Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-လက်ပံချောင်းလမ်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဉီးသေဆုံး 

ကလေး-လက်ပံချောင်းလမ်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဉီးသေဆုံး 

0
By Editor on August 10, 2023 Headline

(05MK)

ကလေးမြို့မြောက်ဘက် ကလေး-လက်ပံချောင်းကားလမ်းမပေါ် တွင် ယနေ့မွန်းလွဲပိုင်း ၁ နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲကာ အရပ်သားတစ်ဉီး သေဆုံးခဲ့သည်ဟု သိရသည်။ 

ကလေး-လက်ပံချောင်း ကားလမ်းမပေါ်တွင်တည်ရှိသော ညောင်တော (Tlangzawl) ကျေးရွာ သချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဉီး ထိခိုက်ဒဏ်ရာရရှိကာ ဒိုး၀◌ိုင်းချောင်းကျေးရွာသား အသက် ၁၈ နှစ်အရွယ် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်း Zofa Journal ကဖော်ြပသည်။ 

၎င်းတို့သည် ပျဉ်းတောဉီးကျေးရွာသို့ နွားသွားယူပြီး ပြန်လာသည့်အချိန် ညောင်တောကျေးရွာ သချိုင်းကုန်းအနီး လမ်းဘေး တွင်ထောင်ထားသော မိုင်းကို နွားက နင်းမိ၍ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။ 

ဒဏ်ရာရရှိသူ ၃ ဉီးအနက် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဉီးမှာလည်း ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

မိုင်းနင်းမိသည့် နွားမှာလည်း သေလုနီးပါးဒဏ်ရာရရှိသည့်အတွက် သတ်လိုက်ကြသည်ဟု သိရသည်။

ကလေး-လက်ပံချောင်းကားလမ်းသည် ကလေးမြို့မြောက်ပိုင်းဒေသနှင့် ဆက်သွယ်ရာတွင် အဓိကအသုံးပြုသော ကားလမ်းမကြီးဖြစ်သည်။

ယခုပေါက်ကွဲသည့်မိုင်းမှာ မည်သည့်တပ်ဖွဲ့များမှ ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ချင်း၊ ရခိုင်၊ မကွေး တော်လှန်ရေးအင်အားစုများ ပူးပေါင်းခုခံတွန်းလှန်နေ

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.