Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား

ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား

0
By Editor on December 30, 2021 Headline

နှစ်သစ် ၂၀၂၂ ကို မကူးပြောင်းမီ ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား တစ်ခုဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က Minn Thet Naing ဆိုတဲ့အကောင့်ပိုင်ရှင်ကနေ ရေးသားလာခဲ့ပါတယ်။

ဒါ့အပြင် “KNU(ဗဟို) နဲ့ KNU တပ်မဟာမှူးတွေရဲ့ ညွန်ကြားချက်တွေကို မလိုက်နာတဲ့ KNU အဖွဲ့ငယ်တွေကိုလည်း ပြင်းထန်စွာခြေမှုန်းဖို့ တပ်မတော်ကို အပ်နှံလိုက်ပြီလို့လည်း ကြားသိရပါတယ်” ဆိုပြီးထပ်မံရေးသားထား တာတွေ့ရပါတယ်။

အဲဒီရေးသားမှုဟာ သတင်းအမှားသာဖြစ်ပါတယ်။ Minn Thet Naing အကောင့်ပိုင်ရှင်ရေးထားသလို PDF အရေးနဲ့ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရရှိတယ်ဆိုတာ KNU ဘက်က တရားဝင်ထုတ်ပြန်တာမရှိခဲ့လို့ပါပဲ။ ဒါ့အပြင် လေးကေကော်ဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNU နဲ့ PDF တို့က ပူးပေါင်းတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကထုတ်ပြန်တဲ့ KNU ရဲ့ကြေညာချက်ထဲမှာ စစ်ကောင်စီဟာ ဆိုးဝါးပြင်းထန်သော လူသတ်မှုနဲ့ လူ့အခွင့်အရေးချိူးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ႓ာ့ကုလသမဂ္ဂမှ ဦးစီးလျှက် အရေးပေါ်အစည်းဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ဖို့၊ စစ်ကောင်စီအနေနဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲဖြစ်ပွားရာဒေသမှ ပြန်ရုပ်သမ်းဖို့၊ စစ်ကောင်စီတပ်အတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများမှလည်း ကျရှုံးနိုင်ငံအဖြစ်သို့ရောက်ရှိနေသော မိမိတို့၏ နိုင်ငံအား ပြန်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက်တွင် ပူးပေါင်းပါဝင်ကြဖို့ ရေးသားဖော်ပြထားပါတယ်။

KNU ကြေညာချက်ကြည့်ရန်………https://www.facebook.com/365915613790768/posts/1591183874597263/

ဒါကြောင့် Minn Thet Naing တင်ထားတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပြီး KNU နဲ့ PDF အကြား သဘောထားအမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဝေရေးသားခြင်းသာဖြစ်ပါတယ်။

Minn Thet Naing ရဲ့ သတင်းအမှားကို Like & React ပြုလုပ်သည် ၈၀၀ ကျော်ရှိခဲ့ပြီး မှတ်ချက်ရေးသားသူ ၂၂ ဦး နဲ့ ထပ်ဆင့်ပြန်လည်ဖြန့်ဝေသူ ၆၁ ဦးထိရှိခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်တဲ့ အနေအထားမှာ သတင်းအတုသတင်းအမှားတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လျက်ရှိပါတယ်။ သတင်းဖတ်သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းများကိုသာဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.