Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှ ဒဏ်ရာရ ကလေးငယ် ၁၁ ဦးအပါအဝင် ၁၉ ဦးကို ဆေးဝါးကုသခွင့် မရရှိရန် စစ်ကောင်စီ ကန့်သတ်ပိတ်ပင်ထား

ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှ ဒဏ်ရာရ ကလေးငယ် ၁၁ ဦးအပါအဝင် ၁၉ ဦးကို ဆေးဝါးကုသခွင့် မရရှိရန် စစ်ကောင်စီ ကန့်သတ်ပိတ်ပင်ထား

0
By Editor on January 12, 2024 Headline

(006SV)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၁၉ ဦးကို စစ်ကောင်စီက ဆေးဝါးကုသခွင့် ပိတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇန်နဝါရီလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူများက ပြောသည်။

“စစ်ကောင်စီက ဒဏ်ရာ ရသူတွေကို မြို့ထဲကို အဝင်မခံဘူး။ ခိုးပြီးတော့ တိတ်တိတ်ဝင်မှာ ကြောက်လို့လည်း မြို့ထဲက ပုဂ္ဂလိက ဆေးရုံးဆေးခန်းတွေကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာက လာတဲ့ လူတွေကို ဘယ်သူမှ ကုသခွင့် မပေး ရဘူး။ ပိတ်ပင်ထားတာပါ။ ကျမတို့က မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ ဒဏ်ရာ ရထားတဲ့ လူတွေကိုဆေးဝါးကုသမှု ပေးနေ ပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေဆိုတာ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့ မရပါဘူး” ဟု Mobile Medical Team – West Division ၏ တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောသည်။

တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူးကားလမ်းမပေါ်ရှိ ကနန်ကျေရွာ၏ အ.ထ.က ကျောင်းခွဲနှင့် St. Peter ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန်မှာ ဇန်နဝါရီလ ၇ ရက်က စစ်ကောင်စီက A- 5 တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် (တစ်ကြိမ်လျှင် ဗုံးနှစ်လုံး) ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးသူငယ် ၉ ဦးအပါအဝင် အရပ်သားပြည်သူ ၁၇ ဦးသည် တချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီ ပြတ်တောက်လျက် သေဆုံးသွားသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးအထိ ရှိခဲ့ရာမှာ အသက် ၃ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ် ၁၁ ဦးအထိ ပါဝင်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီက ဆေးဝါးကုသမှု မရရှိစေရန် တားဆီးကန့်သတ်ထားခြင်းများ ပြုလုပ်ထားခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် မိသားစုတစ်ခုထဲက ဒဏ်ရာရရှိသူနှင့် ထိခိုက်သေဆုံးသူများရှိခဲ့သည်ဟု သိရသည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် ထိခိုက်ဒဏ်ရာရရှိသူများကို NUG ဆေးအဖွဲ့နှင့် ဒေသကာကွယ်ရေးဆေးအဖွဲ့များမှ ကုသမှုပေးနေပြီး ဆေးကုသနေရာကို သတင်းပေါက်ကြား၍ စစ်ကောင်စီက လေကြောင်းက ထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်းနေရသည်ဟု NUG အစိုးရအဖွဲ့၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ မြေပြင်တာဝန်ခံ မခိုင်လေးက ပြောသည်။

စာသင်ကျောင်း (၂) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့ရသည်၊

ကနန်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ပထမပတ်ထဲမှာပင် နိုင်ငံတစ်ဝန်းတွင် ကလေးငယ် ၁၈ ဦးအပါအဝင် အရပ်သား ၅၇ ဦးမှာ စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ၅၈၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးသူ ၈၉၇ ဦးအထိ ရှိခဲ့သည်။

ထို့သို့ ကျူးလွန်မှုများတွင် ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူအဆင့်ဆင့်ကို ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.