Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

0
By Editor on March 23, 2023 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရန်ကုန်၊ မန္တလေးသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြှင့်တက်လာသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ခရီးသည်တစ်ဦးပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်လတွင် ကလေးမြို့ – ရန်ကုန် ခရီးစဥ် လေယာဉ်လက်မှတ်တစ်စောင်တွင် ကျပ် ၂၃၀၀၀၀ ရှိခဲ့သော်လည်း ဖေဖော်ရီလဆန်းမှစတင်ပြီး လက်မှတ်တစ်စောင်တွင် ၂၇၀၀၀၀ ကျပ်အထိ မြှင့်တက်သွားခြင်းဖြစ်သည်ဟု ကလေးမှ ရန်ကုန်သို့ သမီးဖြစ်သူရဲ့ မဂ်လာဆောင်သွားရောက်ရန် လေယာဉ်လက်မှတ်ဖြတ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။

“အခုချိန်က မလွဘ်ဘူး ကျွန်တော်တိုဆို ကလေးကနေ ရန်ကုန်ကို လူ ၅သွားဖို့ရှိတာ မြေပြင်ကနေလဲ သိပ်မသွားရဲဘူး လေယာဉ်လက်မှတ်ကလဲ အသွား ၂၇၀၀၀၀ ဖြစ်နေတော့ ကျွန်တော်တို့ ၅ ယောက်အတွက်ဆို အများကြီးပေါ့နော် ဆိုတော့ ကျွန်တော်တို့ အခုစိုးရိမ်ပေမဲ့လဲ အသွားကို အဝေးပြေးကားနဲ့ပဲသွားမယ် အပြန်ကိုတော့ လေယာဉ် လက်မှတ်ဖြတ်ထားတယ်” ဟု ပြောသည်။

ယင်း လေယာဉ်လက်မှတ်ဈေးနှုန်းမြှင့်တက်ရခြင်း အကြောင်းရင်းကိုမူ အတိအကျ မသိနိုင်သော်လည်း ပြည်တွင်း/ပြည်ပ ခရီးသွားများပြားလာပြီး လက်မှတ်အပြောင်း အလဲများခြင်းကြောင့်ဖြစ်နိုင်သည်ဟု ၁၀ နှစ်ကျော်ကြာ လေယာဉ်လက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခရီးသည်တအားများလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကားလမ်းကိုဘယ်သူမှ မသွားရဲကြတော့ဘူးလေ၊ ပြီးရင် အခုက နိုင်ငံခြားသွားဖို့ သံရုံးဝင်တဲ့သူတွေကလဲ အရမ်းများတယ်လေ အဖွဲ့လိုက်အဖွဲ့လိုက်နဲ့ဆိုတော့ သူတို့ အတူသွားချင်တာနဲ့ ဘယ်လောက်ပဲကုန်ကုန် namechange လေးလုပ်ပေးလိုက်ပါဆိုတော့ ကျွန်မတို့က တင်ပေးလိုက်ရော namechange နဲ့ဆို ပိုက်ဆံထပ်ပေးရတာကို အခုချိန်မှာ အဓိက အဲတာများတယ်နော်။” က ၁၀ နှစ်ကျော်ကြာ လေယာဉ်လက်မှတ်ရောင်းနေသူ အမျိုးသမီးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းခရီးသည်များအနေဖြင့် ခရီးသွားရာမှာ မြေပြင်စစ်ဆေးမူ၊ တိုက်ပွဲရှိနေမူတို့ကြောင့် လမ်းခရီးတွင် ကျန့်ကြာမှုများ ရှိလာခြင်းဖြင့် ခရီးသည်များ လိုင်းကားများအသုံးပြုလာရာမှ လေကြောင်းလိုင်းကို ပိုမိုအသုံးပြုလာကြခြင်း ဖြစ်သည်။

လက်ရှိ ကလေးမြို့မှ ရန်ကုန်၊ မန္တလေးသို့ ခရီးသွားပြည်သူ ပိုမိုများလာခြင်းကြောင့် ထပ်တိုးလေယာဉ်များတင်ပေးရန် ပြန်လည်တောင်းခံရသည့်အထိ လေယာဉ်လက်မှတ်များ အလုအယက်ဝယ်နေကြကြောင်းလည်း သိရသည်။

“ကလေးမှ ရန်ကုန်ဆိုရင် နောက်လ ၈ ရက်နေ့ထိစာ လက်မှတ်ပြည့်ပြီ။ ကလေးမှ မန္တလေးဆိုရင် နောက်လ ၂၅ ရက်နေ့မှ ရတယ်လေ။ သွားချင်တဲ့သူတော်တော်များတော့ ကျွန်မ ခရီးသည်တွေ အရမ်းများတယ် ကလေးမြို့က ထပ်တိုးလေယာဉ်ရနိုင်မလားပေါ့ ရုံးကို ထပ်တိုးတင်ပြတယ် အဲလိုဆိုရင် သူတို့ ပြန်ချပေးတာတွေလဲရှိတယ်” လို့ ကလေးမြို့လေယာဉ်ရောင်းပေးနေသူတစ်ဦးက ပြောသည်။

ကလေးမြို့လေဆိပ်မှ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ၊ အဲကမောဇ (Air KBZ) လေကြောင်းလိုင်းတို့သည် ရန်ကုန်၊ မန္တလေးသို့ နေ့စဉ် တစ်ရက်လျှင် ၁ ကြိမ်မှ ၅ ကြိမ်အထိ ပြေးဆွဲနေသည်ဟု သိရပြီး အများအားဖြင့် ကလေး-ကဘော် တမူး၊ ကလေးဝနဲ့ ချင်းပြည်နယ်မြောက်ပိုင်းမှ ခရီးသွားပြည်သူများ အသုံးပြုကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.