Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-လက်ပံချောင်းလမ်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဉီးသေဆုံး 

ကလေး-လက်ပံချောင်းလမ်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဉီးသေဆုံး 

0
By Editor on August 10, 2023 Headline

(05MK)

ကလေးမြို့မြောက်ဘက် ကလေး-လက်ပံချောင်းကားလမ်းမပေါ် တွင် ယနေ့မွန်းလွဲပိုင်း ၁ နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲကာ အရပ်သားတစ်ဉီး သေဆုံးခဲ့သည်ဟု သိရသည်။ 

ကလေး-လက်ပံချောင်း ကားလမ်းမပေါ်တွင်တည်ရှိသော ညောင်တော (Tlangzawl) ကျေးရွာ သချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဉီး ထိခိုက်ဒဏ်ရာရရှိကာ ဒိုး၀◌ိုင်းချောင်းကျေးရွာသား အသက် ၁၈ နှစ်အရွယ် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်း Zofa Journal ကဖော်ြပသည်။ 

၎င်းတို့သည် ပျဉ်းတောဉီးကျေးရွာသို့ နွားသွားယူပြီး ပြန်လာသည့်အချိန် ညောင်တောကျေးရွာ သချိုင်းကုန်းအနီး လမ်းဘေး တွင်ထောင်ထားသော မိုင်းကို နွားက နင်းမိ၍ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။ 

ဒဏ်ရာရရှိသူ ၃ ဉီးအနက် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဉီးမှာလည်း ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

မိုင်းနင်းမိသည့် နွားမှာလည်း သေလုနီးပါးဒဏ်ရာရရှိသည့်အတွက် သတ်လိုက်ကြသည်ဟု သိရသည်။

ကလေး-လက်ပံချောင်းကားလမ်းသည် ကလေးမြို့မြောက်ပိုင်းဒေသနှင့် ဆက်သွယ်ရာတွင် အဓိကအသုံးပြုသော ကားလမ်းမကြီးဖြစ်သည်။

ယခုပေါက်ကွဲသည့်မိုင်းမှာ မည်သည့်တပ်ဖွဲ့များမှ ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.