Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးနှင့် သံသယလူနာ ၁၃ ဦး ယနေ့သေဆုံး

ကလေးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးနှင့် သံသယလူနာ ၁၃ ဦး ယနေ့သေဆုံး

0
By Editor on June 25, 2021 Khonumthung

ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးနှင့် ကိုဗစ်သံသယလူနာ ၁၃ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးမှုရှိခဲ့သည်ဟု Covid 19 volunteer အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ကတော့ ကျနော်တို့မြို့ပေါ်နဲ့ ကလေးမြို့နယ်အတွင်းမှာ (၁၇) ဦးရှိတယ် Positive လူနာကတော့ (၄) ဦး သံသယလူနာ (၁၃) ဦးရှိပြီ ကျနော် ဒီရောဂါကူးစက်သေဆုံးသူတွေမှာ ရောဂါအခံရှိတာများတယ် ကျနော်တို့ volunteers တွေမှာလည်း သဂြိုလ်ပေးဖို့ လူအင်အားမှာ မလောက်တော့သလိုဖြစ်နေတယ် သေဆုံးမှုမြင့်တက်လာတော့” ဟု Covid 19 volunteer တစ်ဦးက ပြောသည်။

ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်မှ (၃) ဦးရှိခဲ့ပြီး၊ ကျန် (၁၄) ဦးမှာ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် စခန်းကြီးရွာတို့ကဖြစ်ကြသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိသည့် အိတ်စွတ်ကျေးရွာ အစိုးရဝန်ထမ်းအိမ်ရာတွင်လည်း ပိုးတွေ့လူနာ (၂၅၁) ဦး ကုသမှုခံယူလျှက်ရှိပြီး အဆိုပါလူနာများကို သူနာပြုဆရာမ (၂) ဦးနှင့် Volunteer (၇) ဖြင့်သာ ပြုစုပေးနေရသည့်အပြင် အောက်ဆီီဂျင်မလုံလောက်မှုလည်း မြင့်တက်နေသည့်အတွက် အခက်ကြုံနေရသည်ဟု ယင်းကိုဗစ်ကုသရေးစင်တာမှ တာဝန်ခံ Volunteer ဦးပွီးယာကပြောသည်။

“ကျနော်တို့ မနေ့ကတော့ အောက်ဆီဂျင်ပျက်သွားတာ ကလေးမြို့က အောက်ဆီဂျင်စက်ကလည်း မလည်ပတ်နိုင်ဘူး မလုံလောက်တာကတော့များတယ် ကျနော်တို့ဆီမှာ နည်းနည်းအခြေအနေမကောင်းတဲ့သူတွေကို ကလေးမြို့ ပြည်သူ့ဆေးရုံပို့တယ် ဒီနေ့လည်း ၁၀ ဦးထပ်ပို့တယ် ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာထားရှိဖို့ ကုတင် (၂၃) စာပဲတော့ရှိတယ် ဒီမှာလည်း အထူကြပ်မတ်ဆောင်လိုမျိူးထားဖို့တော့ စီစဉ်ထားတယ် ကြံဖန်လိုမျိုးပေါ့ မဟုတ်ရင် လူနာတွေအတွက် သနားစရာလည်းကောင်းတယ်” ဟု ကိုပွီးယာကပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာပြီး ယခုနောက်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာများသည် ကိုဗစ်ထားရှိသည့်စင်တာတွင် သွားရောက်ကုသခြင်းထက် မိမိနေအိမ်တွင် ဆေးဝါးများဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုသသူအများအပြားရှိလာခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ ၅ ဦးမှ ၁၀ အကြားရှိနေသည်ဟု Covid 19 volunteer အဖွဲ့ထံမှ သိရသည်။

ကလေးမြို့တွင် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့မှ ယနေ့ဇွန်လ ၂၄ ရက်နေ့အထိ တလအတွင်း ကိုဗစ်-၁၉ သံသယလူနာများအပါအဝင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀ နီးပါးခန့်ရှိနေပြီဟုသိရပြီး အတိအကျစာရင်းမှာ volunteers အဖွဲ့မှ ပြုစုနေဆဲဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.