Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

ကလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

0
By Editor on February 6, 2025 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ၏ စစ်မူထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ပြီးနောက် သူတို့ထိန်းချုပ်သည့်ဒေသများတွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ လူငယ်များအားလိုက်လံဖမ်းဆီးရာမှာ ကလေးမြို့မှာလည်း မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အအုံ ပရဝုဏ်များအထိပါ လိုက်လံဖမ်းဆီးနေသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မ တီကဆိုသည်။

ကလေးဒေသအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုမှာ စစ်မူထမ်းအပတ်စဉ် (၆) တွင် လူငယ် (၄၅) ဦး၊ အပတ်စဉ်(၇) တွင် (၅၀) ဦး၊ အပတ်စဉ်(၈) တွင် (၃၀) ဦး နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း အပတ်စဉ် (၉) တွင် (၆၀) ဦး စုစုပေါင်း (၁၈၅) ဦး အထိဖမ်းဆီးခံရသည်ဟု ဖော်ပြထားသည်။

ယခုစာရင်းသည် မြေပြင်အချက်အလက် နှင့် အနီးစပ်ဆုံးကောက်ယူထားခြင်းဖြစ်ပြီး ယခုထက်လည်းပိုများနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကလေးမြို့အနီး ဘုံတောကျေးရွာတွင် နေထိုင်သူအမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီး၊ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပို့ဆောင်ရန်စီစဉ်ခဲ့ကြသော်လည်း ဗိုက်ခွဲဒဏ်ရာကြောင့် ကျပ်ငွေ ဆယ့်ငါးသိန်း ပေးဆောင်ခိုင်းကာ ပြန်လွတ်ပေးခဲ့သည်ဟု အဆိုပါအမျိုးသမီးနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

“သူကတော့ လူငယ်ပိုင်းပဲရှိသေးတယ်။ မြို့ထဲသွားတုန်းမှာ စစ်မှုထမ်းဖို့အတွက်ဆွဲခံရတာ အစာအိမ်မကောင်းလို့ ဗိုက်ခွဲထားတာ။ ဗိုက်ခွဲထားတဲ့ဒဏ်ရာရှိလို့ သုံးလို့မရဘူးလို့ပြောပြီ ဆယ့်ငါးသိန်းနဲ့ ပြန်ရွေး ခိုင်းတာ အခုတော့ပြန်လွတ် လာပြီ။ အခုတလော ဖမ်းဆီးခံရတာက များတယ်၊ သိတာတွေရော၊ မသိ တာတွေရောဆိုတော့ ဆွဲမှာကိုပဲ ကြောက်နေရတာ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မူထမ်းသင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီးဖြစ်ကာ ကျေးရွာနှင့် မြို့ ပေါ်ရပ် ကွက်များတွင် စစ်မူထမ်းရန် အသက်ပြည့်မီသည့် အမျိုးသားများသာမက အမျိုးသမီးများကိုပါ ဖမ်းဆီးစုဆောင်းမှုများ ပြုလုပ်လာသည်ဟုသိရသည်။

ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် လမ်းမပေါ်တို့တွင် ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုပိုမိုပြုလုပ်လာသည့်အပြင် ဖမ်းဆီးခံရသူများသည်လည်း ပြန်လည်ရွေးယူရန်အတွက် ခက်ခဲလာသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိသူတဦးကပြောသည်။

“အမျိုးသမီးတွေကိုလည်း ဖမ်းတယ်။ ဖမ်းဆီးမှုကတော့ ဒီနေ့အထိ ရှိနေဆဲပဲ သူတို့တွေက ရှောင်တခင် ဖမ်းတာမျိုး တွေ။ ဒါမျိုးသူတို့ ရှောင်တခင်ဖမ်းတာမျိုးဆိုရင် သူတို့အလွတ်မပေးတော့တာမျိုး၊ သတင်း အစအနဖျောက်တာမျိုးတွေ တွေ့နေရတယ်။ ဖမ်းဆီးမှုဖြစ်စဉ်တွေကတော့ ခပ်စိပ်စိပ်တွေ့ရတယ် မြို့ပြရပ်ကွက်တွေမှာ။ အခုနောက်ပိုင်းမှာ လုံးဝ ရွေးလို့လည်းမရတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စကစ ဖက် ဖမ်းဆီးလိုက် ပြီဆိုရင်မရတော့ဘူး။ စစ်မှုထမ်းဖမ်းဆီးမှု နဲ့အတူ မြို့ပြနေလူထုတရပ်လုံးက ကြောက်လန့်ထိတ်လန့်ကြတယ်။ အထူးသဖြင့် သားရှင်၊သမီးရှင်တွေအနေနဲ့ တော်တော်လေးတော့ စိတ်ဒုက္ခရောက်ကြတယ်။ တချို့ လူငယ်ပိုင်းတွေဆိုရင် စိတ်ကျန်းမာရေးထိခိုက်တယ်ဆိုတဲ့အထိ တောင်ဖြစ်တယ်လို့ ကြားရတယ်” ဟု ၎င်းကပြောသည်။

ကလေးမြို့မှာ စစ်ကောင်စီက လူငယ်ဖမ်းဆီးမှုပိုမိုပြုလုပ်သည့်အတွက် ဒေသခံလူငယ်များအနေဖြင့် ညအချိန်မတော် နေအိမ်ပြင်ပသွားလာခြင်းနှင့် မလိုအပ်ပဲ ပျော်ပွဲ ရွှင်ပွဲ အပါအဝင် ခရီးသွားလာခြင်းများတတ်နိုင်သရွေ့ရှောင်ကြဉ်ရန်၊ စစ်ကောင်စီ၏ လှုပ်ရှားသွား လာမှုများ မျက်ခြေ မပျက်အကဲခတ်ကာ ကြိုတင်ရှောင်ရှားကြရန်နှင့် နေအိမ်ပြင်ပသွားလာချိန်တွင် စစ်ကောင်စီ ၏ နေရာများ‌ ရှောင်ကွင်း ကာ VPN App အပါအဝင် ဖျက်သင့်ဖျက်ထိုက်ရာများကို ကြိုတင်ဖျက်ထားရန်လည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.