Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

ကလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရ

0
By Editor on February 6, 2025 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ၏ စစ်မူထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ပြီးနောက် သူတို့ထိန်းချုပ်သည့်ဒေသများတွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ လူငယ်များအားလိုက်လံဖမ်းဆီးရာမှာ ကလေးမြို့မှာလည်း မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အအုံ ပရဝုဏ်များအထိပါ လိုက်လံဖမ်းဆီးနေသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မ တီကဆိုသည်။

ကလေးဒေသအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုမှာ စစ်မူထမ်းအပတ်စဉ် (၆) တွင် လူငယ် (၄၅) ဦး၊ အပတ်စဉ်(၇) တွင် (၅၀) ဦး၊ အပတ်စဉ်(၈) တွင် (၃၀) ဦး နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း အပတ်စဉ် (၉) တွင် (၆၀) ဦး စုစုပေါင်း (၁၈၅) ဦး အထိဖမ်းဆီးခံရသည်ဟု ဖော်ပြထားသည်။

ယခုစာရင်းသည် မြေပြင်အချက်အလက် နှင့် အနီးစပ်ဆုံးကောက်ယူထားခြင်းဖြစ်ပြီး ယခုထက်လည်းပိုများနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကလေးမြို့အနီး ဘုံတောကျေးရွာတွင် နေထိုင်သူအမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီး၊ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပို့ဆောင်ရန်စီစဉ်ခဲ့ကြသော်လည်း ဗိုက်ခွဲဒဏ်ရာကြောင့် ကျပ်ငွေ ဆယ့်ငါးသိန်း ပေးဆောင်ခိုင်းကာ ပြန်လွတ်ပေးခဲ့သည်ဟု အဆိုပါအမျိုးသမီးနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

“သူကတော့ လူငယ်ပိုင်းပဲရှိသေးတယ်။ မြို့ထဲသွားတုန်းမှာ စစ်မှုထမ်းဖို့အတွက်ဆွဲခံရတာ အစာအိမ်မကောင်းလို့ ဗိုက်ခွဲထားတာ။ ဗိုက်ခွဲထားတဲ့ဒဏ်ရာရှိလို့ သုံးလို့မရဘူးလို့ပြောပြီ ဆယ့်ငါးသိန်းနဲ့ ပြန်ရွေး ခိုင်းတာ အခုတော့ပြန်လွတ် လာပြီ။ အခုတလော ဖမ်းဆီးခံရတာက များတယ်၊ သိတာတွေရော၊ မသိ တာတွေရောဆိုတော့ ဆွဲမှာကိုပဲ ကြောက်နေရတာ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မူထမ်းသင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီးဖြစ်ကာ ကျေးရွာနှင့် မြို့ ပေါ်ရပ် ကွက်များတွင် စစ်မူထမ်းရန် အသက်ပြည့်မီသည့် အမျိုးသားများသာမက အမျိုးသမီးများကိုပါ ဖမ်းဆီးစုဆောင်းမှုများ ပြုလုပ်လာသည်ဟုသိရသည်။

ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် လမ်းမပေါ်တို့တွင် ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုပိုမိုပြုလုပ်လာသည့်အပြင် ဖမ်းဆီးခံရသူများသည်လည်း ပြန်လည်ရွေးယူရန်အတွက် ခက်ခဲလာသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိသူတဦးကပြောသည်။

“အမျိုးသမီးတွေကိုလည်း ဖမ်းတယ်။ ဖမ်းဆီးမှုကတော့ ဒီနေ့အထိ ရှိနေဆဲပဲ သူတို့တွေက ရှောင်တခင် ဖမ်းတာမျိုး တွေ။ ဒါမျိုးသူတို့ ရှောင်တခင်ဖမ်းတာမျိုးဆိုရင် သူတို့အလွတ်မပေးတော့တာမျိုး၊ သတင်း အစအနဖျောက်တာမျိုးတွေ တွေ့နေရတယ်။ ဖမ်းဆီးမှုဖြစ်စဉ်တွေကတော့ ခပ်စိပ်စိပ်တွေ့ရတယ် မြို့ပြရပ်ကွက်တွေမှာ။ အခုနောက်ပိုင်းမှာ လုံးဝ ရွေးလို့လည်းမရတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စကစ ဖက် ဖမ်းဆီးလိုက် ပြီဆိုရင်မရတော့ဘူး။ စစ်မှုထမ်းဖမ်းဆီးမှု နဲ့အတူ မြို့ပြနေလူထုတရပ်လုံးက ကြောက်လန့်ထိတ်လန့်ကြတယ်။ အထူးသဖြင့် သားရှင်၊သမီးရှင်တွေအနေနဲ့ တော်တော်လေးတော့ စိတ်ဒုက္ခရောက်ကြတယ်။ တချို့ လူငယ်ပိုင်းတွေဆိုရင် စိတ်ကျန်းမာရေးထိခိုက်တယ်ဆိုတဲ့အထိ တောင်ဖြစ်တယ်လို့ ကြားရတယ်” ဟု ၎င်းကပြောသည်။

ကလေးမြို့မှာ စစ်ကောင်စီက လူငယ်ဖမ်းဆီးမှုပိုမိုပြုလုပ်သည့်အတွက် ဒေသခံလူငယ်များအနေဖြင့် ညအချိန်မတော် နေအိမ်ပြင်ပသွားလာခြင်းနှင့် မလိုအပ်ပဲ ပျော်ပွဲ ရွှင်ပွဲ အပါအဝင် ခရီးသွားလာခြင်းများတတ်နိုင်သရွေ့ရှောင်ကြဉ်ရန်၊ စစ်ကောင်စီ၏ လှုပ်ရှားသွား လာမှုများ မျက်ခြေ မပျက်အကဲခတ်ကာ ကြိုတင်ရှောင်ရှားကြရန်နှင့် နေအိမ်ပြင်ပသွားလာချိန်တွင် စစ်ကောင်စီ ၏ နေရာများ‌ ရှောင်ကွင်း ကာ VPN App အပါအဝင် ဖျက်သင့်ဖျက်ထိုက်ရာများကို ကြိုတင်ဖျက်ထားရန်လည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.