Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီးမှု ဆက်ရှိနေဆဲ၊ ယခင်ထက် အဖမ်းအဆီးပိုကြမ်းလာဟုဆို

ကလေးမြို့မှာ စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီးမှု ဆက်ရှိနေဆဲ၊ ယခင်ထက် အဖမ်းအဆီးပိုကြမ်းလာဟုဆို

0
By Editor on June 30, 2025 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လူငယ်များ ဖမ်းဆီးမှုဆက်ရှိနေပြီး ယခင်ထက် အဖမ်းအဆီးပိုကြမ်းလာသည့်အပြင် ငွေကြေးဖြင့် ပြန်ရွေးယူ၍မရတော့ကြောင်း သိရသည်။

ယခု ဇွန်လဆန်းပိုင်း ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့မတိုင်ခင် ရက်ပိုင်းကတည်းက ကလေးမြို့ပေါ်တွင် အဖမ်းအဆီးပိုများခဲ့ပြီး တစ်ပတ်တစ်ပတ်ကို လူငယ်အယောက် ၃၀ ဝန်းကျင်ခန့် ဖမ်းဆီးခံရနေရသည်ဟု ကလေးမြို့က စစ်ကောင်စီအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

”ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်ခင်ကတည်းက အဲ့နောက်ပိုင်းကနေ အဖမ်းအဆီးက တော်တော်ကြမ်းနေတာ။ ခြင်းလုံးဝိုင်းတွေလည်း ဝင်ဆွဲတယ် အဲ့လိုမျိုး တအား အဖမ်းအဆီးကတော့ ပိုကြမ်းတာပေါ့။ တပတ်အတွင်းမှာ (၃၀၊ ၄၀) လောက်ရှိတယ်။ သိတာတွေရော၊ မသိတာတွေလည်းရှိတယ်။ အဓိက, ကတော့ ရဲတွေလိုက်ဖမ်းတာ အိမ်စီးကားတွေနဲ့ လှည့်နေတာ ကား (၃၊ ၄) စီးလောက်နဲ့။ စုပေါင်းရုံးလို့ခေါ် တဲ့ အရှေ့ရဲစခန်းရုံးကို ပို့တယ်။ နောက် သူတို့ရဲ့စစ်တပ်စစ်ဆေးရုံ ကုတင် (၁၀၀) မှာ ဆေးစစ်ချက်တွေယူတယ်၊ မိသားစုဝင်ကနေ ပြန်ပြောပြတာက ဆေးကျအောင်လုပ်ပေးလို့ရတယ်၊ သိန်း (၂၀) ပေးရမယ်လို့ပြောတယ်။ ဒါတောင်မှ ဆေးစစ်ချက်ပဲရှိသေးတယ်။ ဆေးကျရင် ပြန်ရွေးရဖို့နဲ့ တခြားဟာတွေနဲ့ဆိုရင် ဆယ်ယောက်မှာ တစ်ယောက်လောက်တောင် ပြန်ရွေးရဖို့က မလွယ်ဘူး။ တချို့ဆိုရင် လေယာဉ်အခေါက်နဲ့ကြုံရင် တခါတည်းတန်းပို့ပစ်တာ၊ စစ်ကိုင်းတို့၊ တခြားမြို့တွေကို ပို့ပစ်တာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကားများဖြင့် ကလေးမြို့ရပ်ကွက်တွေထဲ လှည့်လည်ပြီး ကားဂိတ်၊ အလုပ်ရုံ၊ အရက်ဆိုင်၊ စားသောက်ဆိုင်များအထိ ဝင်ရောက်ဖမ်းဆီးမှုရှိသည်ဟု သိရသည်။

မေလကုန်ပိုင်းကလည်း တာဟန်းရပ်ကွက်တွင် နေထိုင်သူ လူလတ်ပိုင်းအမျိုးသားတဦးသည် အလုပ်ပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း ဖမ်းဆီးခံရသူ၏ မိခင်က ပြောသည်။

“ကျမသားက အရမ်းအားကိုးရတဲ့သူဖြစ်တယ်။ ပြီးခဲ့တဲ့လက သူအလုပ်သွားတယ် အပြန်လမ်းမှာ ဖမ်းဆီးခံရတယ်။ ကြားတာနဲ့ အသိတွေနဲ့ ချိတ်ဆက်ပြီး ငွေနဲ့လိုက်တယ်။ အဲ့မှာ (သိန်း ၃၀ ကျပ်) ပေးရတယ် လွတ်ပေးမယ်လို့ပြောတယ်။ နောက်ပိုင်းလည်း ထပ်တောင်းတာရှိတယ် တကယ်တမ်း ငွေနဲ့ အများကြီးလိုက်ပေမယ့် သူတို့က လွတ်မယ်လို့ပြောပေမယ့် မလွတ်ပေးပါဘူး၊ လေယာဉ်လာတာနဲ့ သူ့ကို ရှမ်းပြည်ဖက်ကို ပို့လိုက်ပြီ နောက်မှပဲ ကျမ သိရတယ်” ဟု ၎င်းကပြောသည်။

ဇွန်လဆန်းပိုင်းကလည်း ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ညီဖြစ်သူ ဖမ်းဆီးခံခဲ့ရပြီး ပိုက်ဆံဖြင့် ပြည်လည်ရွေးယူရန် ခက်ခဲသည့်အတွက် လူအစားထိုးပေးမှသာလျှင် ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း ကြားသိရသည်။

ယခုလက်ရှိ ကလေးမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီက မကြာခဏ လက်နက်ကြီးပစ်ခတ်မှုရှိနေပြီး၊ ယခင်ကထက်လည်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.