Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ဂန့်ဂေါကြား တိုက်ပွဲကြောင့် ကလေးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေ

ကလေး-ဂန့်ဂေါကြား တိုက်ပွဲကြောင့် ကလေးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေ

0
By Editor on February 18, 2025 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီကနေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး -ဂန့်ဂေါကြားက ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းထိခိုက်ပျက်စီးသွားပြီး ကလေး မြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၅ ရက် ရှိသွားပြီဟု သိရသည်။

ကလေးမြို့ခံတဦးက ” မီးပျက်တာကြာပြီလေ တောင်ပိုင်းရွာတွေကို ဗုံးကြဲတော့ တာဝါတိုင်ထိတာလား၊ မီးကြိုး တွေပျက်တာလား သူတို့မပြင်နိုင်ဘူးလေ၊ ပြင်လို့လည်းမရဘူး။ ဗုံးကြဲနေတာ၊ အမြောက်တွေထု စစ် တွေဖြစ် နေတာဆိုတော့ လေယာဉ်နဲ့ ဗုံးကြဲပြီးထိလို့ အဲ့လိုမျိုးပျက်သွားတာလို့ကြားတယ် အနည်းဆုံး ၄၊၅ ရက်ရှိ ပြီ။ ကလေးမြို့ပဲမဟုတ်ဘူး၊ ကလေးဝလည်းမရဘူး” ဟု ပြောသည်။

ကလေးတောင်ပိုင်းဒေသ ကလေး-ဂန့်ဂေါကြားကားလမ်းမပေါ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီ၊ ပျူစောထီး နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး-ဂန့်ဂေါကြားရှိ ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းသည် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က စတင်ပြတ်တောက်သွားပြီး လျှပ်စစ်မီးပြန်လည်ရရှိနိုင်မည့်အခြေအနေမှာမသေချာကြောင်း ကလေးမြို့ လျှပ်စစ်ရုံးတာဝန်ရှိသူက ၎င်း၏ လူမူကွန်ရက်တွင် အသိပေး ဖော်ပြထားသည်။

“၆၆ ကေဗွီ Line Fault က ကလေး-ဂန့်ဂေါကြားဖြစ်နေတာပါ၊ ဖြစ်တဲ့နေရာအတိကျတောင် သေချာမသိရသေးပါဘူး၊ ဖြစ်တဲ့နေရာသေချာသိမှ ပြင်ဆင်မှုအပိုင်းက လုပ်ရာမှာပါ ရှေ့ဆက်ကြာဦးမယ့်သဘောပါပဲ” ဟု လျှပ်စစ်ရုံးတာရှိက လူမှုကွန်ယက်တွင်အသိပေးထားသည်။

ယခု ၂၀၂၅ နှစ်သစ်မှစတင်ကာ ကလေးမြို့ပေါ်တွင် လျှပ်စစ်မီးကို ပုံမှန်အားဖြင့် ည (၈) နာရီမှ မနက်ပိုင်း (၅) နာရီ အချိန်အတွင်းသာ ဖြန့်ဝေလေ့ရှိသည်ဟု သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီသည် ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ လေကြောင်းဗုံးကြဲတိုက်ခိုက် နေသောကြောင့် အရပ်သားပြည်သူသေဆုံးမှုများ၊ နေအိမ်ထိခိုက်ပျက်စီးမှုများကြုံတွေ့ရနေရသည့်အပြင် အနည်းဆုံး ကျေးရွာ ၁၀ ရွာက လူဦးရေတစ်သောင်းကျော် စစ်ဘေးရှောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.