Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မှ လူမှုကူညီရေးအသင်း ၇ သင်းက ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီရန်သွားရောက်

ကလေးမြို့မှ လူမှုကူညီရေးအသင်း ၇ သင်းက ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီရန်သွားရောက်

0
By Editor on March 31, 2025 Khonumthung

(004SS)

ကလေးမြို့ပေါ်က လူမှုကူညီရေးအသင်း ၇ သင်းက ကားအစီးရေ ၅ စီးဖြင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ ကူညီရန် စစ်ကိုင်းနှင့် မန္တလေးမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့မတ်လ ၃၀ ရက်နေ့က ကလေးမြို့မှ စတင်ထွက်ခွာခဲ့ကြပြီး ယနေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းနှင့် မန္တလေးသို့ ရောက်‌ရှိနေကြပြီဟု လိုက်ပါသွားတဲ့ ကလေးမြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ကလေးမြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များသည် စစ်ကိုင်းနှင့် မန္တလေးမြို့သို့ ရောက်ရှိကြပြီဖြစ်ကာ ကယ်ဆယ် ရေးအစီအစဉ်နှင့် ပါတ်သက်၍ ‌မြို့ခံများနှင့် ဆွေးနွေးတိုင်ပင်ကြဆဲဖြစ်ကာ ကယ်ဆယ်ရေးအစီအစဉ် ကြန့်ကြာမည့်အခြေအနေရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ဒီနေ့ ညနေပိုင်းမှ ရောက်တာဆိုတော့ အခုမှ စီစဉ်နေကြဆဲပါ။ အခု မန်းလေးမှာ မြို့ခံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ လုပ်နေပါတယ်ဗျ။ အဆောက်အဦး ပြိုကျပြီး မြုပ်သွားတဲ့ အထဲက အလောင်းတွေဆို ယန္တရားတွေ ပါမှ အဆင်ပြေမှာ ဆိုတော့ ခန့်မှန်းလို့ မရဘူး။ ခက်ခဲမယ် ကြန့်ကြာမယ် ခင်ဗျ” ဟု ကလေးမြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းလုံးမှာ မတ်လ ၃၁ ရက်နေ့ညနေပိုင်အထိ သေဆုံးသူ ၂၀၅၆ ဦးရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၉၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၂၇၀ ကျော် ရှိနေပြီဟု စစ်ကောင်စီက သတင်းထုတ်ပြန် ထားသည်။

“အဓိက တိုက်ပြိုလို့ ကြားညှပ်တဲ့ လူနာတွေ၊ ‌မကောက်ယူနိုင်သေးတဲ့ အလောင်းတွေ သယ်ဖို့ ကားမလုံလောက်ဘူး၊ ဒါကြောင့် အဲဒါတွေကို ကူညီဖို့ သွားရတာဖြစ်တယ် သူတို့ကို လူနာပိုင်ရှင်၊ အလောင်းပိုင်ရှင်တွေဆီ ပို့ပေးရမှာ ဖြစ်တယ်” ဟု Zomi Youth Association Myanmar ဒု ဥက္ကဌ ကိုကမ်းဆွမ်းမုန်ကပြောသည်။

ငလျင်ဘေးသင့်ပြည်သူများ ကူညီရန်သွားသည့် လူမှုကူညီရေးအသင်းများမှာ ကာယကံမေတ္တာလူမှုကူညီရေးအသင်း ပုညကုသလလူမှုကူညီရေးအသင်း၊ မွှန်ထာလူမှုရေးအသင်း၊ ကြို့သုံးပင်လူငယ်လူမှုကူညီရေးအသင်း၊ တာဟန်းဇိုမီးလူငယ် ပရဟိတအသင်း၊ ဇိုမီးလူငယ်အသင်း (ဌာနချုပ်)၊ မေတ္တာစည် အသင်းတို့ဖြစ်ကြပြီး ကလေးမြို့ လူမှုကူညီရေးအသင်းများ အဖွဲ့ ဥက္ကဌ အပါအဝင် စေတနာ့ဝန်ထမ်းများ၊ ကူညီဆောင်ရွက်လိုသူများစုစုပေါင်း ၂၆ ယောက် လိုက်ပါသွားကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.