(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ-KPSSC သည် ကလေးဒေသအတွင်းရှိ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် ရပ်ကျေးအဆင့် ဦးဆောင်သူများ၊ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံများနှင့်အတူ “လူထုတွေ့ဆုံပွဲ” တစ်ရပ်ကို မတ်လ ( ၂၃) နေ့က ကလေးဒေသ (ပြင်ပ) တစ်နေရာတွင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အရေးပေါ်ကာလ အုပ်ချုပ်ရေးဆိုင်ရာများ၊ လက်ရှိကာလအတွင်း ရင်ဆိုင်နေရသည့် အုပ်ချုပ် ရေးအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခြင်း၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် အပြောင်းအလဲများ ၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် ပတ်သက်သည့် အပြောင်းအလဲများကို အသေးစိတ် ချပြရှင်းလင်းခဲ့ကြ သည်ဟု သိရသည်။
ထို့အပြင် တက်ရောက်လာကြသည့် ရပ်ရွာအသီးသီးမှ တာဝန်ခံများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဤလူထုတွေ့ဆုံပွဲကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ပြည်သူ့အားကိုအခြေခံကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
