Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးနှင့် သံသယလူနာ ၁၃ ဦး ယနေ့သေဆုံး

ကလေးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးနှင့် သံသယလူနာ ၁၃ ဦး ယနေ့သေဆုံး

0
By Editor on June 25, 2021 Khonumthung

ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးနှင့် ကိုဗစ်သံသယလူနာ ၁၃ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးမှုရှိခဲ့သည်ဟု Covid 19 volunteer အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ကတော့ ကျနော်တို့မြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းမှာ (၁၇) ဦးရှိတယ် Positive လူနာကတော့ (၄) ဦး သံသယလူနာ (၁၃) ဦးရှိပြီ ကျနော် ဒီရောဂါကူးစက်သေဆုံးသူတွေမှာ ရောဂါအခံရှိတာများတယ် ကျနော်တို့ volunteers တွေမှာလည်း သဂြိုလ်ပေးဖို့ လူအင်အားမှာ မလောက်တော့သလိုဖြစ်နေတယ် သေဆုံးမှုမြင့်တက်လာတော့” ဟု Covid 19 volunteer တစ်ဦးက ပြောသည်။

ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်မှ (၃) ဦးရှိခဲ့ပြီး၊ ကျန် (၁၄) ဦးမှာ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် စခန်းကြီးရွာတို့ကဖြစ်ကြသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိသည့် အိတ်စွတ်ကျေးရွာ အစိုးရဝန်ထမ်းအိမ်ရာတွင်လည်း ပိုးတွေ့လူနာ (၂၅၁) ဦး ကုသမှုခံယူလျှက်ရှိပြီး အဆိုပါလူနာများကို သူနာပြုဆရာမ (၂) ဦးနှင့် Volunteer (၇) ဖြင့်သာ ပြုစုပေးနေရသည့်အပြင် အောက်ဆီီဂျင်မလုံလောက်မှုလည်း မြင့်တက်နေသည့်အတွက် အခက်ကြုံနေရသည်ဟု ယင်းကိုဗစ်ကုသရေးစင်တာမှ တာဝန်ခံ Volunteer ဦးပွီးယာကပြောသည်။

“ကျနော်တို့ မနေ့ကတော့ အောက်ဆီဂျင်ပျက်သွားတာ ကလေးမြို့က အောက်ဆီဂျင်စက်ကလည်း မလည်ပတ်နိုင်ဘူး မလုံလောက်တာကတော့များတယ် ကျနော်တို့ဆီမှာ နည်းနည်းအခြေအနေမကောင်းတဲ့သူတွေကို ကလေးမြို့ ပြည်သူ့ဆေးရုံပို့တယ် ဒီနေ့လည်း ၁၀ ဦးထပ်ပို့တယ် ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာထားရှိဖို့ ကုတင် (၂၃) စာပဲတော့ရှိတယ် ဒီမှာလည်း အထူကြပ်မတ်ဆောင်လိုမျိူးထားဖို့တော့ စီစဉ်ထားတယ် ကြံဖန်လိုမျိုးပေါ့ မဟုတ်ရင် လူနာတွေအတွက် သနားစရာလည်းကောင်းတယ်” ဟု ကိုပွီးယာကပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာပြီး ယခုနောက်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာများသည် ကိုဗစ်ထားရှိသည့်စင်တာတွင် သွားရောက်ကုသခြင်းထက် မိမိနေအိမ်တွင် ဆေးဝါးများဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုသသူအများအပြားရှိလာခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ ၅ ဦးမှ ၁၀ အကြားရှိနေသည်ဟု Covid 19 volunteer အဖွဲ့ထံမှ သိရသည်။

ကလေးမြို့တွင် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့မှ ယနေ့ဇွန်လ ၂၄ ရက်နေ့အထိ တလအတွင်း ကိုဗစ်-၁၉ သံသယလူနာများအပါအဝင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀ နီးပါးခန့်ရှိနေပြီဟုသိရပြီး အတိအကျစာရင်းမှာ volunteers အဖွဲ့မှ ပြုစုနေဆဲဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.