Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ရန်ကုန် လေယာဉ်လက်မှတ်စျေးနှုန်း ထပ်တက်
ပုံစာ - ကလေးမြို့လေဆိပ်

ကလေး-ရန်ကုန် လေယာဉ်လက်မှတ်စျေးနှုန်း ထပ်တက်

0
By Editor on January 30, 2024 Headline

(004SS)

စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းသည့် လေယာဉ်စီးနှင်းခစေ◌ျးနှုန်း ကျပ် ၁၅၀၀၀ အထိ ထပ်မံမြင့်တက် သွားရာ ကျပ်ငွေ ၃ သိန်း ၆ သောင်းကျော်အထိ ဖြစ်လာပြီဟု လေယာဉ်လက်မှတ်အရောင်းဌာနထံမှ သိရသည်။

ကလေး-ရန်ကုန် လေယာဉ်လက်မှတ်စေ◌ျးနှုန်းမှာ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ယခင်က လေယာဉ်စီးနှင်းခ တစ်ဦးမှာ ကျပ် ၃၅၀,၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၃၆၅,၀၀၀ ဖြစ်သွားပြီဟု ကလေးမြို့က လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

“ဈေးတော့ ထပ်တက်သွားပြီ၊ ဘာကြောင့်တက်တယ်ဆိုတာတော့ မသိရဘူးပေါ့နော်၊ ရုံးဘက်က ချပေးတဲ့ဈေးနဲ့ပဲ ရောင်းနေရတာဆိုတော့ ကိုယ်က ဈေးလျှော့ပေးပါပြောလို့လည်း မရဘူး၊ တစ်ချို့ အပြင်က cancel လုပ်တဲ့ဟာတွေဆို ၄၀၀,၀၀၀ ၊ ၄၅၀,၀၀၀ နဲ့ ပြန်ဝယ်နေရတဲ့သူတွေ‌ေတာင်ရှိတယ်” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ ကလေးမြို့လေဆိပ်မှ အပါတ်တိုင်း တနလ်ာ၊ အဂါ၊ ဗုဒ္ဒဟူး နှင့် ကြာသပတေးနေ့များတွင်၊ တစ်ရက်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ မြန်မာ့လေကြောင်းလိုင်း MNA တစ်ခုတည်းသာ ပျံသန်းနေကြောင်း သိရသည်။

ယခုကဲ့သို့ လေယာဉ်လက်မှတ်ဈေးမြှင့်တက်နေသော်လည်း ကုန်းလမ်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် လေယာဉ်စီးသူ များပြားနေဆဲဖြစ်ကြောင်းသိရသည်။

တချိန်တည်းမှာပဲ ကလေးမြို့မှ ရန်ကုန်သို့ ကုန်းလမ်းဖြင့်လည်း အချို့ ကားဂိတ်များပြေးဆွဲလျက်ရှိ‌ေန‌ေကြာင်း သိရသည်။

ယခုတွင်မူ မဟာမြိုင်လမ်းမကြီးအား အသုံးပြုကာ ကလေးမြို့မှ ပြည်မဘက်သွားရာတွင် မော်တော်ယဉ်စီးခ တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲပေးဆောင်ကြရသည်ဟု သိရသည်။

ယခင်က ကလေးမြို့မှ ပြည်မဘက်သွားရာ အဝေးပြေးလမ်းမကြီးများမှာ မိုးတွင်းကာလ လမ်းပျက်စီးခြင်း၊ တိုက်ပွဲများဖြစ်ပွားမှုကြောင့် သွားလာ၍မရခဲ့ဘဲ ကလေး – ဟားခါးမှတစ်ဆင့် ‌ပြည်မသို့ ကွေ့ပါတ်သွားရခြင်းကြောင့် မော်တော်ယဉ်စီးနှင်းခ တစ်ဦးလျင် ကျပ် ၂၀၀,၀၀၀ ကျော်ပေးဆောင်ခဲ့ကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.