ဦးရှိကာ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြသည်။

ထို့ကြောင့် ချင်းပြည်နယ်တွင် ရောဂါပြန့်ပွားမှုထိန်းချူပ်ကာကွယ်ရန်အတွက် Mask မတတ်ပဲ အပြင်ထွက်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူတော့မည့်အစီစဉ်ကို ပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် ပထမဆုံးစတင်လိုက်ခြင်းဖြစ်သည်။

ယင်းအစီစဉ်ကို ဟားခါးတစ်မြို့တည်းတွင် ယနေ့စတင်လိုက်ခြင်းဖြစ်ပြီး ကျန်ရှိသည့် မြို့နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

ယနေ့စတင်လိုက်သည့် အဆိုပါအစီစဉ်နှင့်ပတ်သက်၍ ဟားခါးလူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆလိုင်းဗန်ကျင်းထန်က “သူတို့ ကြိုတင်လည်းလုပ်တာဆိုတော့လေ အခုအစိုးရဖက်က ထုတ်ပြန်ချက်ထုတ်တာကလည်း ကြိုပြီးတော့ (၂) ရက်ကို အသိပညာပေးမှုတွေလုပ်ပြီးမှ အရေးယူရမယ့်အပိုင်းမျိုးနဲ့ ဆောင်ရွက်တဲ့အခါကျတော့ ပြည်သူအတွက်က အဲလောက်ထိ အခက်အခဲမဖြစ်လောက်ပါဘူးလို့  ကောင်းပါတယ်’’ ဟုပြောသည်။

မည်သူမဆို ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ကြောင်း၊ ပြစ်မှုထင်ရှားပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရအရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ် (၆) ဖြစ်စေ၊ ဒဏ်ငွေ (၅၀ဝ၀ဝ) ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.