Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

0
By Editor on March 23, 2023 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရန်ကုန်၊ မန္တလေးသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြှင့်တက်လာသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ခရီးသည်တစ်ဦးပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်လတွင် ကလေးမြို့ – ရန်ကုန် ခရီးစဥ် လေယာဉ်လက်မှတ်တစ်စောင်တွင် ကျပ် ၂၃၀၀၀၀ ရှိခဲ့သော်လည်း ဖေဖော်ရီလဆန်းမှစတင်ပြီး လက်မှတ်တစ်စောင်တွင် ၂၇၀၀၀၀ ကျပ်အထိ မြှင့်တက်သွားခြင်းဖြစ်သည်ဟု ကလေးမှ ရန်ကုန်သို့ သမီးဖြစ်သူရဲ့ မဂ်လာဆောင်သွားရောက်ရန် လေယာဉ်လက်မှတ်ဖြတ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။

“အခုချိန်က မလွဘ်ဘူး ကျွန်တော်တိုဆို ကလေးကနေ ရန်ကုန်ကို လူ ၅သွားဖို့ရှိတာ မြေပြင်ကနေလဲ သိပ်မသွားရဲဘူး လေယာဉ်လက်မှတ်ကလဲ အသွား ၂၇၀၀၀၀ ဖြစ်နေတော့ ကျွန်တော်တို့ ၅ ယောက်အတွက်ဆို အများကြီးပေါ့နော် ဆိုတော့ ကျွန်တော်တို့ အခုစိုးရိမ်ပေမဲ့လဲ အသွားကို အဝေးပြေးကားနဲ့ပဲသွားမယ် အပြန်ကိုတော့ လေယာဉ် လက်မှတ်ဖြတ်ထားတယ်” ဟု ပြောသည်။

ယင်း လေယာဉ်လက်မှတ်ဈေးနှုန်းမြှင့်တက်ရခြင်း အကြောင်းရင်းကိုမူ အတိအကျ မသိနိုင်သော်လည်း ပြည်တွင်း/ပြည်ပ ခရီးသွားများပြားလာပြီး လက်မှတ်အပြောင်း အလဲများခြင်းကြောင့်ဖြစ်နိုင်သည်ဟု ၁၀ နှစ်ကျော်ကြာ လေယာဉ်လက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခရီးသည်တအားများလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကားလမ်းကိုဘယ်သူမှ မသွားရဲကြတော့ဘူးလေ၊ ပြီးရင် အခုက နိုင်ငံခြားသွားဖို့ သံရုံးဝင်တဲ့သူတွေကလဲ အရမ်းများတယ်လေ အဖွဲ့လိုက်အဖွဲ့လိုက်နဲ့ဆိုတော့ သူတို့ အတူသွားချင်တာနဲ့ ဘယ်လောက်ပဲကုန်ကုန် namechange လေးလုပ်ပေးလိုက်ပါဆိုတော့ ကျွန်မတို့က တင်ပေးလိုက်ရော namechange နဲ့ဆို ပိုက်ဆံထပ်ပေးရတာကို အခုချိန်မှာ အဓိက အဲတာများတယ်နော်။” က ၁၀ နှစ်ကျော်ကြာ လေယာဉ်လက်မှတ်ရောင်းနေသူ အမျိုးသမီးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းခရီးသည်များအနေဖြင့် ခရီးသွားရာမှာ မြေပြင်စစ်ဆေးမူ၊ တိုက်ပွဲရှိနေမူတို့ကြောင့် လမ်းခရီးတွင် ကျန့်ကြာမှုများ ရှိလာခြင်းဖြင့် ခရီးသည်များ လိုင်းကားများအသုံးပြုလာရာမှ လေကြောင်းလိုင်းကို ပိုမိုအသုံးပြုလာကြခြင်း ဖြစ်သည်။

လက်ရှိ ကလေးမြို့မှ ရန်ကုန်၊ မန္တလေးသို့ ခရီးသွားပြည်သူ ပိုမိုများလာခြင်းကြောင့် ထပ်တိုးလေယာဉ်များတင်ပေးရန် ပြန်လည်တောင်းခံရသည့်အထိ လေယာဉ်လက်မှတ်များ အလုအယက်ဝယ်နေကြကြောင်းလည်း သိရသည်။

“ကလေးမှ ရန်ကုန်ဆိုရင် နောက်လ ၈ ရက်နေ့ထိစာ လက်မှတ်ပြည့်ပြီ။ ကလေးမှ မန္တလေးဆိုရင် နောက်လ ၂၅ ရက်နေ့မှ ရတယ်လေ။ သွားချင်တဲ့သူတော်တော်များတော့ ကျွန်မ ခရီးသည်တွေ အရမ်းများတယ် ကလေးမြို့က ထပ်တိုးလေယာဉ်ရနိုင်မလားပေါ့ ရုံးကို ထပ်တိုးတင်ပြတယ် အဲလိုဆိုရင် သူတို့ ပြန်ချပေးတာတွေလဲရှိတယ်” လို့ ကလေးမြို့လေယာဉ်ရောင်းပေးနေသူတစ်ဦးက ပြောသည်။

ကလေးမြို့လေဆိပ်မှ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ၊ အဲကမောဇ (Air KBZ) လေကြောင်းလိုင်းတို့သည် ရန်ကုန်၊ မန္တလေးသို့ နေ့စဉ် တစ်ရက်လျှင် ၁ ကြိမ်မှ ၅ ကြိမ်အထိ ပြေးဆွဲနေသည်ဟု သိရပြီး အများအားဖြင့် ကလေး-ကဘော် တမူး၊ ကလေးဝနဲ့ ချင်းပြည်နယ်မြောက်ပိုင်းမှ ခရီးသွားပြည်သူများ အသုံးပြုကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.