ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးကို ယနေ့အောက်တိုဘာလ ၁၆ ရက်နေ့တွင် CDF-Kanpetlet တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာတွင် ဆီတိုင်ကီနှင့် ပန်ကာတစ်ချောင်းကျိူးသွားခဲ့သည်ဟု သိရသည်။
ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် စစ်ကောင်စီရဟတ်ယာဉ်လာမည်ဟု သတင်းကြားသည့်အတွက် စောင့်ကြိုကာ လက်နက်ငယ်များပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရှိမှုအခြေနေ ရှိ/မရှိကို စုံစမ်းနေဆဲဟု CDF-Kanpetlet က ထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ် ကျင်ဒွေးတပ်စခန်းတွင်လည်း အောက်တိုဘာ ၁၅ ရက်နေ့က ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်ကောင်စီအင်အား သုံးဆယ်ကျော်ဖြည့်တင်ထားသည်ဟု ဆိုသည်။
ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အားများကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေပြီး အင်အားသုံးစစ်ကြောင်းထိုးမှူများ ဖြစ်လာနိုင်ပါသဖြင့် ပြည်သူများ အသွားအလာဂရုစိုက်ကြရန် CDF-Kanpetlet က သတိပေးထုတ်ပြန်ထားသည်။